အားထုတ်မှု ဟူသည်

yemon(4)
Published in
#esteem
Words
6
Reading
1 min
Listen
Play
9y

image "ဘုရားတောင်အမှီမရှိရင်မပွင့်နိုင်ဘူး"ဤစကားသည်အရိုးမရှိသောလူ့ပက်ကျိတို့၏လက်သုံးမဟာစကားတော်ကြီးဖြစ်၏။"ကိုယ့်ကိုယ်ကိုယ်သာအားကိုးရမည်|ကိုယ်မှတစ်ပါးမည်သူကိုမျှအားကိုး၍မရ"ဟူသောတရားကိုဟောသောဘုရားသည်မည်သူကိုမှီခိုကပ်ရပ်၍ဘုရားအဖြစ်သို့ရောက်ရပါသနည်း။ယောက်ျားမြတ်တို့၏ဓမ္မတာနှင့်အညီကိုယ်တိုင်ကြိုးပမ်းခြင်းကြောင့်သာလူတို့၏ဆရာအဖြစ်သို့ရောက်ရသည်မဟုတ်ပါလော။ဆရာမကူသယမ္ဘူဉာဏ်ရှင်ဖြစ်သောဘုရားမှာအမှီရှိမှပွင့်နိုင်သည်ဆိုခြင်းကားလူဖျင်းလူညံ့တို့မို့ဆိုရက်သော်လည်းမှန်ကန်သောစကားမဟုတ်ချေ။
စင်စစ်သော်ကားကိုယ်တိုင်အားထုတ်မှအောင်မြင်မြဲဖြစ်၏။ကိုယ်ထူးကိုယ်ချွန်ခြင်းထက်ယောက်ျားပီသသောအလုပ်ရှိပါသေးသလော။အချို့လူညံ့လူဖျင်းများသည်ကိုယ်တိုင်ကြိုးပမ်းမှုကိုနားမလည်ရှာကြကုန်။ကြီးပွားသောသူ|အောင်မြင်သောသူ|တန်ခိုးရှိသောသူတို့အနက်သူများကိုမှီခို၍ကြီးပွားရသူ|အောင်မြင်ရသူ|တန်ခိုးရှိသောသူဘယ်နှစ်ဦးတွေ့ဖူးကြပါသနည်း။
ထိုမှတစ်ဖန်ကြီးပွားသောနိုင်ငံ|အောင်မြင်သောနိုင်ငံ|တန်ခိုးရှိသောနိုင်ငံများကိုလည်းကြည့်ကြပါဦးလော့။ဂျာမဏီနိုင်ငံသည်မည်သူကိုမှီခိုကပ်ရပ်ပါသနည်း။အမေရိကန်နိုင်ငံ|ပြင်သစ်နိုင်ငံ|အင်္ဂလန်နိုင်ငံတို့သည်လည်းသူတစ်ပါးကိုမှီခိုကပ်ရပ်၍တန်းခိုးကြီးမားလျက်နေကြပါသလော။အစစအရာရာတွင်ကိုယ်တိုင်အားထုတ်မှုရှိခြင်းကြောင့်သာတန်ခိုးရှင်|အာဏာရှင်များဖြစ်လာကြရလေသည်။
"စိုးပါနှင့်မေရယ်|မိုးကြယ်မို့လား|သည်တောင်ကိုမောင်ဖြိုပါ့မယ်မြင်းမိုရ်မို့လား"ဆိုသောတေးချင်းမျိုးနှင့်"ဥစ္စာရလိုဥစ္စာရခဲရမည်"ဆိုသောစကားပုံမျိုးသာလျှင်တိုးတက်မှု|ကြီးပွားမှု|တန်ခိုးရှိမှုစသည်တို့ကိုဖြစ်စေတတ်၏။ထို့ကြောင့်တိုင်းပြည်ရေးတွင်ငါတို့ကားကိုယ်တိုင်အုပ်ချုပ်မှု|လုံးဝလွတ်လပ်စွာနေရမှုအစရှိသောကြီးပွားမှု|တန်ခိုးရှိမှုများကိုကိုယ်တိုင်အားမထုတ်ဘဲသူတစ်ပါး၏အကူအညီအစောင်အမဖြင့်ရရှိလိမ့်မည်ဟုယုံကြည်ထင်မှတ်ခြင်းသည်လည်းများစွာရယ်ရွှင်ဖွယ်ကောင်းလေသည်။
သို့ဖြစ်ရကားကြီးပွားခြင်း|အောင်မြင်ခြင်း|တန်ခိုးရှိခြင်းတို့နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သောမှီခိုမှု|ကပ်ရပ်မှု|အလှေးအမွှားလုပ်မှုစသည်တို့ကိုအဖျင်းနိုင်သူ|အစွမ်းမရှိသူ|ဓားမနောက်ပိတ်ခွေးဆရာတို့အဖို့ထားပြီးနောက်ငါတို့သည်ကြီးပွားခြင်း|အောင်မြင်ခြင်း|တန်ခိုးကြီးခြင်း၏အကြောင်းဖြစ်သောကိုယ်ထူးကိုယ်ချွန်မှု|ကိုယ့်နှာခေါင်းနှင့်ကိုယ်အသက်ရှူမှု|ဥစ္စာရလိုဥစ္စာရခဲမှု|ကိုယ်တိုင်အားထုတ်မှုတို့ကိုပြုလုပ်ကောင်းသည်မဟုတ်ပါလောအစဉ်လေးစားလျှက်......
Z..K..L..ရွှေလည်

အားထုတ်မှု ဟူသည် | Ecency