ငပိချက်​နည်း

yena(15)
Published in
#esteem
Words
114
Reading
1 min
Listen
Play
9y

ငါးပိဆိုတာ မြန်မာတို့ရဲ့ ဟင်းပွဲမှာ မပါမဖြစ်ပါပဲနော်။ ငါးပိရည်၊ ငါးပိချက်၊ ငါးပိထောင်းစသဖြင့် ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြလေ့ရှိပြီး ထမင်းမြိန်စေတဲ့တွဲဖက်ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။
ဒါကြောင့် မိသားစုဟင်းပွဲတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ မရမ်းသီးငါးပိချက်ချက်နည်းအကြောင်း တင်ပြပေးပါမယ်။

ပါဝင်ပစ္စည်းတွေကတော့ - မရမ်းသီး၊ ပုဇွန်ခြောက်၊ ငါးပိ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးခွဲကြမ်း၊ ငရုတ်သီးအလှော်မှုန့်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် (သို့) ဟင်းခတ်မှုန့်တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံကတော့ မရမ်းသီးကို ခွဲပြီးအစေ့ထုတ်ပါ။ အညီအမျှလှီးပြီး ငရုတ်ဆုံထဲထည့်ထောင်းပါ။ အရမ်းကြီး နုမသွားစေပဲ ခွဲကြမ်းဖတ်ပုံစံလေးဖြစ်အောင်သာထောင်းပါ။ ပြီးရင်တော့ ပုဇွန်ခြောက်ကို ထောင်းပါ။ ပြီးရင်တော့ ငရုတ်သီးခွဲကြမ်းဖတ်ရအောင် ထောင်းပါ။ အဲဒီနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို လှီးပြီး ညက်အောင်ထောင်းပါ။ ထောင်းမယ့်တာဝန်တွေ အကုန်ပြီးပြီဆိုရင်တော့ စချက်လို့ ရပါပြီ။ ဒယ်အိုးထဲမှာ ဆီများများထည့်ပါ။ ပြီးရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူရောထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါ။ အရောင်အတွက် နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ငါးပိထည့်ပါ။ ငါးပိကို မွမွလေးဖြစ်အောင် ဆီသတ်ကြော်ပေးပြီး မွမွလေးဖြစ်လာပြီဆိုရင် ပုဇွန်ခြောက်ထောင်းထားတာကိုထည့်ပါ။ ပြီးရင် ငရုတ်သီးခွဲခြမ်းဖတ်တွေ ထည့်ပါ။ ပြီးရင် မွှေပေးပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်ပြီဆိုရင် ခရမ်းချဉ်သီးကို လှီးပြီးထည့်ပါ။ မွှေပေးပါ။ တဖြည်းဖြည်းနဲ့ ခြောက်ကပ်ကပ်လေးဖြစ်လာပြီဆိုရင် ငရုတ်သီးအလှော်မှုန့်ထည့်ပါ။ အစပ်အရမ်းမကြိုက်ရင်တော့ လျှော့ထည့်ပါ။ ခဏအကြာ ခြောက်ပြီးမွှေးလာပြီဆိုရင် ဆား၊ ငံပြာရည်၊ အချိုမှုန့် (သို့) ဟင်းခတ်မှုန့် ထည့်ပါ။ အရသာအနေတော် အနေအထားရပြီဆိုရင်တော့ ခဏထပ်တည်ထားပါ။ ခရမ်းချဉ်သီးတွေ၊ ကြည်သွန်တွေ ပျော်ပြီး ဟင်းအနှစ်တွေ ဖြစ်လာပြီဆိုရင် ထောင်းထားတဲ့ မရမ်းသီးထည့်ပြီး မွှေပါ။ ပြီးရင် ဆီပြန်ဖြစ်လာတဲ့အထိ ချက်ပေးပါ။ ဆီပြန်ပြန်အနေအထားလေးရောက်ပြီဆိုရင်တော့ အရသာရှိတဲ့ မရမ်းသီးငါးပိချက်တစ်ခွက်ရရှိပြီပေါ့။ တခြားအဓိကဟင်းလျာတွေ မချက်ဖြစ်ရင်တောင် မရမ်းသီးငါးပိချက်လေးနဲ့ ထမင်းစားကြည့်တာနဲ့ ထမင်းမြိန်စေမှာဖြစ်ပါတယ်။

ငပိချက်​နည်း | Ecency