ချမ်းသာဖို့ ဘာလုပ်ရမလဲ။

Words
75
Reading
1 min
Listen
Play
9y

ချမ်းသာချင်တဲ့သူတစ်ယောက်ဟာ အခြားသူတွေ အပေါ် တစ်စုံတစ်ရာ ပေးကမ်း နိုင်ရပါမယ်။ သင် များများ ပေးနိုင်လေလေ ချမ်းသာဖို့ အခွင့်အလမ်း များလာလေလေပါပဲ။သင်ဟာ လောကကြီးကို ဘာတွေ ပေး နိုင်လဲ ဘယ်လောက် အတိုင်းအတာ ပေးနိုင်လဲ အဲဒီလို ပေးနိုင်ဖို့ ဘာလောက်ထိ အနစ်နာ ခံနိုင်လဲ ဆုံးဖြတ်ဖို့ လိုပါတယ်။

ဥပမာ Facebook ဟာ ကမ္ဘာတစ်ဝန်းက လူတွေ အတွက် ကြီးမားတဲ့သတင်း အချက်အလက်ကို ထောက်ပံ့ ပေးနိုင်တယ်။လူပေါင်း 1 ဘီလီယံကို ကွန်ယက်ဖွဲ့ ထောက်ပံ့ပေးနိုင်ခဲ့တဲ့ အခြေ အနေ ထက် ယခု 2 ဘီလီယံ ကို ကွန်ယက် ထောက်ပံ့ပေးနိုင်လာတာက သူ့အတွက် ပိုမို ကြွယ်ဝလာဖို့ အခွင့်အလမ်း ရှိလာစေခဲ့တာ ဖြစ်ပါတယ်။

ဥပမာ သင့်ရဲ့ steemit post တစ်ခုဟာ လူဆယ်ယောက်ကိုအကျိုး ဖြစ်ထွန်းစေသလား။လူအယောက် တစ်ရာကို အကျိုးဖြစ်ထွန်းစေတဲ့ အနေအထား ရှိသလား။ အနှစ်ချုပ်လိုက်ရင်တော့ သင်ပေးနိုင်သလောက် သင်ပြန်ရမှာ ဖြစ်ပြီး သင်ပေးနိုင်လေလေ ချမ်းသာဖို့ အခွင့်အလမ်း များလေလေ ဖြစ်ပါတယ်။

image

ချမ်းသာဖို့ ဘာလုပ်ရမလဲ။ | Ecency