အားပေးအားမြှောက်လုပ်နေတာလားလို့ ထင်ချင်သလို ထင်ပါ။
အားပေးအားမြှောက်လုပ်ရအောင် ကိုယ်နဲ့လည်း ဘာမှမဆိုင်ပါ။ ဘာမှလည်း မရပါ။
ဒါပေမယ့် နောက်ကိုးလအကြာမှာ ဆေးရုံမှာ ထားပစ်ခံရတဲ့ ကလေးတွေ၊ တိုက်ပေါ်က ပစ်ချခံရမယ့်ကလေးတွေ၊ မိဘမဲ့ဂေဟာရောက်ကြမယ့် ကလေးတွေရဲ့ မျက်နှာကို ကြည့်ပြီး ရေးပါတယ်။
လတ်တလောဖြစ်နေတဲ့ စိတ်အခြေအနေက
ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတာပဲ။
ဝမ်းနည်းနေ စိတ်ဓါတ်ကျနေတာတွေထက် ဆိုးတဲ့ စိတ်အခြေအနေပဲ။
ငါ ဒီ့ထက် လုပ်နိုင်တယ်
ငါ ဒီ့ထက် ကြိုးစားနိုင်တယ်
ငါ ဒီ့ထက် ပိုဖြစ်ရမယ် စသဖြင့် တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် Alertဖြစ်နေတယ်။
ဘာနဲ့အနီးစပ်ဆုံးတူနေသလဲဆိုတော့ မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် ဖီလင်နဲ့ တူနေတယ်။
လက်ရှိအခြေအနေကို အားမရသေးဘူး။
ပိုအရှိန်မြှင့်ချင်တယ်။ အလုပ်တွေ တိုးတက်ချင်တယ်။
ဘွဲ့တစ်ခုလောက် ထပ်ယူချင်တယ်။
ဘာသာစကားတစ်ခုခု တတ်ချင်တယ်။
ကားမောင်းအမြန်တတ်ချင်တယ်။ ရေကူးတတ်ချင်တယ်။ စာတွေအများကြီးဖတ်ပြီး အသိတရားတွေ Upgrade လုပ်ချင်သေးတယ်။
Gymဆော့ချင်တယ်။ ပိန်ချင်တယ်။ ကျန်းမာချင်တယ်။
ပိုလှချင်တယ်။
လောဘတွေ ဖိစီးနှိပ်စက်နေတဲ့ အချိန်ဆိုပါတော့။
ပြောလို့သာ ပြောနေတာ လူလည်းတစ်ချက်မှ မနားဘူး။
စိတ်သွားနေတဲ့နောက်ကို လူကမလိုက်နိုင်ချင်တော့ဘူး။ ဒီလထဲ ခရီးတစ်ခုသွားရမယ်။ လကုန်မှာ စာအုပ်ထွက်ဖို့ Runနေရတယ်။ နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းနှစ်ခုခွဲတိတိရှိတယ်။ အိမ်အလုပ်တွေ၊ ချက်တာပြုတ်တာတွေ ရှိတယ်။ လူမှုရေးတွေ ရှိတယ်။
သူငယ်ချင်းတစ်ယောက်က တအံ့တသြပြောတယ်။
ဒီလောက် မနားတမ်းrunနေတာ စတုတ္ထစာအုပ်ထွက်မယ်ဆိုတော့ စာတွေက ဘယ်အချိန်ရေးတာလားတဲ့။
ဖေ့စ်ဘုတ်မှာ တက်တက်ရေးနေတာကိုလည်း သူအံ့သြတယ်တဲ့။
မိတ်ဆွေတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် အားမရကြောင်း ရင်ဖွင့်တော့
ကိုယ့်အသက်နဲ့ လက်ရှိအခြေအနေကိုချိန်
အားမရစရာ ဘာမှမရှိဘူးဆိုတော့လည်း ဟုတ်ပြန်ရော။
ဒါပေမယ့် အဲ့ဒီ့အားမလို အားမရစိတ်က ရပ်မသွားဘူး။
တရားပဲ ပြေးထိုင်ရမလား
ကျောင်းပဲ ပြေးတက်ရမလား
အလုပ်ပဲ ပြေးလုပ်ရမလား
အနားပဲ ပြေးယူလိုက်ရမလားပဲ။
နေရင်းထိုင်ရင်း ပလိန်းကြီးကို ကိုယ့်ကိုယ်ကိုယ်
သောက်ပျင်းကျနေတယ် ထင်နေတာ ခက်တာပဲ။ မျက်စိတစ်ဆုံး ဖွေးဖွေးလှုပ်နေတဲ့ ဆီမုန်ညှင်းခင်းကြီးရယ်
တိမ်စိုင်တွေ ဟိုတစ်စဒီတစ်စလွင့်နေတဲ့ ကောင်းကင်ပြာကြီးရယ်
အဲ့နှစ်ခု ထိစပ်နေတယ် ထင်ရလောက်အောင် ကျယ်ပြန့်တဲ့ မြင်ကွင်းကြီးရယ်
အဲ့အလှတရားကို ဘယ်လိုကင်မရာမျိုးက
လုံလောက်အောင် ဖမ်းယူနိုင်ပါ့မလဲကွယ်...
အဲ့ဒါနဲ့ပဲ
ဓါတ်ပုံကို ကိုယ့်ရုပ်ခံလေးနဲ့ လှမ်းထိန်းလိုက်ရတယ်
အယ့်လယ်ဒီတစ်ပတ်ထဲမှာပဲ သက်ငယ်မုဒိမ်းမှု နှစ်ခုဖတ်ရတယ်။
တစ်ခုက မကွေးတိုင်းထဲက
တစ်ခုက ရန်ကုန်မြို့ပေါ်က
အတော် စိတ်မသက်မသာ ဖြစ်မိတယ်။
သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်လာရင် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်သူတွေကို အသိပေးဝန်းရံခိုင်းတာ ပိုသင့်တော်ပါတယ်။
ပထမဆုံးအနေနဲ့ Pregnancy ကို တားမြစ်ဖို့
တားဆေးကို ၄၈နာရီအတွင်း တိုက်သင့်ပါတယ်။
အသက်အရမ်းငယ်လွန်းသေးရင်တော့ မလိုပေမယ့်
တစ်ခါတရံ အပျိုဖော်မဝင်ခင် (ရာသီမလာသေးခင်) အရွယ်ပေမယ့် ကိုယ်ဝန်ရှိသွားတတ်တာမျိုးတွေ ရှိပါတယ်။
အချို့က အပျိုမှမဖြစ်သေးတာ တိုက်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်ချင်း မတူတတ်ကြတဲ့အတွက် ၄၈နာရီအတွင်း ဆေးတိုက်မိဖို့ လိုအပ်ပါတယ်။
နောက်တစ်ဆင့်ကတော့ လိင်ကနေတဆင့် ကူးဆက်တတ်တဲ့ ရောဂါတွေ (HIV, Bပိုး,Cပိုး,ဆစ်ဖလစ်) စတာတွေကို ကာကွယ်ဖို့အတွက် ဆေးစစ်တာတွေ၊ ဆေးတိုက်တာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လိုအပ်ပါတယ်။
နောက်တစ်ဆင့်က သူတို
ဒါက ကိုယ်သိသလောက် ရေးပြတာပါ။
Valentine’s Day ဟာ ချစ်သူတွေနဲ့ပဲ ပတ်သက်တဲ့ နေ့မျိုးမဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာကို ပြသတဲ့အနေနဲ့ ကဒ်ကလေးတွေ လက်ဆောင်လေးတွေ အပြန်အလှန်ပေးပို့ကြပါတယ်တဲ့။
ကိုယ်တို့နိုင်ငံမှာတော့ Valentine’s Dayဆိုရင် ချစ်သူတွေအင်္ကျီဆင်တူလေးတွေနဲ့ ချိန်းတွေ့ကြ လည်ပတ်ကြနဲ့ ချစ်စရာကောင်းပါတယ်။
ဒါပေမယ့် ဘေးထွက်ဆိုးကျိုးကတော့ နည်းနည်းများလာတယ်။
အဲ့နေ့အတွက် ဟိုတယ်တွေမှာ လူအပြည့်ပါပဲ။
ချစ်ခြင်းမေတ္တာကို ကာမနဲ့ သက်သေပြခိုင်းတယ်။
ချစ်သူများနေ့လက်ဆောင်ဆိုပြီး ခပ်ဆိုးဆိုး နာမည်တပ်ပစ်လိုက်ကြတယ်။
St.Valentine ဟာ အသက်နဲ့လဲပြီး လက်ထပ်ခြင်းကို ချီးမြှောက်ခဲ့ပါတယ်။
စေ့စေ့တွေးကြည့်ရင် ချစ်သူများနေ့ရဲ့ အနှစ်သာရဟာ လက်ထပ်ခြင်းပါ။
လက်မထပ်ဘဲ အတူနေခြင်း မဟုတ်ပါဘူး။
ရောမအင်ပါယာကြီး တန်ခိုးထွားစဉ်အချိန်ကာလကပေါ့ကွယ်။
စစ်ရေးကို အာရုံစိုက်တဲ့ အချိန်ကာလဖြစ်တာကြောင့်
စစ်မှုထမ်းတွေဟာ ဇနီးမယားကို တမ်းတသတိရနေကြတာကြောင့် စစ်ရေးမှာ အာရုံမရကြဘူးဆိုပြီး
ရောမမှာ လက်ထပ်ခြင်းကို ပိတ်ပင်တဲ့အမိန့်ရှိတယ်။
ဘုန်းတော်ကြီး St.Valentine ဟာ တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်ပြီး ချစ်သူတွေကို လက်ထပ်ပေးခဲ့တယ်။
အဲ့ဒီ့အပြစ်ကြောင့် St.Valentineဟာ ကွပ်မျက်ခံခဲ့ရတယ်။
St.Valentineကို ဂုဏ်ပြုတဲ့အနေနဲ့ Feb14ရက်နေ့ကို
Valentine’s Day လို့ သတ်မှတ်ခဲ့တယ်လို့ ဖတ်ဖူးတယ်။
Valentine’s Day ဟာ ချစ်သူတွေနဲ့ပဲ ပတ်သက်တဲ့ နေ့မျိုးမဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာကို ပြသတဲ့အနေနဲ့ ကဒ်ကလေးတွေ လက်ဆောင်လေးတွေ အပြန်အလှန်ပေးပို့ကြပါတယ်တဲ့။
ကိုယ်တို့နိုင်ငံမှာတော့ Valentine’s Dayဆိုရင် ချစ်သူတွေအင်္ကျီဆင်တူလေးတွေနဲ့ ချိန်းတွေ့ကြ လည်ပတ်ကြနဲ့ ချစ်စရာကောင်းပါတယ်။
ဒါပေမယ့် ဘေးထွက်ဆိုးကျိုးကတော့ နည်းနည်းများလာတယ်။
အဲ့နေ့အတွက် ဟိုတယ်တွေမှာ လူအပြည့်ပါပဲ။
ချစ်ခြင်းမေတ္တာကို ကာမနဲ့ သက်သေပြခိုင်းတယ်။
ချစ်သူများနေ့လက်ဆောင်ဆိုပြီး ခပ်ဆိုးဆိုး နာမည်တပ်ပစ်လိုက်ကြတယ်။
St.Valentine ဟာ အသက်နဲ့လဲပြီး လက်ထပ်ခြင်းကို ချီးမြှောက်ခဲ့ပါတယ်။
စေ့စေ့တွေးကြည့်ရင် ချစ်သူများနေ့ရဲ့ အနှစ်သာရဟာ လက်ထပ်ခြင်းပါ။
လက်မထပ်ဘဲ အတူနေခြင်း မဟုတ်ပါဘူး။
ကိုယ် ခေတ်လူငယ်ပါ... အပျိုစင်တရားမဟောပါဘူး။
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံပါ။
နှမချင်းသားချင်း ကိုယ်ချင်းစာပါတို့
ပန်းလေးတွေလို အလှကြည့်ပါတို့တွေ ပြောလို့
ဆေးမမှီတော့တာလည်း နားလည်ပါတယ်။
ကိုယ်ရေးလို့လည်း သွားမယ့်သူက သွားမှာပဲ။
မသွားမယ့်သူက မသွားဘူးပဲ။
ဒါဆို ဘာလို့ အရစ်ရှည်နေလဲ မေးရင် ဖြေပါမယ်။
အတူနေပြီးနောက် နောက်ဆက်တွဲပြဿနာတွေပါ။
လိုချင်တာ ရသွားပြီးနောက် အချိုရည်ကုန်သွားတဲ့အခါ စွန့်ပစ်ခံရမှုတွေ တန်ဖိုးမဲ့ပလစ်ခံရမှုတွေက တဖြည်းဖြည်းလာပါလိမ့်မယ်။
ဒါကလည်း ပြောပြီးတဲ့အတိုင်း ကိုယ်လုပ် ကိုယ်ဖြစ်
ကိုယ်ဖြစ်ကိုယ်ခံပါ။
ကိုယ်လုပ်ပြီး သူတပါးခံရမှာစိုးလို့ နည်းနည်းပြောပါရစေ။
တစ်ကြိမ်တည်းနဲ့လည်း ကိုယ်ဝန်ရနိုင်ပါတယ်။
ပဋိသန္ဓေတားဆေးဟာ ၄၈နာရီအတွင်း သောက်ရပါတယ်။ ပိုက်ဆံမတတ်နိုင်ရအောင် ဟိုတယ်ခလောက်ကို ဈေးမကြီးပါဘူး။ အအေးတစ်ခွက်စာ၊ ကော်ဖီတစ်ခွက်စာပဲ ရှိပါတယ်။
မလိုလားဘဲ ကိုယ်ဝန်ရလာရင် ဒချိရတဲ့ တစ်ခဏထက်
ဒုက္ခများလွန်းတယ်ဆိုတာ မပြောဘဲ သိလောက်မှာပါ။
လက်မထပ်ဘဲ အတူမနေသင့်ပါဘူး။
နေပြီးသွားရင်လည်း တာဝန်ယူသင့်ပါတယ်။
မယူနိုင်ဘူးဆိုရင်လည်း တားဆေးတိုက်ဖို့ တာဝန်ယူသင့်ပါတယ်။
ယောက်ျားလေးဘက်က တားဆေးတိုက်ဖို့ တာဝန်မယူရင် မိန်းကလေးက ကိုယ့်ဘာသာဝယ်သောက်ပါ။
ဟိုတယ်သွားတာတောင် မရှက်ရင် ဆေးဆိုင်မှာဆေးဝယ်ဖို့လို့လည်း မရှက်ပါနဲ့။
တားဆေးတောင်ဝယ်တိုက်ဖို့ တာဝန်မကျေတဲ့ကောင်က ဗိုက်ကြီးလာရင် တာဝန်ယူမယ်ထင်တာ သိပ်ကိုနွားကျတဲ့ အတွေးအခေါ်ပါ။
ဘာလို့ ကွန်ဒုံးသုံးဖို့ မပြောလဲမေးရင် ဖြေပါမယ်။
ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်ပစ္စည်းနဲ့ကိုယ် ယွကြတာ
အေပဲကိုက်ကိုက် လဲပဲသေသေ စိတ်မဝင်စားပါ။
အားပေးအားမြှောက်လုပ်နေတာလားလို့ ထင်ချင်သလို ထင်ပါ။
အားပေးအားမြှောက်လုပ်ရအောင် ကိုယ်နဲ့လည်း ဘာမှမဆိုင်ပါ။ ဘာမှလည်း မရပါ။
ဒါပေမယ့် နောက်ကိုးလအကြာမှာ ဆေးရုံမှာ ထားပစ်ခံရတဲ့ ကလေးတွေ၊ တိုက်ပေါ်က ပစ်ချခံရမယ့်ကလေးတွေ၊ မိဘမဲ့ဂေဟာရောက်ကြမယ့် ကလေးတွေရဲ့ မျက်နှာကို ကြည့်ပြီး ရေးပါတယ်။
သားအိမ်ကို ဖဲထီးသံချောင်းနဲ့ အမွှေခံရလို့ သံဆိပ်တက်ပြီး သေကြရတာ ပုံပြင်မဟုတ်ပါဘူး။
ဒါလေးဖတ်ပြီးမှ Valentine ကြပါ ညီမ