ရှေ့သို့ 

Words
122
Reading
1 min
8y
Listen to this post
~1 min

image

အချိန်တွေကို ဘယ်လို့မျိုး အသုံးချကြမလဲ လွယ်ပါတယ်

သင်ကြားခြင်းက အချိန်တွေကို အကောင်းဆုံးသော အသုံးချခြင်းပါပဲ

ဥပမာ

ကိုယ်လုပ်ကိုင်တဲ့ အလုပ်တစ်ခုကို တခြားလူတစ်ယောက်ကလဲ လုပ်ကိုင်နေပြီး

သူကတော့ ကိုယ့်ရဲ့ရှေ့ကိုရောက်နေတယ်

ကိုယ်ကတော့ သူနဲ့ အလှမ်းများစွာ ကွာနေမယ်

ကဲ ဒါဆို သင့်ဘာလုပ်မှာလဲ

အချိန်လေးပေးပြီးတော့ သူ့ရဲ့ ဗျုဟာတွေကို လေ့လာမယ်

လုပ်တတ်ကိုင်တတ်တဲ့အပေါ်လေ့လာမယ်

ဒါဆို လုံးဝ မသိတာထက်စာရင် အနည်းကျဉ်းတော့ သဘောပေါက်မှာပါပဲ

အချိန်တွေကို အကျိုးရှိရှိသုံးနည်းဟာ

မိမိကိုယ်ကိုယ်မှာလဲ 80% လိုအပ်ပါတယ်

ဘာကြောင့်လဲဆိုတော့

သူတစ်ပါးချည်း အားကိုးနေလို့  မရပါဘူး

image

သူများကို 20% အားကိုးလျှင် ကိုယ့်ကိုယ်ကိုလဲ80%

ဖြည့်တင်းပေးဖို့  လိုပါတယ်

နောက်ပြီးတော့

သူများတွေ ချမ်းသာ ပျော်ရွင်နေကြတာကို အားကျယုံ စိတ်တစ်ခုပဲ

ရှိမနေသင့်ပါဘူး

ကိုယ့်ကိုယ်တိုင်လဲ ကြိုးစားနိင်ရင် ကြိုးစားနိင်သလောက်

ချမ်းသာပျော်ရွင်နိင်ပါတယ်

သင့်မှာ

တကိုယ်ကောင်းဆန်စိတ် ရှိနေသလား ဒါဆို ထုတ်ပြစ်ထားလိုက်ပါ

အလုပ်တစ်ခုကို စတင် လုပ်ကိုင်ပြီး ဆိုလျှင်

အပေါင်းသင်း မိတ်ဆွေများနှင့် တွေ့ဆုံကြရမှာ

ရေရှည်လက်တွဲသွားရမယ့်သူများ ပါလာတာမို့ 

သင့်မှာ အဲ့စိတ်ရှိနေရင် အပေါင်းသင်း မိတ်ဆွေများနှင့်ကြာကြာပေါင်းသင်းရမှာ

မဟုတ်ပါဘူး

ဒါကြောင့်

တကိုယ်ဆန်ခြင်းကို အလွန်ရှောင်ရှားသင့်ပါတယ်

ယုံကြည်မူ့ဟာလဲ အရမ်းအရေးကြီးပါတယ်

အလုပ်တစ်ခုဖြစ်ဖြစ် အရောင်းဝယ် တစ်ခု ဖြစ်ဖြစ်

သင့် တစ်စုံတစ်ယောက်ကို လိမ်လဲမိခဲ့ရင် ပထမ စိတ်ခုသွားနိင်တယ်

ဒုတိယ သံသယ ဝင်မယ် တတိယ မပတ်သတ်တော့ပါဘူး အဲ့သုံးမျိုးထဲက

တစ်ခုခုတော့ ရှိသွားပါလိမ့်မယ်

ဒါကြောင့်

လိမ်ညာခြင်း အတတ်နိင်ဆုံး ရှောင်ပါ ဘဝကို ရိုးသားခြင်းနဲ့ပဲ တည်ဆောက်ပါ

အမှန်တရားကိုသာ လက်ဆုတ်ကိုင်ထားရင် သင့်ဘယ်အရာကိုမဆို

ရဲတင်းစွာ လုပ်ကိုင်နိင်ပါတယ်

အမှန်ကိုပဲ လုပ်ကိုင်တာကြောင့် သင့်လိုမျိုး လူတွေကလဲ

ကောင်းခြင်းတွေကို သယ်ဆောင်လာပေးနိင်ပါတယ်

(ဆက်ရန်)

zinmyothu@zinmyothu

ရှေ့သို့  | Ecency