ထိုင်းမှာ အနေကြသွားလို့ ထင်တယ်

ထိုင်းမှာ အနေကြသွားလို့ ထင်တယ်။ မြန်မာပြည်မှာ ဝတ်မှုန်ရွှေရည်ကို လှလွန်းလို့ ဘာညာနဲ့ စင်ပေါ်ရောက်နေဦး .. ဒီမှာက ဝတ်မှုန်ရွှေရည်လောက် သူ့ထက်လှတဲ့ မိန်းကလေးတွေခမျာ .. သာမာန်လူတွေနဲ့ ပိန်မသာ လိမ်မသာ .. Bus ကားတို့ BTS တို့တိုးစီးကြရတယ်။ အရမ်း Sexy ကျတဲ့ မိန်းကလေးတွေလည်း သာမာန် ကော်ဖီဆိုင်လေးတွေ၊ လမ်းဘေး ဖရဲသီးရောင်းတာ၊ ဖျော်ရည်ရောင်းရတာ လုပ်နေတာတွေ တွေ့တော့ ယနေ့ မြန်မာပြည်မှာ အဲဒီလို အမျိုးသမီးတယောက်မြင်ရင် အထူးအဆန်းတွေ ဖြစ်နေတောင် ဘယ်လိုမှ မဖြစ်ဖူး။ ဒီမှာ Motor Show တို့ဘာတို့မှာ မမြင်ချင်အဆုံး။ အခု မမြင်ဖူး မူးဖြစ်ထင်နေတဲ့သူတွေ သူတို့မြင်ရင် Show Room ထဲက ပြန်ချင်မှာ မဟုတ်လောက်ဖူး။ ကျောင်းတုန်းက Queen ဘာညာတွေထက်တောင် ချောတဲ့ မိန်းကလေးတွေလည်း ညဈေးတန်းမှာ ဖိနပ်တို့ ညဝတ်အကျီ င်္တို့ ဗျံကျဈေးသည်အဖြစ် ဖျာခင်း ထိုင်ရောင်းနေတာတွေ့တော့ တခါတလေ ရုပ်နဲ့ အလုပ်နဲ့ မလိုက်ဖူးဆိုပြီး သနားမိသေးတယ်။ စနေတာ မဟုတ်ဖူး .. တကယ်ပြောတာ။

image
.
ဒီမှာလာ ကျောင်းတက်နေတဲ့ အလုပ်လုပ်နေတဲ့ တိုင်းရင်းသူလေးတွေတောင် အတော်လေးကို လန်ထွက်နေတယ်။ တခါတလေ ညီမတို့ မြန်မာပြည်ပြန်ပြီး မင်းသမီး မော်ဒယ်သွားလုပ်ပါလား ဆိုပြီး မြှောက်ပေးမိသေးတယ်။ စနေတာ မဟုတ်ဖူး .. တကယ်ပြောတာ။ ဟိုးနှစ်ကတောင် ဒီမှာ စားပွဲထိုးနေတဲ့ ရှမ်းတိုင်းရင်းသူလေး ချောလွန်းလို့ဆိုပြီး ဓါတ်ပုံမော်ဒယ်ဖြစ်သွားတာ သာဓကပဲ မဟုတ်လား။
.
မနက်ကတော့ ကိုသာခင်က ကျုပ်ကို လူအများနဲ့ဆန့်ကျင်နေတဲ့အဖြစ်လိုလိုအဖြစ်မို့ ..စိတ်ရောဂါတခုခုဖြစ်နေသလိုလို ဆင်ခြင်ဖို့ message လေးလာပို့ရှာပါတယ်။ သူ့လည်း ကျေးဇူးတင်ပါတယ်။
.
သို့ပေမယ့် .. ဘယ်သူမှ ခံစားလို့မရတဲ့အဖြစ်ပေမယ့် ဘဝမှာ ကိုယ့်ကို ပျော်အောင်လုပ်ပေးတဲ့ တည်ငြိမ်သူလေးဆူး တို့လို အမျိုးသမီးပဲ သဘောကျတယ်။ Sexy ဆိုတာ ခဏတာပါပဲ။ ပျော်ရွှင်မှုကတော့ ဘဝတခုလုံးအတွက်ပါ။ တချို့က တည်ငြိမ်သူလေးဆူး ဆို ဟားတိုက်ကြတယ်။ သူက တကယ်တန်း ငိုအောင်လုပ်နေတာမှ မဟုတ်တာ။ သူ့ကြည့်ပြီး ရယ်ရလို့ ပျော်အောင် ရယ်အောင် လုပ်ပေးနေတာ မဟုတ်လား။ အခုဆို Sexy အမျိုးသမီးအတွက် လင်မယားချင်းထဖိုက်တာ ရည်းစားချင်း ကွဲမတတ်ဖြစ်တာ ဖြစ်နေရော။
.
ကျုပ်တို့ နိုင်ငံက တခုခုဆို အိနြေ္ဒမရဘူး။ မထက်တုန်းကလည်း မထက်မို့။ ထိုင်းမှာ မထက်လို မထက်ထက် လန်ထွက်နေတဲ့ ကိုမာမီတွေက ရိုက်သတ်လို့တောင် မကုန်ဘူး။ တော်ရုံ Mall လောက်မှာ မိတ်ကပ်ပြင်နေတဲ့ ကိုမာမီတွေက ယောက်ျားလား မိန်းမလားတောင် အရပ်ကြည့်ခွဲရတယ်။
.
ကျုပ်တို့ နိုင်ငံက နိုင်ငံတကာမှာ ဘာမှ အရည်အချင်းရ ပြိုင်စရာမရှိတော့ မဟုတ်တဲ့ ဟာတွေကို စံအဖြစ်ဖြစ်ကုန်ကြတယ်။ အိနြေ္ဒရရလေး နဲ့ တိုးတိုးလေး နေပေးကြပါ။ တော်ကြာ နောင်တက်လာတဲ့ ကလေးတွေ မဟုတ်တာတွေကို စံ အဖြစ်နဲ့ မှတ်ကုန်မှာ စိုးရိမ်လို့ပါ။
.
ငါဟာ တကယ်တန်းတော့ ရွာအပြင်ကလူပါ။ :(
.
I am just reporting ပါ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now