အလဟသ ည

Words
73
Reading
1 min
Listen
Play
9y

မနက်က နှစ်နာရီ အချိန်လောက်မှာ ညီတစ်ယောက်က လာနှိုးတယ်။ဟေ့လူ ထတော့ ဘာစီပွဲ လာတော့မယ် တဲ့ ။ မအိပ်ခင် ကတည်းက သေချာနှိုးဖို့ မှာထားတာကိုး။အင်းအင်း လာခဲ့မယ်ဆိုတော့ သူက တန်းပြန်သွားတယ်။ထဖို့အားယူလိုက်တယ်။

ဒါပေမဲ့ ထဖို့နဲ့ မထဖို့ကို လွန်ဆွဲပြီး အားပြိုင်နေတယ်။ ဘောလုံးပွဲကြည့်တာ ဝါသနာတစ်ခု ဆိုပေမဲ့ အဲဒီလောက်ကြီး အစွဲလမ်း ကြီးမဟုတ်ဘူး။ မထပြန်ရင်လည်း ပြောပြီးစကားမတည်ရာ ရောက်မယ်။နောက်ဆုံးတော့ အိပ်ချင်တဲ့ စိတ်ကပဲ အနိုင်ယူသွားပါတယ်။

အဲဒီအချိန်ရောက်တော့လည်း ဘောလုံပွဲဆိုတာ မကြည့်ရလဲ ဘာမှ မဖြစ်ဘူး။ အေးဆေးပဲ ဆိုပြီး ကြည့်တဲ့သူတွေကို တောင် ဖောင်းထုချင်လိုက်သေးတယ်။ အင်း စိတ်ဆိုတာက အမျိုးမျိုး လှည့်စားတတ်တာပါလား။မကြည့်တော့ဘူးဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်ကြီးတော့ အိပ်စက်မရတော့ဘူး။

စိတ်ထဲမှာ လွန်ဆွဲပွဲတွေနဲ့ ဂယက်ထသွားတာကိုး။အစကတည်းက မအိပ်ခင် တည်းက သေချာဆုံးဖြတ်ထားရင် အိပ်ရေးဝဖို့ မျှော်လင့်ချက် ရှိလိမ့်ဦးမယ်။အခု အဖြစ်က ဘောလုံးရသလည်း မခံစားရ အိပ်ရေးလည်း မဝ။ စကားမတည်တဲ့သူလည်းဖြစ်။တစ်ပါးသူတွေကလည်း ကိုယ်ကို လေပါကွာ လို့မြင်။ သြော် ဘာမှ မရခဲ့တဲ့ ညတစ်ည ပါလားကွာ။

image

အလဟသ ည | Ecency