တွေ့သမျှကူးချ.၃၃.

Words
79
Reading
1 min
Listen
Play
8y

အခန်း.၄.၃.
...တကယ်တမ်းကျတော့ ငါ့ဘဝမှာ ပထမဆုံးနဲ့
ရင်အနင့်ဆုံး ချစ်ခဲ့ရတဲ့ အချစ်ဦးဟာ နင်ပါ ရန်ရယ်..
...နင်ကလွဲလို့  ငါ့ဘဝမှာ ဘယ်သူ့ ကိုမှ ရင်ထဲက
နေ မချစ်ခဲ့ဖူးပါဘူး..
...ဒါပေမယ့် ခုချိန်ကျမှ ဒီစကားတွေပြောရင် နင်
ဘယ်ယုံတော့မလဲ..သည်မိန်းမ မာယာတသိန်း အပလိန်း
အနန္တနဲ့ လာပလီ ပြန်ပီလို့  နင် အောက်မေ့မှာပါ...
ရန် သက်ပြင်းချသည်...
စာရွက်များပေါ်မှ အပြာရောင်မှင်ဖြင့် ရေးထားသော စာ
လုံးများကို စိတ်မဝင်စားချင်တော့...
စာလုံးများက တကယ်တမ်းကျတော့ ရင်ထဲက ဝေဒနာကို
ဘယ်လောက်များ ပြည့်စုံအောင် ဖော်ပြနိင်ပါမည်နည်း..
စာ ဆိုသည်မှာ ရင်ထဲက ဝေဒနာ၏ သုံးပုံတပုံပင် ပြည့်
အောင် ဖော်ပြနိုင်သောအရာ မဟုတ်ဟု စာရေးဆရာတ
ယောက်၏ စကားကိုကြားဖူးသည်..ရင်ထဲက ခံစားမှုတွင်
ဝေါဟာရဖြင့် ဖော်ပြရန် မတတ်စွမ်းနိုင်သော ဝေဒနာ အ
မျိုးပေါင်း မြောက်များစွာရှိ၏..မည်သည့် အဘိဓာန်ကမှ
ဝေဒနာ ခံစားမှုကို လိုက်မှီအောင် ဖော်ပြနိုင်စွမ်း မရှိ..
ဝေဒနာ ၌ ခံစား၍သာသိနိုင်သော စကားလုံးပေါင်း မရေ
မတွက်နိုင်အောင် ရှိနေလေသည်ကောလေ...။

တွေ့သမျှကူးချ.၃၃. | Ecency