နီညိုရောင် ညနေခင်းမှာ
ညှိုးရော်နေတဲ့ မျက်နှာအဆင်းေလးနဲ့
နေမင်းက နှုတ်ဆက်ရှာ
အရောင်ပြောင်းသွားတဲ့တိမ်တောင်တွေကြား
ကောင်းကင်က မျက်နှာများတော့မယ့်ချိန်
ကြယ်စင်တချို့က လမ်းထလျှောက်တယ်
ဒီလိုနဲ့ ....
ညကတိတ်ဆိတ်သွားတယ်………
...........သူကောင်းစွာအိပ်စက်နိုင်ပါစေ။