ဆက်လက်ကြိုးစားနေခဲ့တာပါ

Words
63
Reading
1 min
Listen
Play
5y

အဘယ်ကနေ စရေးရမည်မသိ ရယ်စရာကောင်းပုံတွေကို အားရပါးရ သရော်နိုင်ရန်မှာ အတိတ်တွေကို အစပြန်သွားရလိမ့်မည် ကလေးဘဝကိုပြန်သွားရရင် ပတ်ဝန်းကျင် အခြေအနေတွေက ဖြစ်စဉ်တွေကို အများကြီး ပြုပြင်ဖန်တီး ခဲ့တာပါဘဲ မွေးဖွားစဉ်အချိန်တွေတည်းက ကံကောင်းခြင်းတွေနဲ့ အတူ ရှင်သန်လာခဲ့ရတာမှမဟုတ်တဘဲ
အဆင်ပြေအောင် လုပ်ဆောင်နိုင်လာခဲ့တဲ့ သက်တမး်တစ်လျှောက် အားလုံးက အစီစဉ်တကျတော့မဟုတ်ပါ ကံကောင်းလို့ အသက်မသေခဲ့တဲ့ နေ့စွဲတွေက စိတ်မှာဒဏ်ရာဖြစ်စေခဲ့တယ်
တစ်ချိန်မှာ ပြီးဆုံးသွားမယ်ထင်တဲ့ ဘဝခါးခါးနေ့တွေက တစ်ရက်ပြီးတစ်ရက် တိုးလို့သာလာခဲ့ အသက်တွေကလည်း ကြီးလာခဲ့ပြီ
ရှင်သန်ခြင်းရဲ့ အစအလယ်အဆုံး သုံးခုလုံးမှာ မတရားမှုတွေက အချိန်နာရီ နေ့ရက်တိုင်း
ကြမ်းတမ်းတဲ့ ဘ၀လမ်းတစ်လျှောက် မေ့မရတဲ့ ဒဏ်ရာဒဏ်ချက်တွေက အသားမာတက်နေခဲ့ပြီ
မျှော်လင့်ချက်တွေကို ဖက်တွယ်ရင်းနဲ့ ဆက်လက်ကြိုးစားနေခဲ့တာပါ
မတရားမှု မှန်သမျှကို ခေါင်းငုံ့ခံရင်း အပြုံးမပျက် ကြိတ်လို့ အားတင်းနေဆဲပေါ့
အနာဂါတ်ကာလတစ်ခုမှာတော့ မင်းတို့ရဲ့ အထက်ကို ရောက်သွားမှာပါ အဲ့ဒီအချိန်ကျရင် မင်းတို့ယူထားတဲ့ အကြွေးတွေပြန်ပေးဆပ်ရလိမ့်မယ် မမေ့လိုက်ပါနဲ့leaves_1076307_640.jpg
link

ဆက်လက်ကြိုးစားနေခဲ့တာပါ | Ecency