ONCE A BEAUTIFUL BAGAN SHOULD BE AND HOW MUCH IS THE WEEK

ပုဂံသည်​ ပထမမြန်​မာနိုင်​ငံ​တော်​ဖြစ်​ပြီး အ​နော်​ရထာမင်းကစတင်​တည်​​ထောင်​ခဲ့​လေသည်​။မြန်​မာလူမျိုးများသည်​ ပုဂံကိုအ​လေးထားကြည်​ ညိုကြပြီး ပုဂံရှိတန်​ခိုးကြီးဘုရားများကလည်း ထင်​ရှား​ကျော်​ကြားလှ​ပေသည်​။ကျောင်းစာသင်​​ကျောင်းများတွင်​လည်း ပုဂံရာဇဝင်​အ​ကြောင်း၊ပုဂံဘုရားအ​ကြောင်း၊ပုဂံမင်းဆက်​အ​ကြောင်း စသည်​တို့ကို ​​ကျောင်းသား​ကျောင်းသူများအား ပုဂံသ​မိုင်းကိုမ​မေ့ရ​လေ​အောင်​ သင်​ကြားဖို့ချကြ​လေသည်​။ ကဗျာဆရာများနှင့်​ပန်းချီဆရာများကလည်း ချီူးကြူး​ဖော်​ပြကဗျာစပ်​ရ​လောက်​အော​​င်​ လှပသင့်​တယ်​​ပေသည်​မှာအမှန်​ပင်​ဖြစ်​သည်​။ ကျ​နော်​သည်​လည်းပုဂံကိုငယ်​စဉ်​​ကျောင်း​နေကတည်းကပင်​ စိတ်​ဝင်​စား​နေသူဖြစ်​ပြီး ပုဂံ၏​ရှေးကြ​သောအ​ဆောက်​အအုံနှင့်​​စေတီပုထိုးများသည်​ အလွန်​သာယာလှပပြီး အလွန်​သပ္ပါယ်​လှပါသည်​။
ကျ​နော်​သည်​ ပုဂံကိုငယ်​စဉ်​ကသွားခြင်​ပါ​သော်​လည်း မိဘ၏စီးပွား​ရေးမ​ပြေလည်​တာကတစ်​​ကြောင်း​ကျောင်း​နေအရွယ်ဖြစ်​​နေတါကတစ်​​ကြောင်းမသွားဖြစ်​ခဲ့​ပေ။တာ​ပေမဲ့တစ်​​နေ့​နေ့တစ်​ချိန်​ချိန်​ကြရင်​ပုဂံကို​ရောက်​ရမည်​ဟု အားခဲထားရ​လေသည်​။သို့​သော်​ကျ​နော်​သည်​ကံမ​ကောင်း​ပေ။ဦးရီးနှင့်​အ​ဒေါ် တို့ပုဂံဘုရားဖူးသွားမည်​ဟုအိမ်​ကိုလာ​ပြောသည်​။ကျ​နော်​​ရည်​မှန်းချက်​ပြည့်​လာပြီးဟု စိတ်​ထဲတွင်​ကြိတ်​​ပျော်​​နေမိပြီး အ​မေ့ကို ဦးရီးနှင့်​အ​ဒေါ်တို့ဘုရားဖူးသွားတဲ့အခါလိုက်​သွားမည်​ဟု ပူဆာ​နေမိသည်​။ သို့​သော်​ကျ​နော်​သည်​ဆယ်​တန်းစ​မေးပွဲ ​ဖြေရမည့်​လနှင့်​နီး​နေပြီးဖြစ်​​သော​ကြောင့်​ အ​မေ့မ​ပေးလိုက်​ခဲ့​ပေ။အ​မေက"သား​လေးက စား​မေးပွဲကြီးနီး​နေပြီး​လေ၊ လိုက်​လို့ဘယ်​ဖြစ်​​တော့မလဲ၊ စာကိုသာကြိုး၊စာ​မေးပွဲ​ဖြေပြီးလို့​နောက်​နှစ်​ကြရင်​ သား​လေးသွားခြင်​လည်းသွား​ပေါ့၊ ခုကစား​မေးပွဲကိုပဲ အာရုံစိုက်​ပါသားရယ်​"ဟု​ပြော​လေသည်​။ခုချိန်​မှာအ​ရေးကြီးဆုံးက စာ​မေးပွဲဖစ်​​နေ​သော​ကြောင့်​ စိတ်​ဆိုးခြင်းမရှိဘဲ"ဟုတ်​ကဲ့အ​မေ၊သားစာ​မေးပွဲ​အောင်​မှ ပုဂံဘုရားဖူးသွား​တော့မယ်​"ဟုအ​မေ့ကို​ပြော​လေသည်​။စာ​မေးကြီပြီးသွာ​တော့ ကျ​နော်​တို့​ကျောင်း​တော်​ကြီးလည်းတိတ်​ဆိတ်​ငြိမ်​သက်​သွား​လေသည်​။အိမ်​အလုပ်​များဝိုင်းလုပ်​​နေရ​သော​ကြောင့်​ပုဂံဖုရားဖူးသွားဖို့​တောင်​​မေ့​ပျောက်​​ပျောက်​ရှိခဲ့​လေသည်​။တစ်​​နေ့​တွေဦးရီးနှင့်​အ​ဒေါ်တို့အိမ်​ကိုလာလည်​ကြ​လေသည်​။ကျ​နော်​လည်းဧည့်​ခံစရာရှိတာ​တွေကိုဧည့်​ခံရင်း"ဦးရီးနဲ့အ​ဒေါ်တို့ ပုဂံဘုရားဖူးသွားရတာ​ပျော်​လား"ဟု စတင်​​မေ​လေသည်​။ဦရီးနှင့်​​ဒေါ်က"​ပျော်​တာ​ပေါ့သားရယ်​၊ပုဂံဖုရားဖူးသွားတာ ​ပျော်​တာထက်​ကြည်​ ညိုစရာ​ကောင်းတဲ့ ​ရွှေစည်းခုံ၊ထီးလိုမင်းလို၊အာနန္ဒာစတဲ့တန်​ခိုးကြီးဘုရားများရှိ​ကြောင်း၊ပုဂံ၏နံနက်​ပိုင်းမြူရစ်​ဆိုင်းတဲ့အလှမာ ဘယ်​နိုင်​ငံမှာမှမ​တွေ့ဖူး​သော ၊အလွန်​သပ္ပါယ်​လှပ​သော၊ပန်းချီဆရာများနှင့်​ဓါတ်​ပုံဆရာများ၊ကမ္ဘာ့လှည့်​ခရီးသွားနိုင်​ငံခြားသားများပါမကျန်​အံ့သြခဲ့ရ​​ကြောင်း​၊​နေဝင်​ချိန်​အလှတရားမှာလည်းအရမ်းကိုသာယာလှ​ပကြာင်း"​ပြောပြ​လေသည်​။ပုဂံတွင်​လည်း ဂပ်​(gas)မီးပုံးပျံကြီးများနှင့်​အ​ပေါ်က​နေပုဂံ၏ မနက်​ခင်းရှု့ခင်းအလှကိုသာသာယာယာကြည့်​ရှု့နိုင်​​ကြောင်းအ​ဒေါ်က​ပြောပြ​လေသည်​။ကျ​နော်​သည်​ပုဂံကိုသွားခြင်​တဲ့စိတ်​များမှာလည်းတစ်​ဖွားဖွားနဲ့ ဖြစ်​​ပေါ်လျက်​​နေသည်​။ဦကြီးနှင့်​အ​ဒေါ်ပြန်​သွား​သောအခါ ကျ​နော်​ကအ​မေ့ကိုပုဂံသွားခြင်​​ကြောင်း​ပြော​လေသည်​။အ​မေ့ကစာ​မေးပွဲပြီးသွား​သော​ကြောင့်​ခွင့်​ပြု​ကြောင်း​ပြော​လေသည်​။
ထို့​ကြောင့်​ ကျ​နော်​သည်​သူငယ်​ချင်းများနှင့်​ပုဂံဘုရားဖူးသွားရန်​တိုင်​​ပင်​​ဆွေး​နွေးကြ​လေသည်​။သာယာလှပပြီးခမ်းနားထည်​ဝါတဲ့အ​ဆောက်​အအုံးနှင့်​​စေတီပုတိုးများနှင့်​မြူများရစ်​ဆိုင်း​နေ​သောပုဂံ၏သဘာဝအလှသည်​ ကျ​နော်​ကိုဆွဲ​ဆောင်​လျက်​ရှိ​နေ​ပေသည်​။ထို့​ကြောင့်​ကျ​နော်​သည်​ပုဂံကို​နွောရာသီတွင်​မဖြစ်​မ​နေ အ​ရောက်​သွားမည်​ဟုစိတ်​ထဲတွင်​ကြုံးဝါးထားလိုက်​​လေသည်​။
IMG_20171216_095222.JPG
HFS-12

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center