Samurai

Words
131
Reading
1 min
Listen
Play
9y

ဂျပန်ဆာမူရိုင်းတွေ အကြောင်း

ဆာမူရိုင်းဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။

ဆာမူရိုင်းဆိုတာနဲ့ ဓားရှည်ကိုင်ထားတဲ့ ဂျပန်အမျိုးသားတွေကို ပြေးမြင်မိကြမှာပါ။ ဒါကြောင့် ဆာမူရိုင်းတွေအကြောင်း ဖော်ပြပါမယ်။ ဂျပန်ဆာမူရိုင်းဆိုတာ စက်မှုထွန်းကားတဲ့ခေတ်မတိုင်မီ စစ်တပ်အတွင်း မြင့်မားတဲ့ဂုဏ်ရည်ရှိတဲ့ ရာထူးအဆင့်အတန်းတစ်ခုဖြစ်ပါတယ်။

download.jpg

၆ ရာစုနှစ်အတွင်း စစ်သူရဲတွေနဲ့ ခြေလျင်စစ်သည်တော်တွေဟာ ပထမဆုံးဆာမူရိုင်းအဆင့် ခွဲခြားသတ်မှတ်မှုကို စတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ တန်တရုတ်တွေနဲ့ ဆေလာတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေအတွင်းမှာ ဂျပန်တို့ ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီး ကြီးကျယ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီထဲက အရေးကြီးဆုံးတစ်ခုကတော့ တန်ဂျီဘုရင်က ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည်ပြုပြင်ရေး ဖြစ်ပါတယ်။

samurai-armor54812622118518462.jpeg

ဒီပြုပြင်ရေးအမိန့်တော်ဟာ တရုတ်တို့ရဲ့ ယဉ်ကျေးမှုထုံးစံတွေနဲ့ အုပ်ချုပ်ရေး နည်းလမ်းတွေကို ဂျပန်အစိုးရနဲ့ဗျူရိုကရေစီအုပ်ချုပ်ယန္တရား တွေမှာ အစပျိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘုရင်မိုမုလက်ထက်မှာတော့ အရွယ်ရောက်ပြီး ယောကျာ်းလေး ၃၊ ၄ ယောက်မှာ တစ်ယောက်မျှ နိုင်ငံ့တပ်မတော်မှာ စစ်မှုထမ်းဖို့ ဥပဒေကို စတင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာ တော်ဝင်အစိုးရကနေ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားတဲ့ စစ်တပ်ပုံစံကို ဖွဲ့စည်းဖို့ ပထမဆုံးကြိုးပမ်းမှုဖြစ်ပါတယ်။ ဂျပန်တို့ရဲ့ တိုင်းဟိုဥပဒေမှာ မင်းမှုထမ်းတွေကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီမှာ နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားပါတယ်။ ပထမဆုံးအဆင့်က ဘုရင်ရဲ့ အဆင့်မြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်ပြီး အဆင့် ၆ နဲ့ အောက်ကို ဆာမူရိုင်းလို့ သတ်မှတ်ပြီး နိစ္စဓူဝကိစ္စတွေကို ထိတွေ့တာဝန်ယူရပါတယ်။

kn-a5001-6-f-p1.jpg
ဆာမူရိုင်းတွေဟာ အရပ်သားဘုရင့်အမှုထမ်းတွေဖြစ်ပေမယ့်လည်း အဲဒီအမည်ကနေ ဆင်းသက်လာတယ်လို့ ယုံကြည်ရပါတယ်။ ဆာမူရိုင်းဟာ တရုတ်နဲ့ ဂျပန်ဘာသာစကားလုံးတွေနဲ့ ဆက်စပ်နေပြီး ဂျပန်ဘာသာမှာတော့ saburau (ဆာဘူရူ) ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်နေပါတယ်။ အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ်ကြည့်ရှုသူလို့ အဓိပ္ပါယ်ရပြီး နောက်ပိုင်းမှာ ဆူဘူရိုင်း၊ ဆာဘူရိုင်းကနေမှ ဆာမူရိုင်းဆိုတဲ့ အခေါ်အဝေါ်ကို ကူးပြောင်းလာခဲ့တာဖြစ်ပါတယ်။ ၁၂ ရာစုအကုန်ပိုင်းမှာတော့ ဆာဘူရိုင်းဆိုတဲ့ အသုံးအနှုန်းစကားလုံးကို ဘူရှိဆိုတဲ့စကားလုံးနဲ့ အဓိပ္ပါယ်တူသုံးစွဲခဲ့ကြပြီး အဲဒီစကားလုံးကို အလယ်တန်းစားနဲ့ အထက်တန်းစားစစ်သူရဲတို့ရဲ့ ရာထူးအဆင့်အတန်းတွေနဲ့ ဆက်စပ်သုံးစွဲလေ့ရှိပါတယ်။

Ref : wikipedia

Credit - google photo

Samurai | Ecency