အစနဲ့အဆုံး

zinwin7(51)
Published in
#esteem
Words
28
Reading
1 min
Listen
Play
8y

ဟောဒီ
ဘယ်​ဘက်​ခပ်​ယွန်းယွန်း​နေရာက
စခဲ့တာ။

တစ်​​မျော်​တစ်​​ခေါ်​ဝေးပြီးဘယ်​လိုခရိးမှန်းမသိတဲ့
လောကသစ်​​တွေကိုလည်း
ဖြတ်​သန်းဖို့ရဲခဲ့ရ။

အကြည့်​​လေးတစ်​ချက်
အပြုံး​လေးတစ်​လက်​​ကြောင့်
တချက်​ချက်​ခုန်​ရင်း
တင်းတင်းကြိတ်​ထားခဲ့ရတဲ့အံ​တွေ
ပြေ​လျောခဲ့တယ်​။

မမြင်​ရ​ပေ​ပေမယ့်
အမှန်​တကယ်​ရှိ​နေတဲ့
လက်​သီးပုန်း​တွေကိုလည်း
ရင်​ဆိုင်​ဖို့မာန်​တင်းနိုင်​ခဲ့။

အ​ပေါ်ယံသကာ
စေတနာပါးပါးသုတ်​ထားတဲ့
ပျော့မနပ်​ထမင်းသိုး​တွေကိုလည်း
အပြုံးမပျက်​​ခေါင်းခါပြတတ်​ခဲ့ပြီ။

အဲဒိဘယ်​ဘက်​က
တချက်​ချက်​​လေး​ကြောင့်​ပါပဲ။

တကယ်​တမ်းကျ
ကိုယ့်​ဘဝနဲ့ကိုယ်​ပဲမဟုတ်​လား
ကံတရားက
ရင်​ချင်းအပ်​​ပေး​တာ
ခံလိုက်​ရတဲ့သူ​တွေကလွရင်​။

image

author:zinwin7@zinwin7

photo:my

အစနဲ့အဆုံး | Ecency