Photo source နှင့်ကျနော်

Words
164
Reading
1 min
Listen
Play
8y

image


Source:pixabay.com

တလောက steemit myanmar senior တွေ post တင်တုန်းကဝင်ဖတ်မိပေမဲ့ အလေးမမူမိခဲ့ဘူး.

ခုတော့ အဲ့လိုပေါ့ပေါ့လေးတွေးမိတဲ့ နောက်ဆက်တွဲ အဖြစ်
ကျနော် steemit လုပ်ခဲ့တဲ့ သက်တမ်းတလျှောက် မကြုံဖူးခဲ့တဲ့ steem cleaner က warning နှစ်ခါလာပေးသွားတာခံခဲ့ရပါတယ်

image


Source:my own screenshot on esteem

ကျနော်ဟာ steemit ပေါ်မှာအတတ်နိုင်ဆုံး copy paste post များကိုရှောင်ခဲ့ပါတယ်. Cheetah တို့ steemcleaner တို့နဲ့တခါမှ မတွေ့ဆုံခဲ့ဖူးပါ.

ခု ဘယ်လိုဖြစ်ရတာလဲဆိုတော့ ကျနော်ဟာ ကျနော်အားတဲ့အချိန်မှာ steemit post မှာ ထည့်ဖို့အတွက် ပုံကောင်းကောင်းလေးတွေ ထဲက မိမိသဘောတွေ့ရာတွေကို google ကနေရှာပြီး phone ထဲမှာ save ထားခဲ့ပါတယ်

အဲ့လိုပုံအများကြီးကြိုဒေါင်းပြီးသိမ်းကာ နေ့စဉ်တင်တဲ့ posr တွေအတွက် လိုအပ်တဲ့ ပုံများကို ရွေးယူသုံးစွဲခဲ့ပါတယ်

အဲ့ကနေပြဿနာ စခဲ့တယ်လို့ ယူဆမိပါတယ်.ပုံတွေကြိုဒေါင်းထားတဲ့အတွက် တကယ်post တင်တဲ့အခါ credit ပေးရမဲ့ source ကို မရှာတတ်တဲ့အတွက်မထည့်ဖြစ်တာများပါတယ်.

ခုတော့ cheetah, steemcleaner တို့ဟာ စာသား အကြောင်းအရာ ကူးယူမှုများကိုသာမက ပုံများကိုပါ credit မပေးလျှင် warning ပေးခြင်းများဆောင်ရွက်လာတာကို ခုလက်တွေ့ကြုံရပြီဖြစ်ပါတယ်ဗျ


image


Source:my own screenshot on esteem

နောက်ဆက်တွဲအကျိုးသက်ရောက်မှုတခုကတော့ thundercurator ဆိုတဲ့ upvote service တခုကပါ image ကူးယူမှုကို ရှုံ့ချပြီး ကျနော် post upvote တောင်းထားတဲ့ငွေတွေကို donation အဖြစ်လုပ်ပစ်ရုံသာမက ကျနော့ post ကို upvote မပေးပဲ downvote တောင်လုပ်သွားပါတယ်ဗျာ.

image


Source:my own screenshot on esteem


နောက်နေ့တွေမှာလည်း ကျနော်တင်ထားတဲ့ upvote တောင်းထားပြီးဖြစ်တဲ့ post တွေကို source မထည့်မချင်း upvote မပေးဘူး ငွေတွေလည်း donation လုပ်ပါတယ်လို့လာမန့်သွားပါတယ်.

image


Source:my own screenshot on esteem


ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ steemit post တခုရေးမယ်ဆိုလျှင် စာသား အကြောင်းအရာ ကိုယ်ပိုင်ရေးသားရုံသာမက မိမိ post အတွက် ကောင်းနိုးရာရာပုံများကို ထည့်သွင်းရာမှာ သက်ဆိုင်ရာ မူရင် source (not google search) ကိုထည့်သွင်းရေးသား credit ပေးဖို့လိုကြောင်း မိမိအတွေ့အကြုံနှင့်ယှဉ်ကာ တင်ပြလိုက်ရပါတယ်ဗျာ

အားလုံးကိုခင်မင်လျက်,
zinmintun7@zinmintun7
MSO-3

Photo source နှင့်ကျနော် | Ecency