ကိုယ်ကျင့်တရားဟူသည်အဘယ်နည်း။ကိုယ်ကျင့်တရားဟူသည်မဖောက်ပြန်ခြင်းပင်ဖြစ်သည်။မဖောက်ပြန်ခြင်းဆိုသည်မှာလဲရိုးသားခြင်း|ဖြောင့်မတ်ခြင်း|တည်ကြည်ခြင်းတို့ပင်ဖြစ်သည်။ရိုးသားခြင်း|ဖြောင့်မတ်ခြင်း|တည်ကြည်ခြင်းဟူသောစကားလုံးအားလုံး၏အနက်မှာလည်းတစ်မျိုးတည်းသာထွက်ပေသည်။ယင်းကားမတရားမလုပ်ခြင်း|မဟုတ်မမှန်သည်ကိုမလုပ်ခြင်း|မတရားမှုကိုရှောင်ကြဉ်ခြင်း|မဟုတ်မမှန်သည်ကိုရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ဂုဏ်ကိုရှာဖွေလျင်ရနိုင်၏။ဝတ္ထုပစ္စည်းကိုဝယ်လျှင်ရနိုင်၏။ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းကိုမူရှာဖွေ၍သော်လည်းကောင်း|ဝယ်ယူ၍သော်လည်းကောင်းမရနိုင်ပေ။ရိုးသားဖြောင့်မတ်တည်ကြည်သောသူကိုလည်းနေရာဌာနတိုင်းတွင်မတွေ့နိုင်ချေ။
အချို့ကရိုးသားဖြောင့်မတ်ခြင်းကိုအ,သည်|န,သည်ဟုထင်ကြ၏။ဤထင်မြင်ယူဆချက်မှာမတရားမှုကိုထောက်ခံအားပေးသောယူဆချက်သာဖြစ်သည်။မသူတော်တို့၏အယူအဆဖြစ်၏။အကြောင်းသော်ကားရိုးဖြောင့်ခြင်းသည်ကိုယ်ပိုင်ဉာဏ်နှင့်ပြည့်စုံကြောင်းပင်ဖြစ်၍အ,န,ခြင်းမှာမူနလပိန်းတုံးဖြစ်ကြောင်းသက်သေခံအထောက်အထားဖြစ်သောကြောင့်တည်း။
အတန်းပညာတက်ရုံမျှဖြင့်ရိုးဖြောင့်သောသူမဖြစ်နိုင်ကြောင်းကိုလည်းသတိမူသင့်၏။အဘယ့်ကြောင့်ဆိုသော်အတန်းပညာအရည်အခြင်းသည်လောက၏အဆင်တန်ဆာမျှသာဖြစ်၍ရိုးဖြောင့်ခြင်းမှာမူလောက၏အခြေခံအုတ်မြစ်ဖြစ်သောကြောင့်ဖြစ်၏။မည်မျှပင်အတန်းပညာအရည်အချင်းရှိစေ|မည်မျှပင်အာဏာတန်ခိုးအစိုးရစေ|မည်မျှပင်စည်းစိမ်ဥစ္စာပြည့်စုံစေရိုးသားဖြောင့်မတ်တည်ကြည်ခြင်းဟူသောကိုယ်ကျင့်တရားနှင့်တန်ဆာမဆင်လျှင်ဂုဏ်သရေအစစ်အမှန်ရှိသူမဖြစ်နိုင်ချေ။
လောက၌အစစ်အမှန်ဟူသရွေ့သည်
ပတ္တမြားနှင့်အလားတူ၏။နိပါတ်တော်လာပတ္တမြားဂူသဖွယ်ဖြစ်၏။
ရှေးအခါကဝက်တစ်အုပ်သည်ခြင်္သေ့တစ်ကောင်ဖြတ်သန်းသွားသည်ကိုပတ္တမြားဂူတစ်ခုအတွင်းမှမြင်၏။ထိုအခါပတ္တမြားဂူအားညစ်ထေးသွားစေရန်လုံးပန်းကြ၏။ဂူကိုရွံ့များလိမ်းကျံနေသောမိမိတို့ကိုယ်ဖြင့်ပွတ်တွန်းကြ၏။ဝက်တို့သည်ပတ္တမြားဂူညစ်ထေးသွားစေရန်အစွမ်းကုန်ကြိုးစားကြသော်လည်းအချည်းနှီးသာဖြစ်၏။ဂူမှာမညစ်သည့်အပြင်တိုး၍ပင်ပြောင်လက်လာပေသေး၏။ဤနိပါတ်တော်လာဖြစ်ရပ်ကိုအကြောင်းပြု၍"ပတ္တမြားမှန်လျှင်နွံမှာနစ်သော်လည်းအရောင်မညစ်"ဟူသောဆိုရိုးစကားပင်ရှိနေပေသည်မဟုတ်ပါလော။
အစစ်အမှန်သည်လူ့လောက၌အပ်စပ်သောအကြောင်းချင်းဖြစ်သည်။သဘာဝကိုမလွန်ဆန်နိုင်သောလူသားတို့သည်အစစ်အမှန်ကိုလိုလားနှစ်သက်ကြသည်မှာဓမ္မတာသာလျှင်ဖြစ်ပေသည်။ထို့ကြောင့်ယနေ့ခေတ်လူငယ်များသည်ရိုးသားဖြောင့်မတ်တည်ကြည်ခြင်းဟူသောဂုဏ်ကိုကိုယ်တိုင်ကျင့်ကြံလိုက်နာသင့်ပေသည် အစဉ်လေးစားလျှက်.........
Z..K..L..ရွှေလည်