📷📝📝

blay(37)
Published in
#artzone
Words
128
Reading
1 min
Listen
Play
8y

ဟိုမရောက် ဒီမရောက်

အဆိုတော် ဝေလ ရဲ့ "မိတ်ကပ်မကြိုက်သောသီချင်းများ"တစ်ပုဒ်ကို သဘောကျလို့ စာသားကို အာရုံစိုက်ပြီးနားထောင်ကြည့်တယ်ဗျ။ "ဖားတစ်ပိုင်းငါးတစ်ပိုင်း" တွေများလှတဲ့ လောကဇာတ်ခုံကို သရော်သံလေးနဲ့ ဆိုထားတယ်လို့ထင်ပါတယ်။

ဖားတစ်ပိုင်းငါးတစ်ပိုင်း အကောင်လေးကို tadpole လို့ခေါ်တယ်။
ဒါပေမဲ့ သီချင်းထဲမှာက ဖားတစ်ပိုင်းငါးတစ်ပိုင်းကို ဟိုမရောက် ဒီမရောက် ဟန်ဆောင်ကောင်းသူတွေလို့ အဓိပ္ပါယ်နဲ့ idiom လိုသုံးထားတာကိုး။ အဲဒီလိုမျိုး အင်္ဂလိပ် အီဒီယံကတော့ "neither fish nor fowl" ဆိုတာနဲ့ နီးစပ်လိမ့်မယ်။ fowl ဟာ ကျေးငှက်၊ ကြက်ငှက်တွေကိုခေါ်တာ။ ငါးမဟုတ် ကြက်မဟုတ်ကောင်၊ ဟိုမရောက် ဒီမရောက်ကောင်၊ ဘာမှန်းမသိတဲ့ကောင်။
တကယ် သူ့ရဲ့ expression အပြည့်အစုံက "neither fish nor fowl nor good red herring" ဖြစ်ပါတယ်။ ရှည်လွန်းလို့နဲ့တူပါတယ်၊ "neither fish nor fowl" လို့ပဲသုံးကြတယ်။

ဥပမာဝါကျလေးနဲ့မှတ်ရအောင်။
Soe Aung is a Country singer and Wai La is a Rock singer, but this new singer is neither fish nor fowl.
စိုးအောင်ဟာ ကျေးလက်တေးဂီတ အဆိုတော်၊ ဝေလကတော့ ရော့ဂီတ အဆိုတော်။ ဒါပေမဲ့ ဒီအဆိုတော်အသစ်ကတော့ ဟိုမရောက်ဒီမရောက်ပါကွာ။

အင်္ဂလိပ်စကားမှာ neither here nor there ဆိုတဲ့ အသုံးတစ်ခုလည်းရှိသေးတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်လိုက်ရင် "ဟိုမရောက် ဒီမရောက်" ဖြစ်နေလို့ မှားသုံး၊ မှားမှတ်ကြမှာ စိုးရိမ်မိတယ်။ neither here nor there ရဲ့ အဓိပ္ပါယ်က "အခုပြောနေတဲ့ ကိစ္စနဲ့ မဆိုင်ဘူး၊ မပတ်သက်ဘူး၊ အရေးမပါဘူး" ဖြစ်ပါတယ်။ Dictionary လှန်ကြည့်ကြပါ။
image
With love,
blay@blay

📷📝📝 | Ecency