အသစ်ကပြန်စလို့ရပါတယ်

Words
71
Reading
1 min
Listen
Play
5y

coming_soon_2818254_640.jpg
Link
မျှော်လင့်ခြင်းအလင်းရောင်တွေက အရှေ့ဆီမှာ မြင်နေရပါပြီ
မကြာခင်မှာ ရောင်နီတွေလာတော့မယ် ချစ်သူရေ
ရွေ့လျှားနေတဲ့ စက်ဝန်းကြီးက တရွေ့ရွေ့ပေါ့
အရာရာ ပြင်ဆင်ထားခဲ့ပြီးပါပြီ အဆင်သင့်ဖြစ်နေခဲ့ပြီလေ
ပေးဆပ်ခြင်းတွေနဲ့အတူ ရယူပိုင်ခွင့်တွေကိုလည်း ကမ်းလင့်လို့ ကြိုဆိုလိုက်မယ်
ဆူညံသံတွေမရှိဘူး မကြားဝံ့ မနာသာ စကားလုံးကြမ်းတွေ မလိုချင်ဘူး သာယာမှုတွေကိုသာ ငံ့လင့်တယ်
အဆင်မသင့်တာတွေကို သည်းခံလို့ အရာရာကို အရှိတိုင်းလက်ခံတက်မှ နေပျော်မယ့်ဘဝပေါ့
စိတ်သောကတွေကို အဝေးသို့မောင်းထုတ် အနာဂါတ်ကိုလှပအောင်တည်ဆောက်
သဘာဝတရားရဲ့ မျှတခြင်းကို အလိုက်သင့် ခံယူရင်း ဘဝရဲ့ ရသများကို ထပ်တူကျစေချင်ခဲ့
မနေ့က ညစ်နွမ်းမှုတွေကို ဒီနေ့မှာ အသစ်ဖြစ်မလာစေနဲ့ အတိတ်မှာ ချန်ထားခဲ့ပါ
ဒီနေ့အတွက် ကောင်းမွန်တာတွေကိုဘဲ ရွေးချယ်ကြမယ် အဆိုးတွေကို မောင်းထုတ်လိုက်စို့
လှပတဲ့ အခိုက်အတန့်လေးပါဘဲ မေ့မသွားစေဖို့ အာရုံတွေကို သတိပေးရင်းနဲ့ အမှတ်သညာကို လက်တို့ကာ အနာဂါတ်ဆီ ခေါ်ဆောင်သွားလိုက်ပါ့မယ်
မညီညွတ်ခြင်းတွေကို အဆုံးသက်လိုက်ပါ မတူညီခြင်းတွေကို လက်ခံလိုက်ပါ
အငြိုးတရားတွေက အရာရာကို သေဆုံးစေလိမ့်မယ်
တိုက်းတက်ကောင်းမွန်တဲ့အရာတွေကိုဘဲ တို့ရဲ့ ခလေးငယ်တွေကို ပေးနိုင်အောင် လုပ်ဆောင်ကြရအောင်

အသစ်ကပြန်စလို့ရပါတယ် | Ecency