ဥပေက္ခာဆိုတာ

Words
88
Reading
1 min
Listen
Play
8y

ဥပေက္ခာ ဆိုတာ

ပြောရတာ လွယ်ပေမယ့် လက်တွေ့ကျင့်ဖို့

ခက်ခဲနေဆဲပါပဲ။



လူတစ်ယောက်ကို ချစ်လျက်နဲ့

ဥပေက္ခာပြုဖို့ မလွယ်ကူသလို

မုန်တီးနာကျင်မိရင်တောင် ဥပက္ခာပြုဖို့

သံ​ယောဇဉ်​ လက်ကျန်က အဟန့်အတားဖြစ်နေပါလိမ့်မယ်။



ဘဝမှာ ရင်နာနာနဲ့ စွန့်လွှတ်လိုက်ရပေမယ့်

ကြင်နာခဲ့ဖူးတဲ့ အတိတ်အရိပ်တွေကြောင့်

လက်တွေ့ ဥပေက္ခာပြုဖို့နေနေသာသာ

စိတ်ထဲကတောင် မေ့ပစ်ဖို့ ခက်ခဲနေဆဲပါ။
image
လူတစ်ယောက်ကို ဖုန်းထဲက block ပစ်ဖို့ဆိုတာထက်

စိတ်ထဲက blockနိုင်မှသာ ဥပေက္ခာဆိုတာ

ဖြစ်နိုင်ပါလိမ့်မယ်။



ဥပေက္ခာ ဆိုတာ သံ​ယောဇဉ်​ လက်ကျန်ရှိနေသရွေ့

ခက်ခဲနေမှာဖြစ်ပြီး လူတစ်ယောက်ကို ဥပေက္ခာပြုချင်ရင်

မိမိစိတ်ကို အရင်ဆုံး block နိုင်အောင် ကြိုးစားသင့်ပါတယ်။



မေတ္တာပေးသင့်သူကို မေတ္တာပေးဖို့ လွယ်ကူပေမယ့်

ဥပေက္ခာပြုသင့်သူကို ဥပေက္ခာပြုဖို့ဆိုတာက

သာမန်လူသားတွေအဖို့ လမ်းကြိတ်စက်ကို

ကြွအောင် "မ"ရသလိုပဲ အလွန်တရာမှ မနိုင်ဝန်ဖြစ်နေတတ်ပါတယ်။
image
သင် အရမ်းကို နာကျင်မုန်းတီးနေသူကို ဥပေက္ခာပြုနိုင်သွားရင်

လောကမှာ သင်မလုပ်နိုင်တဲ့ အလုပ်ဆိုတာ

အလွန်ရှားပါးသွားပါလိမ့်မယ်။



တကယ်တော့...

ဥပေက္ခာပြုလိုက်ပါပီလို့ ပြောလိုက်တဲ့သူသည်

မိမိစိတ်ကို လိမ်ညာလိုက်ခြင်းဖြစ်ပြီး မိမိ၏ ခံစားချက်များကို

ဖုံးကွယ်ကာ မသိစိတ်ထဲမှာ မျှော်လင့်နေတတ်ကြပါတယ်။



ဥပေက္ခာဆိုသော အရာကို လုပ်ဆောင်နိုင်သူသည်

ထိုသူ၏ ကောင်းခြင်း ဆိုးခြင်းကို စိတ်မဝင်စားတော့ဘဲ

စိတ်ထဲက အပြီးတိုင်မောင်းထုတ်လိုက်ခြင်း ဖြစ်ပြီး

မိမိစိတ်ကို အပြီးတိုင် block နိုင်ခြင်းပင်ဖြစ်ပါတယ်။

ဥပေက္ခာဆိုတာ | Ecency