စာ​ပေသမား

blay(37)
Published in
#artzone
Words
139
Reading
1 min
8y
Listen to this post
~1 min

စာပေတက်ကြွမ်းသူက
စာမတက်သူကို
မင်းဘာသိလို့လဲ
ဘာတက်လို့လဲတဲ့
ကျငိ့ကျန်အားထုပ်သူကျ
မင်းကဘာအကျင့်ရှိလို့လဲတဲ့
တယောက်ကစာပေနဲ့စစ်လို့
အယူမှားအကျငိ့မှားတဲ့
တယောက်ကစာအသိနဲ့မဝေဖန်နဲ့
တကယ်မြင်လို့ပြောတာတဲ့
lineပေါ်အယူအစမတူ
အတွေ့အကြုံမတူ
ဆရာမတူလို့ညင်းနေကြတာ
များစွာတွေ့ပါ၏
ငါ့ဆရာမှန်တယ်ငါ့အကျင့်ကအစစ်
သူ့အယူအစအမှား
မိစ္စာဒိဋ္ဌိအယူလို့
အပြန်အလှန်ညင်းနေကြတာ
တရားတို့၏မူလပိုင်ရှင်ဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးပါ
ဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်ကပင်
ရှင်မဟာကဿဖ
ရှင်အနုရုဒ္ဓါ
ရှင်သာရိပုတ္တရာ
ရှင်မဟာမောဂ္ဂလန်စသည်စသည်
မထေရ်မြတ်တို့ရဲ့ရှုမှတ်ပုံကမဋ္ဌါန်းသည်ပင်
မတူကြပါယခုမျက်မှောက်ခေတ်ဆို
ဆိုဖွယ်မရှိပေ တခုသတိထားစရာက
မထေရ်မြတ်ကြီးတွေတပါးနဲ့တပါး
တရားဆွေးနွေးသောအခါ
ညင်းခုံခြင်းမရှိပဲတပါးအမြင်တပါးပြောလို့
ရိုသေစွာနာယူကြခြင်းပါ
လေ့လာစမ်းစစ်တယ်
တရားအစစ်ကိုလိုလားသော
သဒ္ဒါတရားနဲ့မိမိတို့လက်ကိုင်ထားတဲ့
အယူအစမဟုတိပေမဲ့
လေ့လာသုံးသပ်လို့
သာဓုခေါ်ကြပါတယ်
ခုများတော့lineပေါ်ဝယ်
တရားကိုလိုလားသောသဒ္ဒါထက်
မိမိအယူအစသည်သာအမှန်ဟု၍
ငြင်းခုနိနေကြတာကို
အင်မတန်စိတ်မကောင်းစွာ
တွေ့ရပါ၏ နှမျောလှပါ၏
တရားမျှသူဟာ
မိမိသိသောအသိသူတပါးသိပါစေဆိုသောမေတ္တာနဲ့
မျှသလိုနာယူသူကလဲ ပုဂိုလ်သညာခွါလို့
မူလတရားပိုင်ရှင်ဘုရားရှင်ရဲ့တရားတော်တွေဟူသော
သဒ္ဒါတရားဖြစ်နာယူသငိ့ပါတယ်
တရားကိုနှလုံးသွင်းနာယူ
မိမိခန္ဓာနဲ့စစ်လို့ သစ္စာသိမြင်က
မျှသူကော နာယူသူကော
အကျိုးတရားများစွာရှိလှပေ၏
ပုဂိုလ်ခင်မှတရားမင်စကားရှိကြသည်မို့
လယ်တီမှ သဲအင်းမှ မိုးကုတ်မှ စွန်းလွန်းမှဆိုတာထက်
မူလပိုင်ရှင်ဘုရားရှင်ကိုသာ
အာရုဏ်ပြူနာယူပါက
ဘုရားရှင်အာရုဏ်ပြုသမို့
ဗုဒ္ဓံ
တရားနာယူသည်မို့
ဓမ္မံ
တရားအပေါ်အာရုဏ်ပြုခန္ဓာစစ်လို့
သစ္စာသိမြင်သမို့
တဆင့်ပြန်လည်ဟောပြသော
သံဃာ့ဂုဏ်သိလို့
သံဃံ ဟု
သရဏဂုဏ်သုံးပါးတထိုင်ထဲတည်လို့
ဗုဒ္ဓဘာသာအစစ်တယောက်အဖြစ်
အကျိုးဖြစ်သလို
ကုသိုလ်များစွာဖြစ်ပေါ်စေပါ၏
တရားကိုရှာတာအေးငြိမ်းခြင်လို့ပါ
ကုသိုလ်ရှာကြတာပါ
မအေးပဲအပူတွေဒေါသတွေမဖြစ်ကြပါစေနဲ့
အကုသိုလ်အဖြစ်မခံပါနဲ့
ခုချိန်မှာသူသူငါငါသံသရာဆိုတဲ့ပင်လယ်ထဲမှာ
ကူးခပ်တုန်းပါလွတ်အောင်ကူးပါ
နင်မှန်တယ်ငါမှန်တယ်ငြင်းဖို့အချိန်မရှိပါ
ကမ်းပေါ်ရောက်ရင်မြင်သူက
သူအလိုလိုသိလို့ လက်ခံကာအတုယူပါလိမ့်မယ်

မင်းဟာကိုယ့်အတွက်တော့--

သေရင်အပါယူသွားလို့မရပေမယ့်၊
မင်းမရှိရင် သေတော့မည့်အတိုင်းပါပဲ။

အချစ်စစ်ကိုဝယ်ယူလို့မရပေမယ့်၊
မင်းမရှိရင်ဘယ်သူမှအနားမကပ်ချင်ကြဘူး။

မင်းရှိနေရင်လူအ ကလူတော်ဖြစ်သွားနိုင်ပေမယ့်၊
မင်းမရှိရင်လည်းလူတော်တွေကလူအဖြစ်
သွားကြရတယ်။

လူတိုင်းရဲ့မျက်ရည်ကိုသုတ်မပေးနိုင်ပေမယ့်၊
မင်းကြောင့်လူတချို့မျက်ရည်ကျခဲ့ရတယ်။
နွေးထွေးတဲ့မိသားစုဘဝကိုဖန်တီးမပေးနိုင
်ပေမယ့်မင်းကြောင့်လူတစ်ချို့မိသားစုနဲ့အဝေးကြီးထွက်သွားကြရတယ်။

မင်းကအရာအားလုံးဖန်ဆင်းမပေးနိုင်ပေမယ့်
မင်းကိုလူတချို့ကဖန်ဆင်းရှင်လိုသဘောထားနေ
ကြလေရဲ့းးးးးးးးးးးးးးး

မင်းမရှိ ရင်ဆွေမျိုးတွေ က မခေါ်ကြတော့ဘူး
မင်းရှိနေရင်တော့ ငါဟာလူတော့ထဲမှာ
ငါဟာ လူတော်ကြိးပေါ့--

တခါတရံ့ မင်းကြောင့် မိသားစုတွေစိတ်ဝမ်းကွဲကြ
တယ် ညိအကို မောင်နှမ တွေ အဖွဲအစည်း
တွေ
အရာအားလုံးကို မင်းက ချုပ်ကိုင်ထားသလိုပဲ

တကယ်တော့ မင်းဟာ ငါ့အတွက်တော့
မရှိလည်း မဖြစ်/ ရှိလည်းမဖြစ်ပါကွာ--

 နောင်တော်ဦးဇဋိလ၏ပိုစ်အား 
  အနည်းငယ်ပြင်ရေးသည်

အားလုံးဘေးရန်ကင်းကွာချမ်းသာနိုင်ကြပါစေခဗျာ

image
blay@blay

စာ​ပေသမား | Ecency