အချစ်မရှိလဲရတယ်

Words
55
Reading
1 min
Listen
Play
5y

bench_3091078_960_720.jpg
https://pixabay.com/photos/bench-outdoor-no-person-vacuum-3091078/

အချစ်ကို ကိုးကွယ်သူတစ်ယောက် မဟုတ်ရင်တော့ အချစ်ဆိုတာ သိပ်တော့ အရေးမပါလှပါဘူး အချစ်နဲ့ ဘ၀ကို ခွဲခြားသိမြင်လာတဲ့အခါ သူမရှီလဲ ရပါတယ်ဆိုတဲ့ အတွေးဝင်လာတော့တာဘဲလေ
အချစ်မရှိလို့ အဆင်ပြေပါ့မလားလို့ တွေးနေမိပေမယ့် တကယ့်လက်တွေ့မှာတော့ အဆင်မပြေမဖြစ်ခဲ့ပါဘူး အချစ်မရှိလဲ အရာအားလုံးက အဆင်ချောနေတာပါဘဲ
အချစ်မရှိရင် ဘ၀မရှိတာတွေ အချစ်ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာတွေ
အဲ့တာတွေက အသက်နှစ်ဆယ်အောက်မှာတော့ တကယ့်ကို ရှင်းပြရခက်တဲ့ အခြေအနေ တစ်ရပ်ပေါ့
အသက်အရွယ် တဖြည်းဖြည်းရလာတဲ့အခါမှာတော့ အချစ်က ဘ၀မဟုတ်ဘူးဆိုတာ သိလာတော့တာဘဲ ဒါပေမယ့် အသိက နောက်ကျနေတက်ပြန်ကော
ခက်တယ်နော် အချစ်က လှည့်စားတက်တယ် အမြင်တွေကို ကန်းစေတယ် အသိတွေကို ကွယ်စေတယ် ထူးဆန်းပါပေ့
အခုတော့ သူမရှိလည်း ရပါပြီ အချစ်ဆိုတာက ဘာသာပြန်ပြဖို့ခက်တဲ့အရာပါ
ဘာမှန်းမသိပါဘူး ဆိုတာကဘဲ အချစ်ဖြစ်နေတက်တယ်လေ

အချစ်မရှိလဲရတယ် | Ecency