နှစ်​ဆယ်​​ကျော်​အရွယ်

yena(15)
Published in
#esteem
Words
112
Reading
1 min
Listen
Play
9y

အသက်နှစ်ဆယ်ကျော်အရွယ်ဟာလည်း ဘဝအတွက်အကောင်းဆံုး အချိန်ကာလလေး တစ်ခုပါပဲ…..ကဲ ဒီလိုအရွယ်ကောင်းလေးမှာ WowBox တို့ပရိသတ်တွေဘာတွေများ လုပ်ကြည့်သင့်လဲ….
(၁) ဒီအချိန်မှာတစ်ယောက်တည်း ခရီးထွက်ကြည့် သင့်ပါပြီ။ ကိုယ်မရောက်ဖူးသေးသလို စိတ်ကြည့်နူးပြီး ဒေသန္တရဗဟုသုတလည်း တိုးပွားမယ့် နေရာတစ်ခုကို ဘယ်သူ့မှမခေါ်ဘဲ တစ်ယောက်တည်း သွားကြည့်ပါ။

(၂) ကိုယ့်အတွက် အနှစ် ၂၀ ကျော် ရုန်းကန်ကြိုးစားခဲ့ကြတဲ့ မိဘ၊ အုပ်ထိန်းသူတွေအတွက် ဆိုင်မှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် သူတို့ကြိုက်တဲ့ အစားအသောက် အပြင်အဆင်လေးတွေနဲ့ ကျေးဇူးတင်ဂုဏ်ပြုပွဲလေး လုပ်ပေး လိုက်ပါ။

(၃) “Plan in decades. Think in years. Work in months and live in days.” ဆိုတဲ့ ဆံုးမစကားလေး ရှိပါ တယ်။ လက်ရှိအရွယ်ကနေ နောက်ဆယ်နှစ်မှာ ကိုယ့်ဘ၀ပံုစံဘယ်လို ရှိရမယ်ဆိုတဲ့ အစီအစဥ်ထားရှိပြီး အချိန် ကို စနစ်တကျစတင်မြှုပ်နှံပါ။

(၄) တတ်ကျမ်း (သို့မဟုတ်) Self-help လို့ခေါ်တဲ့ စိတ်ဓာတ်ခွန်အားဖြည့် စာပေအမျိုးအစားထဲက စာအုပ် ကောင်းတစ်အုပ်ကို စတင်ဖတ်ရှုလိုက်ပါ။

(၅) ပြင်ဆင်ဖြည့်စွက်နိုင်ပြီး အမြဲအသင့်ရှိနေသင့်တဲ့ ကိုယ်ရေးအချက်အလက် (Résumé’) စာဖိုင်တစ်ခုကို ကွန်ပြူတာနဲ့ ရေးထားပါ။ လိုအပ်တဲ့ ထောက်ခံစာ၊ လက်မှတ်တွေကို ပြည့်ပြည့်စံုစံု Scan ဖတ်ပြီး Digital နည်းနဲ့ သိမ်းဆည်းပါ။ ကိုယ်ပိုင် Business Card တစ်ခုလည်း လုပ်ထားသင့်ပါတယ်။

(၆) အဓိကလေ့လာနေတဲ့ ပညာရပ်၊ လုပ်ငန်းနယ်ပယ်အပြင်ဘက်က တခြားကိုယ်စိတ်၀င်စားတဲ့ လေ့လာမှု အသစ်တစ်ခုကို တစ်ပတ် အချိန်လေးနာရီလောက်ပေးပြီး စတင်လိုက်ပါ။ အလူမီနီယံ အလှဆင်ပညာ၊ ဘာသာစကားအသစ်၊ အားကစားနည်းတစ်ခုခု ဒါမှမဟုတ် ဒီဂျေတီးတာတို့၊ အကသင်တာတို့ တစ်ခုခုပေါ့။

နှစ်​ဆယ်​​ကျော်​အရွယ်​ | Ecency