မဖြစ်စလောက် အိမ်မက်တွေနဲ့
အောင်မြင်ခြင်းတံခါးတွေကို ငါဖွင့်တယ်
ကြိုးစာအားထုတ်ခြင်းဟာ သော့တစ်ချောင်းဖြစ်မယ်ဆို
ယုံကြည်ခြင်းဟာ အောင်မြင်ခြင်းဖြစ်မယ်
စိတ်ကူးတွေနဲ့ ထိုးဖောက်ခြင်းတဲ့ အတ္တဟာ
ကောင်းသော ရွေးချယ်ခြင်းများနဲ့ပါ
တကယ်ပါ…
ယုံကြည်ခြင်းများနဲ့ လျှောက်လှမ်းမယ့် နေ့ရက်တွေတိုင်းဟာ
လှပလိမ့်မယ်လို့  တွေးတောထားပါတယ်
ရှေ့သို့ ဆက်တတ်လှမ်းမယ်ဆိုတဲ့ အားတင်းထားသော
စိတ်တစ်ခုနဲ့ အနာဂတ်ကို လှမ်းကြည့်တဲ့အခါ ပျော်ရွင်ခြင်းများစွာနဲ့
ကိုယ်မြင်ရတယ်
တိုက်ခိုက်တတ်တဲ့ စကားလုံးတွေကြားမှာ နေရတာဟာ
ဘဝအတွက် တွန်းအားတွေပဲ လို့
ခဏ ခဏ တွေးတောရတာဟာ မမြင်ရတဲ့ အားအင်တွေပဲ
ဘဝကို 01 က စပြီး 10 ထိ သွားမယ် သွက်လက်သော
ခြေလှမ်းများနဲ့ မိုင်ထောင်ချီ ရှိပါစေအုံး
ကိုယ်မရောက်ရောက်အောင်တော့ သွားမယ်
ဒါဟာ…
ဘဝအတွက် မျော်လင့်ချက်လဲ ဖြစ်သလို
အဓိပ္ပယ် ရှိစွာနဲ့ နေထိုင်နိင်တဲ့ ဘဝလဲ ဖြစ်တယ် ……