အလွမ်းမှန်ချပ်ရာဇဝင်

Words
28
Reading
1 min
Listen
Play
8y

image
Source:https://pixabay.com/en/danbo-figure-separated-miss-disc-sad-lon-1870361/

တခါတုန်းကပေါ့
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
ကဗျာငှက်ကလေးရှိပါတယ်။
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
မေတ္တာ ရေအိုးကလေးရှိပါတယ်။
တွေ့ဆုံခြင်း အိမ်ကလေးထဲမှာ
အကြင်နာ ဆည်းလည်းကလေး ရှိပါတယ်။

သည်အိမ်ကလေးကို ဆေးအစိမ်းသုတ်၊ ရုတ်တရက်လေ
မေစွန့်ခွာထွက်
ကဗျာငှက်သေ
ရေအိုးကလေးခန်း
ပန်းအိုးကလေးကွဲ
ဆည်းလည်းကလေးပျောက်
အလွမ်းဆိုတဲ့ မှန်ကလေး ရောက်လာတယ်။ ။


zinmintun7@zinmintun7 MSO-3
အလွမ်းမှန်ချပ်ရာဇဝင် | Ecency