Policy economic relations and the balance

Words
159
Reading
1 min
Listen
Play
8y

စိးပွားရေးဆိုတာက လူရယ်ဖြစ်လာရင် မဖြစ်မနေကြုံတွေ့ရမည့်

လုပ်ငန်းဆောင်တာ တစ်ခုပါ။ စိးပွားရေးမှာ ကျွန်တော့်အမြင်ပြောရရင်

စိးပွားရေးလုပ်သူနှင့် စိးပွားရေးလုပ်စားသူဟူ၍ နှစ်မျိုးရှိပါတယ်။



စိးပွားရေးလုပ်သူဆိုတာက ကိုယ့်လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် အတတ်နိုင်ဆုံး အောက်ကျပေးပြီး

အရိုးသားဆုံး ကြိုးစားလုပ်ကိုင်နေသူကို ဆိုလိုပါတယ်။



စိးပွားရေးလုပ်စားသူဆိုတာက ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး

စိးပွားမဖြစ်ခင်မှာ သည်းခံသော်လည်း စိးပွားဖြစ်လာတော့

မာနတွေခေါင်ခိုက်ပီး လူကို လူလို့မမြင်တော့ဘဲ နောက်ဆုံး

လုပ်ငန်းပါ ပြုတ်သွားသူကို ဆိုလိုပါတယ်။



လူတိုင်းက ကြွယ်ဝချမ်းသာချင်သော်လည်း ကြွယ်ဝချမ်းသာဖို့ နည်းလမ်း

ကို လေ့လာမှူအားနည်းနေတယ်လို့မြင်ပါတယ်။ မြန်မာ လူမျိုးတွေမှာ

အရှိဆုံးက စေတနာဖြစ်သော်လည်း မရှိဆုံးက စည်းကမ်း ဖြစ်ပါတယ်။

စေတနာအားကောင်းပြီး စည်းကမ်းမရှိရင် ကံကောင်းသော်လည်း

ကြွယ်ဝချမ်းသာလာမှာ မဟုတ်ပါဘူး။



လူတစ်ယောက် ကြွယ်ဝချမ်းသာလာဖို့က" ကံ ဥာဏ် ဝီရိယ "ဆိုသော

အကြောင်းအရာ (၃)ခု ပြည့်စုံမှ ဖြစ်လာနိုင်တယ်လို့ ဆိုလိုကြပါတယ်။

"ကံ မရှိ ဥာဏ်ရှိတိုင်း မွဲ"ဆိုရင် "ဥာဏ်မရှိ ကံ ရှိတိုင်းလည်း မွဲ"နေအုံးမယ်

လို့ထင်ပါတယ်။



ဘယ်အလုပ်ပဲလုပ်လုပ် အတွေးအခေါ်မှန်ကန်မှူ နှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်နေဖို့လိုပါတယ်။ လုပ်ငန်းတစ်ခုကို

အကြီးမားဆုံး  ထိုးနက်ချက်သည် "လူမှူဆက်ဆံရေး" ဖြစ်ပါတယ်။

လူတစ်ယောက်က ဘယ်လောက်တော်တော် ၊ ဘယ်လောက်ပဲ

ရင်းနှီးမြုပ်နှံမှူများပါစေ လူမှူဆက်ဆံရေး ၊ ဝန်ဆောင်မှူမကောင်းရင်

တိုးတက်သင့်သလောက် တိုးတက်လာမှာ မဟုတ်ပါဘူး။



ဝယ်ယူသူတစ်ယောက်တည်း ဆိုပီး သင့်ဆက်ဆံရေးကို မပေါ့ဆ

လိုက်ပါနဲ့ စီးပွား​ရေး ပညာအရဆိုရင် လူတစ်ယောက်တိုင်းရဲ့

အနောက်မှာ လူတစ်ထောင်စီရှိနေပါတယ်။

Customerတစ်ယောက်ကို အပိုင်ချုပ်နိုင်ရင် လူတစ်ထောင်

ရောက်လာမယ်။ ဆက်ဆံရေးမကောင်းရင်တော့ လူတစ်ထောင်

ခေါင်းခါပါလိမ့်မယ်။ပါးစပ်တစ်ပေါက် လျှောက်ပြောရင် ကောင်းသတင်း၊

မကောင်းသတင်းက နားပေါင်းနှစ်ထောင် ကြားသွားနိုင်တယ်ဆိုတာ

သတိထားစေချင်ပါတယ်။



နိုင်ငံခြားကိုအလုပ်သွားလုပ်သူတစ်ယောက်က သူ့သူငယ်ချင်းတွေကို

စကားတစ်ခွန်းပြောဖူးပါတယ်....

"သူများနိုင်ငံမှာ အောက်ကျပေးကြိုးစားလုပ်ကိုင်သလိုမျိုးကို ကိုယ့်နိုင်ငံမှာ

အဲဒီတစ်ဝက်လောက်ပဲ အောက်ကျပေးကြိုးစားကြည့်ပါ သူများနိုင်ငံမှာ

ရတဲ့ အကျိုးအမြတ်ထက် သာလွန်ပါလိမ့်မယ်" လို့ ပြောဖူးပါတယ်။



"တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်"

တကယ်ဖြစ်ချင်ရင် တကယ်ကြိုးစားကြည့်ပါ ၊ အချိန်တစ်ခုရောက်ရင်

အဟုတ်ဖြစ်လာပါလိမ့်မယ်။ ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းအပေါ်

တန်ဖိုးထား ယုံကြည်ပီး ကိုယ့်ကိုအားပေးနေသူတွေကို

 "စေတနာ"ထားပီး ပေါင်းသင်းဆက်ဆံရေးဆိုသော

သကာရည် လောင်းကြည့်လိုက်ပါ တစ်ယောက်ကစပြီး တစ်ထောင်

အဆုံး ၊ တစ်ထောင်ကစပီး တစ်သိန်း (သို့)မရေတွက်နိုင်သော

Customersများကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။



လူသားတိုင်း၏ အိပ်မက်ဆိုသော မျှော်လင့်ချက်များသည် တကယ်လက်

တွေ့ပိုင်ဆိုင်နိုင်ကြပါစေ။

Policy economic relations and the balance | Ecency