မင်္ဂလာနံနက်ခင်းလေးပါ

Words
84
Reading
1 min
Listen
Play
8y

image
Source:https://pixabay.com/en/sunrise-sun-morgenrot-skies-morning-sun--1513802/

မင်္ဂလာနံနက်ခင်းလေးပါ သူငယ်ချင်းများ
သာယာသောနံနက်ခင်းလေးမှာ ချစ်သူခင်သူများနဲ့အတူ
ယုံကြည်ရာ ဘဝလမ်းခရီးကို အခက်အခဲမရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းခြွေလိုက်ပါတယ်ဗျာ.

သူငယ်ချင်းတို့ဒီနေ့ဘာလုပ်ကြမလဲအစီအစဉ်ဆွဲပီးကြပြီလား?
ကျနော့ရဲ့တနေ့တာကတော့ရိုးရှင်းလွန်းတဲ့အတွက်အစီအစဉ်ဆွဲစရာမလိုတော့လောက်အောင်ပါပဲ

မနက်အိပ်ရာထပြီး ကိုယ်လက်သန့်စင်ပြီးတာနဲ့ မနက်စာစားမယ် ပြီးတာနဲ့ အိမ်ကလူကြီးတွေ အပြင်သွားချင်တာရှိရင် ဆိုင်ကယ်နဲ့လိုက်ပို့မယ်. ပြီးရင် အိမ်ပြန်ရောက်တာနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး အင်တာနက်ထိုင်သုံးမယ် airdrop တခုခု လုပ်နေမယ်. ဒီကြားထဲ အလုပ်ခိုင်းစရာရှိတဲ့အသိတွေလာရင် အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်.

နေ့လည် ၁၂ နာရီကျော်ရင် ထမင်းစားခဏနားမယ် ပြီးရင် အခြေအနေကြည့်ပြီး အားရင် တရေးအိပ်မယ်.
နိုးလာရင် ကွန်ပျူတာရှေ့ပြန်ထိုင်မယ်. ညနေကျတော့ ငါးကန်ရေဖြည့်မယ်. ကိုယ်လည်းရေချိုးမယ်.
ပြီးတာနဲ့ ဖုန်း တလုံးနဲ့ဂိမ်းဆော့ . Fb သုံးမယ်.
ထမင်းစားရင်း တီဗွီကြည့်မယ်
ပြီးတာနဲ့ steemit မှာ ဟိုဟိုဒီဒီကြည့်ပြီးအိပ်ရာဝင်မယ်

ဒါပါပဲ ဒီလောက်ရိုးရှင်းတဲ့ဘဝလေးကို အေးဆေးဖြတ်သန်းနေပါတယ်. ဒါပေမဲ့အောင်မြင်ချင်ရင်တော့ ဒီ့ထက်ပို ဆန်းပြားတဲ့ဘဝထဲသွားရမှာသိပါတယ်.
ဒါပေမဲ့ နန်းကျဘုရင်တပါးလို မိမိနိမ့်ပါးသွားတဲ့အခြေအနေမှာ အပေါင်းအသင်းလာမလုပ်ကြတဲ့ သူငယ်ချင်းတချို့နဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကို သံဝေဂရဖို့ သင်ခန်းစာယူဖို့ အချိန်ယူရဦးမယ်လေ.

တချို့မိတ်ဆွေတွေက လူကိုပေါင်းတာထက်. မိမိဆီကအကျိုးအမြတ် ဒါမှမဟုတ် အခွင့်အရေးတခူခု အရှိန်အဝါတခုခုကိုပေါင်းတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်

သူငယ်ချင်းတို့လည်းအဲ့လိုမိတ်ဆွေမျိုးတွေကို ခွဲခြားသိမြင်နိုက်ကြပြီး မိတ်ဆွေစစ်မိတ်ဆွေမှန် ကိုရှာဖွေတွေ့ရှိတန်ဖိုးထားနိုင်ကြပါစေဗျာ.

image
Sourcr: https://pixabay.com/en/girl-boy-sister-brother-poor-2754233/

အားလုံးကိုခင်မင်လျက်,
zinmintun7@zinmintun7
MSO-3

မင်္ဂလာနံနက်ခင်းလေးပါ | Ecency