လိုသေးတယ်

Words
103
Reading
1 min
Listen
Play
8y

အသုံးကျလို့ ပေါင်းတဲ့သူတွေက ကိုယ်အသုံးမတည့်ချိန်ရောက်ရင်တော့

အခွေခံထားတတ်ကြတယ်။သူတို့လိုလာရင်တော့ ကိုယ့်ကို ပြန်

အသုံးချကြပြန်ရော။ အဲ့ဒီမှာ လိုရင်တစ်မျိုး မလိုရင်တစ်မျိုးဆိုတဲ့

လူတွေ ပေါ်ပေါက်လာတယ်။အသုံးချဖို့ပေါင်းသင်းသူတစ်ချို့က

လူကောင်းတွေကို ပိုနှစ်သက်ကြပြီး အားနာတတ်သူတွေအပေါ်

အခွင့်​အ​ရေးကို လက်တစ်ဆုံး နိုက်တတ်ကြတယ်။

image

စိတ်ရင်းနဲ့ပေါင်းသင်းသူတွေကတော့ ကိုယ့်အပေါင်းအသင်း ၊

ကိုယ့်ဆွေမျိုးတွေ အားနည်းနေရင် အတတ်နိုင်ဆုံး လက်တွဲခေါ်ပြီး

တစ်ခါတစ်လေ အမိုက်ခံ အမုန်းခံပီး အမှန်တရားကို ညွှန်ပြတတ်ကြ

တယ်။ အမြင်မတူဘူးဆိုပေမယ့် အတတ်နိုင်ဆုံး ညီမျှအောင်

ညှိနှူိင်းပီး အလျော့ပေးတတ်ကြတယ်။



စိတ်ရင်းနဲ့ပေါင်းသင်းသူတွေက ကိုယ်နဲ့ပတ်သက်သူတွေအပေါ်

ကောင်းခြင်း ဆိုးခြင်း ၊ ပေးကမ်းခြင်း မပေးကမ်းခြင်း ၊

အလိုက်သိခြင်း မသိခြင်းအပေါ် စိတ်မဝင်စားဘဲ ကိုယ်က

အတတ်နိုင်ဆုံး ဘယ်လိုစေတနာထားရမလဲ ...?

ဘယ်လိုကူညီရမလဲ အမြဲတွေးကာ ပေးဆပ်ဖို့ပဲ ကြိုးစားနေတတ်ကြ

တယ်။ ပေးဆပ်မှူတိုင်းတွင် မျှော်လင့်ချက်နည်းပြီး အခြားသူတိုးတက်

သွားတာကိုပဲ ပီတိဖြစ်နေတတ်ကြတယ်။
image

ကိုယ့်အပေါ်ကို စိတ်ရင်းနဲ့ မေတ္တာထားဆက်ဆံတတ်သူများမှာ

မိဘ များကထိပ်ဆုံးကပါဝင်ပါတယ်။ကိုယ့်ရဲ့ လက်တွဲဖော်ကောင်းက

ဒုတိယဖြစ်ပီး အကိုကြီး ၊ အမကြီးတွေက တတိယနေရာမှာ

ရှိနေတတ်ပါတယ်။



အခြားသူကို အမြဲတမ်းလိုလို ဖြည့်တွေးပြီး စိတ်ရင်းနဲ့ပေါင်းသင်းသူတွေဟာ စေတနာ အကျိုးပေးတယ်လို့ခေါ်မလားပဲ သူ့တို့အပေါ်ကို သိတတ်ပြီး

ရိုးသားစွာ ဆက်ဆံတတ်သူတွေနဲ့ တွေ့ဆုံကြရတတ်တယ်။



လောကကြီးက လူသားတွေအပေါ်ကို မျှတမှူရှိပါတယ်

ဘာလို့လဲဆိုတော့ စိတ်ထားကောင်းသူတွေကို ကံကောင်းခြင်းတွေ

ပေးတတ်ပြီး အကယ်၍ အကျိုးမခံစားရသေးဘူးဆိုရင်လည်း

စိတ်ဓာတ်မကျပါနဲ့။ သင့် ခံစားခွင့်အချိန်ရောက်ရင် သင့်ဆီကို

ကံကောင်းခြင်းတွေ အလုအယက်ဝင်လာပါလိမ့်မယ်။

မှတ်ချက်....သင့်စေတနာ ဖြူ စင်မှန်ကန်ဖို့တော့ လိုတယ်နော်။

လိုသေးတယ် | Ecency