စားသင့်တာတွေစားရမယ်

vegetables_29063_640.png
link

အစားအစာကိုတော့ နေ့တိုင်းစားနေတာပါဘဲ ရွေးချယ်စားသုံးခွင့်ရှိသူတွေလည်းရှိသလို ရွေးချယ်ခွင့်မရဘဲ အစားအစာကို စားနေရသူတွေလည်း ရှိပါတယ် ရွေးချယ်ခွင့်ရတဲ့အခါမှာတော့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့်အစားအစာကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်နော် အစားအစာက သက်ရှင်ကျန်းမာရေးအတွက် အဓိက နေရာကပါဝင်လို့နေတာပါ အစားအအစာတွေက စားပြီးရင် အစာကြေမှ ခွန်အားကိုဖြစ်စေတာပါ
အစာကြေအောင် အစာချက်လွယ်တာလေးတွေ ကျန်းမာရေးကို အထောက်အကူပြုတာလေးတွေကို‌ကြည့်ကြရအောင်ပါ
မုန်လာဉတွေက ကယ်လိုရီပါဝင်မှုနည်းပါးတယ် အဲ့ဒီအထဲမှာမှ မုန်လာဉ အမျိုးအစားတစ်ခုဖြစ်တဲ့ သကြားမုန်လာဆိုတာက ကျမ်းမာရေးကို အများကြီးအထောက်အကူဖြစ်စေပါတယ် သကြားမုန်လာမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်
မုန်လာဉနီကတော့ တကယ့်ကိုကောင်းမွန်တဲ့ အစားအစာပါ သူက ဗီတာမင်အေဓါတ် ရာနှုန်းပြည့် ပါဝင်နေတာပါ ဟင်းချက်တဲ့နေရာမှာဖြစ်စေ တို့စရာနဲ့ ဖြစ်စေ ဖျော်ရည်လုပ်သောက်တာဖြစ်စေ သုံးဆောင်နိုင်ပါတယ် မုန်လာဉနီက အသားအရေအတွက် အထူးကောင်းမွန်သလို ဝိတ်မတက်ချင်သူ ဝိတ်ချချင်သူများအတွက်လည်း ကောင်းမွန်ပါတယ်
နောက်တစ်မျိုးကတော့ အစီမ်းရောင်ရှိတဲ့ သခွားသီးပေါ့ သခွားသီးက ရေဓါတ်ပေါကြွယ်ဝပါတယ် ပူပြင်းတဲ့ ရာသီမှာ စားသုံးပေးသင့်ပါတယ် ကယ်လိုရီပါဝင်မှုကလည်း တစ်ဝက်လောက်သာရှိပါတယ် အသားအရေကိုလည်း စိုပြေစေပါတယ်
ကယ်လိုရီနည်းတဲ့ နောက်အစားအစာတစ်ခုကတော့ ဆလပ်ရွက်ပါ ဆလပ်ရွက်ကလည်း ကျန်းမာရေးကို အများကြီးအထောက်အကူဖြစ်စေပါတယ်
ဒီနေ့တော့ အသီးအရွက်တွေချည့်ဘဲ စားလိုက်တော့တယ် ဝိတ်တက်လာမှာ စိတ်ပူနေလို့ အစားလျော့စားတာထက် အသီးအရွက်တွေကို ရွေးချယ်စားနေပါတယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center