အားတင်းထားပါ သူငယ်ချင်း

Words
100
Reading
1 min
Listen
Play
8y

စိတ်ညစ်မနေပါနဲ့

ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရလို့ စိတ်ညစ်မနေပါနဲ့ ။



မျှော်လင့်မနေပါနဲ့

ကိုယ်မျှော်လင့်သလို ဖြစ်လာရင် ကောင်းတာပေါ့

ဖြစ်မလာရင် ကိုယ်ပဲ ပူလောင်ရတယ်လေ။



ငိုကြွေးမနေပါနဲ့

ငိုကြွေးတယ်ဆိုတာက ခဏတာ ရင်ထဲကအနာကို

သက်သာစေရုံပဲ ရှိတယ်

တစ်သက်တာ သက်သာချင်ရင် မေ့သင့်သူကို မေ့ပစ်ပြီး

ဥပေက္ခာပြု သင့်သူကို ဥပေက္ခာပြု နိုင်အောင်ကြိုးစာပါ။



အများကြီး မပျော်ပါနဲ့

ပျော်ရွှင်စရာရှိရင် အများကြီး မပျော်ပါနဲ့

ပျော်ရွှင်စရာမှာ အများကြီး ပျော်ခဲ့ရင် ငိုရတဲ့အခါ

အဆမတန် ခံစားနေရတတ်တယ်။



ဒေါသဖြစ်မနေပါနဲ့

စိတ်အခန့်မသင့်တိုင်း ၊ နားလည်​မှု လွဲတိုင်း ဒေါသဖြစ်နေရင်

ပြန်လည်ပြေလည်သွားတဲ့အခါ နှစ်ဦးစလုံးမှာ  ဒဏ်ရာတွေ

ကျန်နေတတ်တယ်။



မယုံပါနဲ့

ကိုယ်ကလွဲရင် တစ်ခါတစ်လေ ကိုယ့်ဒူးတောင်

ုယုံကြည်လို့ မရဘူးလေ။



အားမငယ်ပါနဲ့

ဘဝမှာ အဆင်မပြေတိုင်း အားငယ်နေရင်

တကယ်ကြိုးစားရမယ့်အချိန်မှာ အားပြတ်နေတတ်တယ်။



ပြုံးပါ

ကိုယ့်ကို ချစ်ခင်သူတွေကို ပြုံးပြပါ

ကိုယ့်ကို မနာလိုသူတွေကိုလည်း ပြုံးပြပါ

ကိုယ့်ကို မုန်းသူတွေကိုလည်း လှူိက်လှိုက်လှဲလှဲ ပြုံးပြပါ

ပြုံးပြခြင်းက သင့်ကိုယ်သင် ယုံကြည်မူ ရှိစေတယ်။



အခက်အခဲတွေ တွေ့တိုင်း စိတ်ဓာတ်ကျမနေပါနဲ့

လူသားတိုင်းက အခက်အခဲနဲ့ မကင်းပါဘူး

ဘဝအနိမ့်အမြင့် ကွာပြီး အခက်အခဲ အကြီးအသေးပဲ

ကွာပါလိမ့်မယ်။



ကိုယ့်ကိုယ်ကို မှ အားမတင်းရင် သင့်အနားမှာ ဘယ်သူမှ

သင့်ကို တစ်သက်လုံး အားပေးနေမှာ မဟုတ်ပါဘူး

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲ အားတင်းပီး

စိတ်ထားတတ်အောင် ကြိုးစားပါ။