အချစ်ရေး

Words
76
Reading
1 min
Listen
Play
8y

ကြာသပတေးသားသမီးများဒီရက်အတွင်း အတိုက်အခံအပြိုင်အဆိုင်ကြီးစွာ ကြုံရတတ်ပြီး အတိုက်အခံမှန်သမျှကို အနိုင်ရပါလိမ့်မယ်။ မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တွေက ဒုက္ခပေးတတ်ပါတယ်။ အဖိုးတန် အိမ်ထောင်ပရိဘောဂတွေ ၀င်လာတတ်ပါတယ်။
image
အလုပ်တွေ တိုးချဲ့ပြီး အရှိန်မြှင့်သင့်တဲ့ အချိန်ကာလဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အကြောင်းမဲ့ စွပ်စွဲပြောဆိုခြင်းခံရပြီး အထင်လွဲခံရတတ်ပါတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဆရာသမားအကြီးအကဲထံကနေ အကူအညီကောင်း အကြံဥာဏ်ကောင်းတွေ ရရှိပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူထံကနေ ဘ၀မှာ အမှတ်တရဖြစ်စေမယ့် လက်ဆောင်တစ်ခုရတတ်ပါတယ်။ ပြဿနာဟောင်းလည်း ပြန်ပေါ်တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိအိမ်ထောင်ဘက်နဲ့ ငွေကို အကြောင်းပြုပြီး အချင်းများရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၄ နဲ့ ၁ ဖြစ်ပါတယ်။
သောကြာသားသမီးများဒီရက်တွေအတွင်း အထည်အလိပ်၊ ထီး၊ ဖိနပ်၊ နာရီတွေ ၀င်လာတတ်ပါတယ်။ ဘာမှန်းမသိပဲ အလုပ်တွေ ရှုပ်နေတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေက ကူညီမလိုလိုနဲ့ ဒုက္ခပေးသွားတတ်ပါတယ်။ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ခြင်း၊ အလုပ်နေရာပြောင်းရွှေ့ခြင်းတွေ မပြုလုပ်သင့်သေးပါဘူး။ လက်ရှိအခြေအနေထက် စီးပွားတက်ဖို့ အကြောင်းတွေ ပေါ်လာတတ်ပါတယ်။ လူမျိုးခြား နိုင်ငံခြားနဲ့ပတ်သက်ပြီး အဆက်အသွယ်ကောင်း၊ အကူအညီကောင်းတွေ ပေါ်လာတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အယူအဆကွဲပြားတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ တကျက်ကျက်ဖြစ်နေတတ်ပါတယ်။ ကံအကျိုးပေးဂဏန်းတွေကတော့ ၇ နဲ့ ၂ ဖြစ်ပါတယ်။

အချစ်ရေး | Ecency