Mother language Learning part (2)

zawhtet(39)
Published in
#esteem
Words
86
Reading
1 min
Listen
Play
8y

မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားတို့ရှိ ​ဝေါဟာရတို့ကို နှိုင်းယှဉ်​​လေ့လာတင်​ရာ၌ ​ဝေါဟာရတို့၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုတို့အ​ပေါ် အ​ခြေခံ၍ ​လေ့လာထားပါသည်​။
၁။ အ​လေ့လာခံ​ဒေသများ
၂။ ​ဒေသိယစကားများ
၃။ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားနှိုင်းယှဉ်​​လေ့လာချက်
၎။ ခြုံငုံသုံးသပ်​ချက်​ဟူ၍ အပိုင်းများခွဲကာ တင်​ပြမည်​ဖြစ်​ပါသည်​။
၁။ အ​လေ့လာခံ​ဒေသများ
မြောက်​ဦး​ဒေသိယစကားသည်​ မြန်​မာနိုင်​ငံ၏ အ​နောက်​ပိုင်းတွင်​ရှိပြီး ဗန်း​မော်​ခရိုင်​သည်​ မြန်​မာနိုင်​ငံ၏ ​မြောက်​ပိုင်းတွင်​ရှိ​သော ​ဒေသဖြစ်​ပါသည်​။ မြန်​မာနိုင်​ငံ၏ အ​နောက်​ပိုင်းတွင်​ရှိ ​မြောက်​ဦး​ဒေသိယစကားနှင့်​ မြန်​မာနိုင်​ငံ၏ ​မြောက်​ပိုင်းတွင်​ရှိ​သော ဗန်း​မော်​​ဒေသိယစကား တို့ကို နှိုင်းယှဉ်​​လေ့လာတင်​ပြမည်​ဖြစ်​ပါသည်​။
၂။ ​ဒေသိယစကား
ဘာသာစကားများတွင်​ ​ယေဘုယျအားဖြင့်​ ​ပြောဆိုသုံးနှုန်းမှု အ​ပေါ်မူတည်​၍ စံစကားနှင့်​ ​ဒေသိယစကားဟူ၍ နှစ်​မျိုးရှိသည်​။
စံစကားကို မြန်​မာပြည်​ရှိ လူအများနားလည်​လက်​ခံနိုင်​​သော စကား၊ လူအများ​ပြောဆို​နေ​သောစကား၊ ​ကျောင်းသုံး၊ ရုံးသုံးစကားဟု အဓိပ္ပါယ်​ သတ်​မှတ်​နိုင်​ပါသည်။
ဒေသိယစကားနှင့်​ပတ်​သက်​၍ ပညာရှင်​များ၏ အယူအဆကိုတင်​ပြရလျှင်​ ``​ဒေသိယစကား သည်​ သဒ္ဒါ၊ ​ဝေါဟာရအားဖြင့်​ သီးခြားဖြစ်​ပြီး ​ဒေသနှင့်​လူ့အဖွဲ့ အစည်း ဆိုင်​ရာတို့၏ ကွာခြားမှု​ကြောင့်​ ဖြစ်​​ပေါ်လာ​သော အသွင်​ကွဲ ဘာသာစကားဖြစ်​သည်​။ အ​ပြော​ဒေသိယစကားသည်​ ​လေသံ သို့မဟုတ်​ ကွဲပြား​နေ​သော အသံထွက်​များ ပါဝင်​သည်​။
လူ့အဖွဲ့အစည်း၏ အစိတ်​အပိုင်းတစ်​ရပ်​ သို့မဟုတ်​ သွားလာရန်​ခက်​ခဲ့​သော ​ရေ​မြေ​ဒေသရှိ လူအများ​ပြောဆို​နေ​သောစကားသည်​ မည်​သည့်​ဘာသာစကားတွင်​မဆို ​ဒေသိယစကားဖြစ်​လာနိုင်​ပါသည်​"ဟူ၍ ဖွင့်​ဆိုထားပါသည်​။

Mother language Learning part (2) | Ecency