ကဗျာဝကမ်း​ခြေ

Words
57
Reading
1 min
Listen
Play
9y

သာယာလှပတဲ့ ကမ်းခြေလေးတစ်ခု

ပင်လယ်ကမ်းခြေရဲ့ သဘာဝအလှတရားတွေကို ကြိုက်နှစ်သက်ခံစားချင်တဲ့သူတွေအတွက် ကမ်းခြေလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကမ်းခြေလေးရဲ့ နာမည်ကတော့ ကဗျာဝကမ်းခြေ လေးဖြစ်ပါတယ် ။ နာမည်နဲ့လိုက်အောင် ကဗျာဆန်ပြီး လှပတဲ့ကမ်းခြေလေးတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။

image
မော်လမြိုင်ကနေ ၃နာရီလောက်ကားစီးရင် ကဗျာဝကမ်းခြေကိုရောက်မှာဖြစ်ပါတယ်။ မော်လမြိုင်မြို့နဲ့ ရေးမြို့လမ်းတစ်လျှောက်လုံးမှာတော့ ရာဘာပင်တွေအစီအရီနဲ့ သိပ်လှပြီးကြည့်ကောင်းပါတယ်။

ကဗျာဝကမ်း ခြေရောက်ပြီဆိုရင် ကြည်လင်နေတဲ့ရေပြာပြာနဲ့ အဝါရောင်သန်းပြီးလှပတဲ့သဲတွေကို မြင်တွေ့လိုက်ရင် စိတ်ချမ်းမြေ့ကြည်နူးမှုကို အပြည့်အဝခံစားရမှာပါ။

မြင်တွေ့ရတဲ့ရှုခင်းတွေကလည်း သိပ်လှတာမို့ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေအတွက် ဒီကမ်းခြေလေးက အဆင်ပြေစေမှာပါ။

အစားအစာတွေမှာဆိုရင် လည်းပင်လယ်စာတွေရနိုင်ပြီး လတ်ဆက်တာကြောင့် စားရတာခံတွင်းတွေ့ စေမှာဖြစ်ပါတယ်။

image
ပင်လယ်စာတွေရဲ့ဈေးနှုန်းကလည်း သိပ်မကြီးဘူးဆိုတော့ စားရတာတန်မှာပါ။ လက်ဆောင်ပစ္စည်းတွေ ဝယ်ချင်တယ်ဆိုရင်တော့ ငါးခြောက်တွေပေါပြီး မွန်ရိုးရာအထည်တွေကိုဝယ်ယူနိုင်ပါတယ်။

image

သာယာလှပတဲ့ ကမ်းခြေလေးတစ်ခုဖြစ်တာကြောင့် သွားရောက်လည်ပတ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Credit-google photo

SMT-24

ကဗျာဝကမ်း​ခြေ | Ecency