ဆွေးမျိုးမဟုတ်ဖူးငွေမျိုး

Words
100
Reading
1 min
Listen
Play
9y

ဆွေမျိုးကို ​လေအိုး​ပေးပြီး နှစ်​သိမ့်​လိုမရဘူး။
ငွေအိုး​ပေးနိုင်​မှ ​ဆွေမျိုးက ချစ်​ပြလိမ့်​မယ်​။

ငွေဒင်္ဂါးကို ​ထွေခင်းပြလိုက်
ကွေကွင်းမသွားပဲ စံမြန်းပြလိမ့်​မယ်​။

ရွှေနဲ့ငွေသာပြလိုက် ​ဆယ်​ဝမ်းကွဲ​တော်​​နေပါ​စေ
တစ်​ဖင်​ထဲ ​မွေးထားသလို ချစ်ပြလိမ့်​မယ်​။

ငွေမရှာနိုင်​လို့က​တော့ ​ပေတစ်ရာေ​ပါ် ​ငွေအသပြာမပါပဲ​သေသွားကြည့်​ ငိုမယ့်​သူ​ ရောက်​မလာဘူး။

စု​ဆောင်း​ငွေမရှိလို့က​တော့ အိုဇာမ​ပြောနဲ့ ငိုတာ​တောင်
မျက်​ရည်​​ပေါ​နေလားလို့ ​လာမေးလိမ့်​မယ်​။

ထိုင်​စားဖို့ နေ​နေသာ ငိုင်​​နေရင်​​တောင်​ အား​နေလားလို့​မေးသွားလိမ့်​မယ်​။

ကြည်​ဖြူဖို့ အသာထားလိုက်​ ငြူစူရင်​​တောင်​ မျက်စောင်းက ထိုးချင်​​သေးတယ်​။

ရွှေမရှိ ငွေမရှိရင်​ လမ်း​ပေါ်​ရောက်​သွားရင်​​တောင်
လှမ်း​ခေါ်ထားမယ့်​ သူမရှိဘူး။

ငွေမရှိရင်​ တစ်ခြားသူနဲ့ အူတိုဖို့မ​ပြောနဲ့ 
လူပိုလို့သတ်​မှတ်​ပြီး တစ်​​နေ့ကို ၃ ကြိမ်​​လောက်
သင်္ချိုင်းကို မျက်​​စောင်းထိုးပြီး ပို့နေတာ

အ​ဖြေရှာကြည့်​ ​သေရာထိ ​ငွေမရှိရင်
အ​ကျွေးအ​မွေး​တောင်​ တင့်​တယ်​​အောင်​ မလုပ်​​ပေးဘူး။

ဘယ်​​လောက်​ပဲ ထက်​မြက်​ပါ​စေ အ​ထောက်​ပံ့ မ​ပေးလို့က​တော့ အသက်​ရှိတယ်​လို့တောင်​ မသတ်မှတ်​ဘူး

မေတ္တာ သစ္စာတွေကို ခဏထားလိုက်​ ချစ်​စရာ ​ငွေမရှိရင်​ မိသားစုထဲ​မှာတောင်​ လူရာမဝင်​ဘူး။

ရွှေအ​ကြောင်း ဖ​ယောင်းသိသလို ​ငွေအ​ကြောင်းသိချင် တယ်​ ဆိုရင်​ ​ဆွေမျိုးဘယ်​​လောက်​ခင်​သလဲ​ ပေါသလဲ
ဆိုတာနဲ့သာ တိုင်းကြည့်​​ပေ​တော့

ဆိုလိုချင်​တာကေ​​ဆွမျိုးအသိုင်းဝိုင်းထဲမှာ
လူရာဝင်​ဆံ့​​စေဖို့အတွက်​ဆိုရင်​ ဒီ​ခေတ်​ကြီးထဲမှာ ​ငွေရှာတတ်​ဖို့လိုတယ်​။

ငွေမရှာတတ်​သူဟာ ဘာနဲ့တူသလဲဆို​တော့
ငုတ်​တုတ်​ထိုင်​ပြီး အရှင်​လတ်​လတ်​​ သေ​နေတာနဲ့ တူတယ်​။

အခြွေအရံ ဆိုတာကလည်း သူ​ခြွေနိုင်​မှသာ ကိုယ့်​ကိုယ်​လာပြီး ရံထားတတ်​တာမျိုးပါ။

ဒါ​ကြောင့်​ ​ဆွေမျိုး​တွေချစ်​​အောင်
ငွေရှာနည်း​လေး​တော့ သင်​ထားကြပါ သူငယ်​ချင်းတို့

ee.jpg

ဆွေးမျိုးမဟုတ်ဖူးငွေမျိုး | Ecency