အားအားယားယားနေ့ရက်များ

Words
36
Reading
1 min
Listen
Play
9y

image

မိုးလင်းလာရင် ဖုန်းတလုံးနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

သူများတွေလို သူငယ်ချင်း သို့မဟုတ်မိသားစုနဲ့တူတူ မနက်စာသွားစားဖို့လည်းမရှိ

ထမ်းဆောင်ရမဲ့တာဝန် လုပ်ရမဲ့အလုပ်ဟူ၍လည်းသတ်သတ်မှတ်မှတ်မရှိ

ဘဝကဘာဖြစ်လာမှာလဲ. ဖြစ်ချင်သောစိတ်ကူးအတိုင်းလည်း ဖြစ်လာပါ့မလားမသိ

မိုးလင်းကမိုးချုပ် အိမ်မှာပဲအောင်းနေရင်း အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်လာမိ

ငွေမရှိရင် အဖတ်တကယ်မလုပ်တတ်တဲ့ လိုမှပေါင်းတဲ့ အပေါင်းအသင်းတချို့လည်းရှိ

ဒီစာကိုဖတ်ပြီး မိတ်ဆွေလည်းကျနော့အား တရာ့ကိုးတရာ့တဆယ် ထင်ပါမည်

တကယ်တော့ ကျနော်ဟာ အလုပ်လုပ်ချင်ပါရက် အလုပ်ရှာမရတာပါ ကြိုးစားချင်လျက်နဲ့ ကျနော့ဆို ဘသူမှအဖတ်မလုပ်ကြတာပါ ခင်မင်ချင်ပါရက်နဲ့မိတ်ဆွေစစ်ရှာမတွေ့တာပါ
အောင်မြင်သွားမှာစိုးလို့ထင်ပါရဲ့ဗျာ..😞😞

အားလုံးကိုခင်မင်လျက်
zinmintun7@zinmintun7
MSO-3

အားအားယားယားနေ့ရက်များ | Ecency