တွေ့သမျှကူးချ.၁၆.

Words
164
Reading
1 min
Listen
Play
8y

အခန်း.၂.၉.
မျက်နှာချင်းဆိုင် တိုက်နှစ်လုံးကြားတွင် မြေနီလမ်းလေး
ရှိသည်..ရန်က ညက အိပ်ရေးပျက် ထားသည့် အရှိန်ဖြင့်
နေ့ လည် ကျောင်းမှ ပစ္စည်းများ သိမ်းပီး အပြန်တွင် တ
ရေးအိပ်ပစ်လိုက်သည်...
အိပ်ယာကနိုး၍ ရေမိုးချိုးပီး ဝရန်တာမှ ထွက်ကြည့်လိုက်
သောအခါ အိမ်ရှေ့ မြေနီလမ်းပေါ်တွင် ရန်တို့ အောက်
ထပ်မှ ကြည်ကြည်ထွန်းနှင့် ကြက်တောင်ရိုက်နေသည့်
လင်းလင်းကို လှမ်းမြင်ရ၏...
နေ့ ခင်းက ဖိုးကို ပြောထားသည့်စကားနှင့် ဆက်စပ်ပီး
ခေါင်းထဲသို့  လင်းလင်း၏ ချွတ်ယွင်းချက်တခု ဝင်လာ
သည်...
ထိုအချက်က တခြားမဟုတ်..လင်းလင်းတွင် တခုခုကို
စူးစူးစိုက်စိုက် တိတိကျကျနှင့် ကြိုးစားအားထုတ်ခြင်းမရှိ
ဟိုလိုလို ဒီလိုလိုနှင့် ခပ်ပေါ့ပေါ့ အချိန်တွေသာ များနေ
ခြင်းဖြစ်၏... imagehttps://unsplash.com/photos/5sMtjoDwfH8
သတိထားမိသလောက် လင်းလင်းမှာ အကအခုန် အတီး
အမှုတ်ကိုလည်း ဝါသနာပါလိုက်..ကြက်တောင်ရိုက် ရေ
ကူး ဘာညာ စသည်ဖြင့် အားကစား ဆိုလည်း ထိထိ
ရောက်ရောက်မဟုတ်ပဲ ဟိုစပ်စပ်သည်စပ်စပ်လျောက်
လုပ်သည်..တကယ်တမ်း ခုချိန်မှာ စူးစိုက်သင့်သည်က
ကျောင်းစာ..ကျောင်းကိစ္စကျပြန်တော့လည်း လေးလေး
နက်နက် မရှိပြန်..ပိုဆိုးသည်က ဘာကိစ္စဖြစ်ဖြစ် ပေါ့ပေါ့
တွေး ပေါ့ပေါ့ဆုံးဖြတ်ပီး ပေါ့ပေါ့လုပ်နေခြင်းဖြစ်သည်...
လင်းလင်းနှင့် စကားလေးဘာလေး အလေးအနက် တခု
လောက် ပြောကြည့်ဦးမည်ဟု တွေးပီး ရန် အောက်သို့ 
ဆင်းလာခဲ့သည်...
ရန်​...နင်​ ကစားမလို့လား´´ ရန်​ဆင်းလာသည်​ကို မြင်​​သော ကြည်​ကြည်​ထွန်းကလှမ်း ​မေးသည်​..ရန်​က ​ခေါင်းခါလိုက်​ပီး...​ဟေ့​အေး...မကစား​တော့ဘူး မနက်​က​ကျောင်း
မှာ ခုံ​တွေ ပြန်​​ရွှေ့ ထားတာ တစ်​ကိုယ်​လုံး နာ​နေလို့ ´´
ပြောရင်းနှင့်​ သူတို့နှင့်​ ခပ်​လှမ်းလှမ်း အုတ်​ခုံ​လေးတွင်​ဝင်
ထိုင်​သည်​..သူတို့ ကစားပီးချိန်​​လောက်​ထိ စိတ်​ရှည်​ရှည်
နှင့်​ထိုင်​​စောင့်​မည်​ဟု စိတ်​ထဲက​တွေးမိသည်​..ပြောမည်
ဟုသာ စဉ်းစားလာသည် ဘယ်ကစ၍ ဘာပြောရမည်က
မသိသေး..သူ့ သွားပီး ဆုံးမစကားလိုမျိုး တည့်တည့်ကြီး
သွားပြောလို့ ကလည်း မဖြစ်...
နင့်မှာ ဒီအကျင့်လေးတွေ မကောင်းဘူး လင်း လင်း အဲ့ဒါလေးတွေတော့ နင်ပြုပြင်ဖို့ ကောင်းတယ်´´ဟု သွားပြောလိုက်လို့ ကတော့ ရေရေလည်လည်ဒေါကန်ပီးနင်နဲ့ ဘာဆိုင်လို့ လည်း ငါ့ဘာသာ ဘယ်လို
နေနေ နင့်အပူလား´´ ဘာညာဖြင့် ကတ်ကတ်လန် ပြန်
ရန်တွေ့မှာ အသေအချာ..ရန် အုတ်ခုံပေါ် ခြေချိတ် ထိုင်
ရင်း မေးလေးပွတ်ပီး အကြံကောင်း ဥာဏ်ကောင်းလေး
များ ရလိုရငြား အားထုတ်နေမိလေ၏ ။

တွေ့သမျှကူးချ.၁၆. | Ecency