Jar ma

yena(15)
Published in
#esteem
Words
217
Reading
1 min
Listen
Play
9y

မာဆိုတာ တရုတ်နိုင်ငံမှာတင်မဟုတ်ဘူး၊ နိုင်ငံတကာကပါ လေးစားအားကျရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အမှန်တော့ လူကောင်သေးသေးနဲ့ ဂျက်မာဟာ ငယ်ငယ်ကတည်းက ကြိုးစားခဲ့သူတစ်ယောက်ပါ။
အင်္ဂလိပ်စာတတ်ချင်လွန်းလို့ မိုင် ၁၀၀ လောက်ဝေးတဲ့နေရာကို စက်ဘီးနင်းပြီးသွားရတယ်။ ပြီးမှ ဟိုတယ်မှာတည်းနေတဲ့ နိုင်ငံခြားသားတွေနဲ့ စကားပြောရပါတယ်။ သူက အင်္ဂလိပ်စကားပြောကို နေ့တိုင်းလေ့ကျင့်ခဲ့ပြီး နိုင်ငံခြားသားတွေနဲ့လည်း တောက်လှေျာက်စကားပြော လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

များသောအားဖြင့် ဂျက်မာဟာ နိုင်ငံခြားသားတွေကို tour guide အနေနဲ့ ဆောင်ရွက်ပေးပြီး အခကြေးငွေအစား သူ့ကို အင်္ဂလိပ်စာသင်ပေးဖို့ ဒါမှမဟုတ် သူနဲ့ စကားပြောလေ့ကျင့်ပေးဖို့ပဲ တောင်းဆိုခဲ့ပါတယ်။

အင်္ဂလိပ်စာကို အပြင်းအထန် လေ့ကျင့်ခဲ့တဲ့ ဂျက်မာဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာတော့ ကံမကောင်းပါဘူး။ မြန်မာနဲ့ ချိန်ပြီးပြောရရင် ၁၀ တန်းလေးကြိမ်ကျသူပါ။ နောက်မှ အောင်သွားပြီး E major အထူးပြုနဲ့ တက္ကသိုလ်တက်ရင်း ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး အလုပ်ပေါင်း ၃၀ လောက် လိုက်လှေျာက်ခဲ့ပေမယ့် တစ်ခုမှ မရပါဘူး။ နောက်တော့ မထူးဘူး ရဲထဲဝင်မယ်လုပ်ပြန် တော့လည်း အရည်အချင်းမမီဘူးဆိုပြီး အပယ်ခံရပြန်ပါတယ်။ တရုတ်မှာ KFC ဆိုင်တွေလာဖွင့်ချိန် သွားလှေျာက်ပြန်တော့ လည်း လူ ၂၄ ယောက်လှေျာက်တဲ့အထဲမှာ ၂၃ ယောက်အရွေးခံရပြီး ဂျက်မာတစ်ယောက် အရွေးမခံရပြန်ပါဘူး။

နောက်ဆံုး သူငယ်ချင်းအကူအညီနဲ့ ၁၉၉၄ ခုနှစ်မှာ အမေရိကန်ကိုရောက်သွားတဲ့အချိန် အင်တာနက်ကို စပြီး ထိတွေ့ခွင့်ရခဲ့ပါတယ်။ အင်တာနက်မှာ ဂျက်မှာ ပထမဆံုးရှာဖွေခဲ့တဲ့စကားလံုးက ဘီယာပါ။ အဲဒီလိုရှာကြည့်လိုက်ချိန်မှာ ဘီယာနဲ့ပတ်သက်ပြီး နိုင်ငံအသီးသီးက ဘီယာအမျိုးအစားတွေ ထွက်လာပေမယ့် တရုတ်နိုင်ငံကထုတ်တဲ့ဘီယာနဲ့ပတ်သက်ပြီး တစ်ခုမှ မတွေ့ရပါဘူး။ တခြားအကြောင်းအရာတွေရှာကြည့်ပြန်တော့လည်း ထိုနည်း၎ပါပဲ။ ဒါနဲ့ ဂျက်မာဟာ တရုတ်နိုင်ငံမှာ အချက်အလက်မှန်သမှျရှာလို့ရတဲ့ဝက်ဘ်ဆိုဒ်တစ်ခုထောင်ဖို့ အကြံရပါတယ်။

တရုတ်ပြည်ကိုပြန်လာပြီး ဝက်ဘ်ဆိုဒ်ရှာဖွေရေးကုမ္ပဏီထောင်ဖို့အတွက် ဒေါ်လာ ၂၀,၀၀၀ ရအောင် ဂျက်မာရော၊ သူ့မိန်းမရော၊ သူ့မိန်းမသူငယ်ချင်းပါ လိုက်ပြီး ရှာဖွေချေးငှားကြရပါတယ်။ အဲဒီလိုကနေ လုပ်လိုက်တာ ၃ နှစ်အတွင်း ဂျက်မာရဲ့ China Yellow Pages ဆိုတဲ့ ဝက်ဘ်ဆိုဒ်ဟာ ဒေါ်လာ ၈ သိန်း ရနေပါပြီ။

အဲဒီကနေမှ ၁၉၉၉ ရောက်တဲ့အချိန်မှာ ဂျက်မာဟာ Alibaba ဆိုတဲ့ ရောင်းဝယ်ရေးဝက်ဘ်ဆိုဒ်တစ်ခုကို သူ့နေအိမ် တိုက်ခန်းထဲမှာပဲ သူငယ်ချင်း ၁၈ ယောက်နဲ့စပြီး ဖန်တီးခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းမှာ Alibaba ဝက်ဘ်ဆိုဒ်ကနေ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅ သန်း ရရှိခဲ့ပါတယ်။

နောက်ပိုင်း Tabao ဆိုတဲ့ဝက်ဘ်ဆိုဒ်ကို ထူထောင်တဲ့အခါ တော်တော်လေးအောင်မြင်လာတာကြောင့် eBay က ဝယ်ဖို့ ကမ်းလှမ်းလာပေမယ့် ဂျက်မာက ငြင်းပယ်လိုက်ပြီး Yahoo ပူးတွဲထူထောင်သူ ဂျယ်ရီယန်းရဲ့ ဒေါ်လာ သန်း ၁ ထောင်တန် ရင်းနှီးမြှုပ်နှံမှုကိုပဲ လက်ခံခဲ့ပါတယ်။

တစ်ချိန်က ဘယ်သူမှ အလုပ်မခန့်ချင်တဲ့ လူဖလံလေးဂျက်မာဟာ အခုဆိုရင် လူတိုင်းက ချီးကျူးဂုဏ်ပြုရသူဖြစ်နေပါပြီ။ သူဟာ Forbes လို့ အစဥ်အလာကြီးမားတဲ့ မဂ္ဂဇင်းကြီးတွေမှာလည်း ကမာ္ဘ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးစာရင်းဝင်အနေနဲ့ ဖော်ပြခံနေရပါပြီ။

နောက်ပြီး ဂျက်မာဟာ ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်၊ မန်ဆာချူးဆက်တက္ကသိုလ်နဲ့ သူတက်ချင်ပေမယ့် ကျောင်းဝင်ခွင့် ပယ်ချခံခဲ့ရတဲ့ ဟားဗတ်တက္ကသိုလ်အပါအဝင် တက္ကသိုလ်တွေမှာ ဟောပြောပို့ချပေးဖို့ ဖိတ်ကြားခံနေရပါပြီ။ ၁၉၆၄ ခုနှစ်မွေးတဲ့ ဂျက်မာဟာ အခုဆို အသက် ၅၃ နှစ်ပဲ ရှိပါသေးတယ်။

ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိတဲ့အကြောင်း ဂျက်မာက သက်သေပြလိုက်တာပါပဲ။

Jar ma | Ecency