Megger tester

Words
497
Reading
3 min
Listen
Play
9y

hand-operated-megger.jpgဒီနေ့ တော့ megger tester ဘယ်လို အသုံးပြုလို့ ရလဲဆိုတာလေးကို ဝေမျှပါ့မယ်။ Megger tester ဆိုတာကတော့ အလွယ်ပြောရရင် Ohm တိုင်းတာတဲ့ ကိရိယာဖြစ်ပါတယ်။ ကျွန်တော်တို့ ကတော့ အများအားဖြင့် Megger ကို လိုင်း စစ်တဲ့အချိန်မှာ သုံးဖြစ်တယ်။ ဒါ့အပြင် အခြား အများကြီးလည်း သုံးလို့ ရပါတယ်။ စက်ရုံမှာဆိုရင် တော့ မော်တာ တွေ phase and body တိုင်းတာများတယ်ပေါ့ဗျာ။ ကျွန်တော်တို့  Megger တိုင်းမယ်ဆိုရင် သတိထားရမှာ တစ်ခုရှိပါတယ်။ Megger tester ဆိုတာဟာ သူ့ ရဲ့ ငုတ် နှစ်ခုကနေ voltage တစ်ခုထုတ်ပေးပြီး အဲ့ဒီ့ ငုတ် နှစ်ခုနဲ့ ဆက်သွယ်ထားတဲ့ line သို့ မဟုတ် body ရဲ့  Resistance ကို တိုင်းတာတဲ့ပစ္စညိးဖြစ်ပါတယ်။ ဥပမာ မော်တာတစ်လုံး ( 3 phase ) ကို coil ကောင်းမကောင်း စစ်ချင်ရင် line to line ( line နှင့် line ) ကို Megger tester နဲ့ ချိတ်ဆက်ပြီး voltage ပို့ လွှတ်ကာ resistance စမ်းသပ်ခြင်းဖြင့် megger result ကို စစ်ဆေးကာသိရှိနိုင်ပါတယ်။ Megger result ရဲ့ တန်ဖိုးဟာ zero ဖြစ်တယ်ဆိုရင်ဒါဟာ ငုတ်နှစ်ခု ဆက်သွယ်နေတာကိုဆိုလိုတာဖြစ်ပြီး မော်တာတစ်လုံးအနေနဲ့ ဆိုရင်တော့ ဒါဟာ coil နှစ်ခု short ဖြစ်နေတဲ့အတွက် မကောင်းဘူးဆိုပြီး သိနိုင်ပါတယ်။

            Megger tester လည်းအမျိုးအစား အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အမျိုးအစားအမျိုးမျိုး ဆိုတာက voltage ထုတ်လွှတ်နိုင်မှု အပေါ်မူတည်တဲ့ အမျိုးအစားပါ။ Made in ကို ပြောတာမဟုတ်ပါ။ 500V 500M အမျိုးအစား, 5000V 5000M , အစရှိသဖြင့် အမျိုးမျိုး ရှိပါတယ်။ ပြီးတော့ analog နဲ့  digital ဆိုပြီး type နှစ်မျိုး ထပ်ခွဲပါသေးတယ်။ ကျွန်တော်ကတော့ analog နဲ့ အသုံးများတယ်။ လက်နဲ့ လှည့်ပြီး သုံးရတဲ့  megger ပေါ့ဗျာ။ Dynamo လိုသဘောပေါ့။ လက်နဲ့ လှည့်ပြီး voltage လွှတ်တဲ့ Megger ကို ပို ယုံကြည်ရပါတယ်။ Digital megger ကတော့ တစ်ခါတစ်လေ မှားနိုင်ပါတယ်။ Digital ကတော့ ကိန်းဂဏန်းနဲ့ ဖော်ပြမှာဖြစ်ပြီး အတိအကျ သိရှိနိုင်ပေမဲ့  analog ကတော့ လက်တံနဲ့ ဖော်ပြမှာဖြစ်တဲ့အတွက် တိကျမှုမှာတော့ Digital ကတော့ သာပါတယ်။download (1).jpg

               ဟုတ်ပြီဗျာ အခု ကျွန်တော် Megger ကို ဘယ်နေရာမှာ ဘယ်လို သုံးခဲ့ဖူးတယ်ဆိုတာကို ပြောပြတော့မယ်။ ကျွန်တော်တို့  line fault ဖြစ်ရင် အရင်ဆုံး fault ရှာတယ်။ မတွေ့ ရင် megger ရိုက်တယ်။ ကဲ ဘယ်လို megger ရိုက်တာလဲဆိုတော့ ကျွန်တော်တို့ က လိုင်းတစ်ခုချင်းစီဟာ လွပ်လပ်နေရမယ်။ တစ်ခုခုနဲ့ ထိစပ်နေမယ်ဆိုရင် ဒါဟာ fault ပဲ။ အရင်ဆုံး Line to line စစ်မယ်။ line နှစ်ခုကို Megger ရဲ့  ငုတ်နှစ်ခုနဲ့  ချိတ်ဆက်ရမယ်ဗျာ။ အဲ့ဒီမှာ လာပြီ ပြဿနာ။ လိုင်းက 33 kv လိုင်း။ ဖြတ်သွားတာက 230 kv လိုင်းအောက်ကနေ ၃ဖြတ်လောက် ဖြတ်ထားတာ။ အမြဲ လိုလို induced voltage ရှိနေတဲ့ လိုင်း။ ဘယ်သူမှ မကိုင်ရဲဘူး။ အဲ့တော့ line ကိုချိတ်ဖို့  ချိတ်(ဂျိတ်) လုပ်ပြီး ချိတ်ရတာပေါ့။ အဲ ပြောဖို့ မေ့ခဲ့ပြီ။ အရင်ဆုံး လိုင်းကို ချထားရပါမယ်။ မြေကြီးပေါ် ချတာကိုပြောတာ မဟုတ်ဘူးနော်။ line ကို shutdown ချထားတာပြောတာ။ ပြီးရင်တော့ ခုနကပြောခဲ့သလို လိုင်းနှစ်လိုင်းကိုချိတ်မယ်။ Megger ရိုက်မယ်။ result တစ်ခုထွက်လာမယ်ဗျာ။ 33 kv လိုင်းဖြစ်တဲ့အတွက် အနည်းဆုံး 5000v 5000M megger နဲ့ ရိုက်ရမယ်။ result က zero ဆိုရင် ချိတ်ထားတဲ့ လိုင်းနှစ်လိုင်းပူးနေပြီ။ ရာသီဥတုပေါ်မူတည်ပြီးတော့လည်း result က ပြောင်းလဲပါတယ်။ ဒါပေမဲ့  zero ဆိုတဲ့ resut ကတော့ လုံးဝ မီးတင်လို့ မရတဲ့ အခြေအနေပါ။ ဒါဟာ လိုင်းနှစ်လိုင်း ပူးနေပြီဆိုတာကို ဖော်ပြပါတယ်။ တစ်ကယ်လို့  Result က ကောင်းနေတယ် ။ ပြီးတော့ line to line ၃လိုင်းလုံး ညီနေတယ်ဆိုရင်တော့ line to earth ထပ်ရိုက်ရပါမယ်။

             line to earth ရိုက်မယ် ဆိုရင် megger ရဲ့  ငုတ်တစ်ခုကို line မှာချိတ်ပြီးနောက်တစ်ခုကိုတော့ earth ငုတ်မှာ ချိတ်ပါမယ်။ ပြီးရင် ထုံးစံအတိုင်း လက်နဲ့ လှည့်တာပေါ့။ ကိုယ်က analog အားသန်တဲ့သူကိုး။ ဟီး အမှန်က analog ပဲရှိလို့ ။ ဒါတောင် မြို့ နယ် လျှပ်စစ်က ငှားထားတာ။ တစ်ကယ်လို့  result က ကောင်းပြီး ညီနေရင်တော့ မီး ပြန်တင်ဖို့ သာဖုန်းဆက်လိုက်ပေတော့။ result က ခုနကပြောခဲ့သလို zero သို့ မဟုတ် အရမ်းနည်းနေမယ်ဆိုရင် ဒါမှမဟုတ် လိုင်း ၃လိုင်း မညီဘူးဆိုရင်တော့ လုံးဝ မီးပြန်တင်ဖို့ မစဉ်းစားပါနဲ့တော။ အရင်ဆုံး fault ကိုတွေ့ အောင်ရှာရပါတော့မယ်။

              megger tester ကိုသုံးပြီးတော့ fault ရှာရတာ အရမ်းလွယ်ကူသလို အရမ်းလည်း မြန်ပါတယ်။ လိုင်းနှစ်လိုင်း ကိုရိုက်ကြည့်လို့ လိုင်းနှစ်လိုင်း မှာ fault တွေ့ ရင် အဲ့ဒီ့ လိုင်းကို ပဲရှာရပါတော့မယ်။earth နဲ့ဆို ပိုတောင်လွယ်သေး။ 

 လိုင်းတစ်ခုတည်းကိုပဲ ဦးတည်ပြီး ရှာရတော့မှာ။ ပြီးတော့ သေချာတာက earth fault ဆိုတာ လိုင်းနဲ့  earth ကြားမှာ connection က short ဖြစ်နေတာမို့ လို့ ဖြစ်တဲ့ လိုင်းပေါ်မှာပဲ အာရုံစိုက်ပြီးရှာဖွေလို့ ရပါတယ်။ ဒါပေမဲ့  အရင် post တွေတုန်းကပြောခဲ့သလိုပဲ။ megger result ကောင်းပေမဲ့ တင်လို့ မရတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဘာပဲပြောပြော ဒီ post ကိုဖတ်ပြီးတဲ့အချိန်မှာ megger ရဲ့  အလုပ်လုပ်ပုံလေးကို သိသွားရင်ပဲ ကျွန်တော့် ရဲ့  steemit က လျှပ်စစ်ဝါသနာ  သူငယ်ချင်းတွေ အကျိုးရှိမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာတော့ ကျွန်တော့်ရဲ့  earth tester အတွေ့ အကြုံနဲ့  ဗဟုသုတလေးတွေကို share ပေးဦးမယ်ဗျာ။ အားလုံးလည်း ပျော်ရွှင်ကြပါစေ။

          အားလုံးကို လျှပ်စစ် ဗဟုသုတ ရစေချင်တဲ့ 

                                            မောင်ဇင်

MSC 237

written by zinminnaing@zinminnaing
Photo credit to google

Megger tester | Ecency