2.2 Reasons to recommended the Cooperative Learning
ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်ကို ထောက်ခံရခြင်းအကြောင်းရင်းများ
The best place to start in trying to use Cooperative Learning effectively is to first understand the purpose of such a methodology. There are basically four main reasons why Cooperative Learning is to be recommended.
ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်ကို ထိထိရောက်ရောက် စတင်အသုံးပြုတတ်ရန် အကောင်းဆုံးနည်းလမ်းမှာ ထိုကဲ့သို့သောနည်းစနစ်၏ရည်ရွယ်ချက်ရည်မှန်းချက်များကိုနားလည်အောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။အခြေခံအားဖြင့် ဤစနစ်ကို ထောက်ခံရခြင်းအကြောင်းရင်း ၄ ချက်ရှိသည်။
ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်သည် ဆရာဗဟိုပြုနည်းလမ်းများနှင့် သင်ကြားမှုအခြေပြုနည်းလမ်းများထက် ကလေးသူငယ်များအားပိုမိုတက်ကြွစွာပါဝင်လေ့လာစေနိုင်သည်။ဆရာဗဟိုပြုနှင့်သင်ကြားမှုအခြေပြုနည်းလမ်းများသည်တက်ကြွသောကျောင်းသားတစ်ယောက်နှစ်ယောက်ခန့်ကိုသာပါဝင်သင်ယူစေနိုင်သည်။ကျောင်းသားများအုပ်စုဖွဲ့၍ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်အားပိုမိုအသုံးပြုခြင်းသည်ကျောင်းသားအားလုံးကိုတက်ကြွသောသင်ယူမှုလုပ်ငန်းစဉ်တွင် များစွာပါဝင်စေနိုင်သည်။ ဤနည်းအားဖြင့် ကျောင်းသားများသည် တက်ကြွမှုမရှိသော သင်ယူမှုကို ဆန့်ကျင်ကာ လှုပ်ရှားပါဝင်ဆောင်ရွက်သူများအဖြစ် သင်ယူလေ့လာခြင်း၌ ပျော်မွေ့လာကြသည်။
ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်တွင် လေ့လာသင်ယူမှုအားကောင်းသူများသည် အားနည်းသူများကို ကူညီနိုင်သော အခွင့်အရေးရှိသည်။ ထိုလေ့လာသင်ယူမှုအားကောင်းသူများသည် အားနည်းသူများနှင့် ပြောဆိုဆက်ဆံရာတွင် ဆရာဆရာမများထက်ပို၍ထိရောက်မှုပေးနိုင်သည်။ထိုကျောင်းသားများ၏အကူအညီကြောင့်စာသင်ခန်းတစ်ခန်းလုံးအတွင်းရှိ နားလည်နိုင်စွမ်းများကို တိုးတက်စေသည်။
Children learn to help one another
ရိုင်းပင်းကူညီသည့် စိတ်အလေ့အထကို သင်ယူနိုင်ခြင်း
Cooperative Learningencourages students to support their classmates in a group rather than to complete against one another. In this way, students can combine their talents and help one another.
ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်သည် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းထက် အဖွဲ့ဝင်အချင်းချင်း ထောက်ပံ့ကူညီမှုကို တွန်းအားပေးသည့်အတွက် ကျောင်းသားများသည် မိမိတို့ ပင်ကိုစွမ်းရည် ပါရမီတို့ကို ပေါင်းစပ်နိုင်ကြပြီး ရိုင်းပင်းကူညီသွားနိုင်ကြသည်။
Improved motivation through success
အလုပ်ပြီးမြောက်အောင်မြင်မှုကြောင့် စိတ်ခွန်အားတိုးတက်စေနိုင်ခြင်း
Cooperative Learning helps to improve the motivation of many students by offering the opportunity to more students to experience the joy of winning (in the case of cooperative activities that require games) and academic success. In classroom where students are only allowed to complete individually, only the few high achieving students will likely have this experience. In classroom where the students are divided into cooperative teams, each with its high-and-low-achieving students, the opportunity to succeed is more evenly distributed.
ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်သည် တက်ကြွလှုပ်ရှားပါဝင်နိုင်သည့် ဂိမ်းများ၊ ပူပေါင်းပါဝင်နိုင်သည့် ကစားနည်းများ ပါဝင်သည့်အတွက် မိမိတို့အဖွဲ့၏ အောင်မြင်မှုအတွက် ပျော်ရွှင်နိုင်သည့် အခွင့်အရေးကို ပေးခြင်းအားဖြင့် ကျောင်းသားများစွာ၏ စိတ်ဓာတ်ခွန်အားကို တိုးတက်စေသည်။ သမာရိုးကျစာသင်ခန်းတွင် ထိုကဲ့သို့သော ပျော်ရွှင်မှုမျိုးကို လေ့လာမှုအားကောင်းသော ကျောင်းသားအနည်းငယ်သာရနိုင်သည်။ စာသင်ခန်းအတွင်းရှိ လေ့လာမှုအားကောင်းသူနှင့် အားနည်းသူများကို အညီအမျှ ပူပေါင်းဖွဲ့စည်းကာ အဖွဲ့လိုက်သင်ယူစေခြင်းသည် အောင်မြင်မှုရရှိနိုင်သည့်အခွင့်အရေးကို ပိုမိုကောင်းမွန်ညီမျှစေသည်။