Game ကိုအလွန်အကျွံဆော့ခြင်း

yelinn(50)
Published in
#myanmar
Words
126
Reading
1 min
Listen
Play
8y

Hi Everyone. Nice to meet you again.
ကျွန်တော် ဒီတခေါက်ရေးချင်တာလေးတခုရှိပါသည်။
အဲ့တာလေးကိုမရေးသားမှီ ဘာကြောင့်ရေးရသလဲဆိုတာအရင်ရေးချင်ပါတယ်။ ကျွန်တော်တို့လူငယ်တွေဟာ
အခုချိန်မှာ ကျောင်းတတ်နေဆဲလူငယ်တွေရှိသလို အခြေအနေကြောင့်ကျောင်းမနေတော့တဲ့လူငယ်တွေလည်းရှိပါတယ်။ ကျွန်တော်ပြောချင်တာက လူငယ်တွေဟာအားလပ်တဲ့အချိန်မှာ သူတို့ဝါသနာပါရာကိုလုပ်ကိုင်တတ်ကြပါတယ်။လူငယ်ကိုယ်စီမှာတော့သွင်မတူတဲ့ဝါသနာ မျိုးစုံရှိကြပါတယ်။ဝါသနာဆိုတာဘယ်လောက်ဘဲတားတား
တားနေတဲ့ကြားကပင်မရမကလုပ်ဆောင်တတ်ကြပေသည်။လူငယ်ဆိုတော့အမြဲတမ်းစိတ်က တတ်ကြွနေပေသည်။လူငယ်တွေမှာဝါသနာ အမျိုးမျိုးရှိရာအနက် Game
ဆော့တာဝါသနာ ပါတဲ့လူငယ်များအကြောင်းကိုပြောပြချင်ပါတယ်။

ဟုတ်ပါတယ်။ကျွန်တော်အဲ့လိုပြောတော့မေးစရာ မေးခွန်းတခုရှိနေပါတယ်။ လူငယ်တိုင်းက Game ဆော့တာဝါသနာပါတာဘဲကိုး။ဟုတ်ပါတယ် လူငယ်တိုင်းက Game ဆော့တာ ဝါသနာပါတာတော့အမှန်ပင်။ဒါပေမယ့်ကျွန်တော်ပြောချင်တာက သာမန်လူငယ်တေဆော့တာထက် အသည်းအသန် မဆော့ရမနေနိုင်အောင်ဝါသနာ ပါတဲ့ Gamer တေအကြောင်းကိုပြောချင်တာပါ။ဟုတ်ကဲ့ကျွန်တော်ဘာကြောင့် ဒီအကြောင်းရေးချင်တာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း Game ဆော့ရတာဝါသနာအလွန်ပါတဲ့အတွက်ကြောင့် အခုလိုရေးဖြစ်ခဲ့တာပါ။တကယ့် Gamer တယောက်ဟာgame
ဆော့ပြီဆိုတာနဲ့ဘာကိုမှဂရုမစိုက်တော့ဘဲ ထမင်းမေ့ဟင်းမေ့ ဆော့တတ်ကြသည်။Game ကလွဲပြီး ကျန်တာဘာမှကို စိတ်မဝင်စားတော့ဘဲ ရှိနေတော့သည်။ ဥပမာ
Game ဆော့နေစဉ်အိမ်က တခုခုခိုင်းပြီဆိုရင် မလုပ်ချင်တော့ပေ။ ဘာပြောလို့ပြောမှန်းတောင်မသိဘဲgameထဲ စိတ်ဝင်တစားဆော့နေတော့သည်။

အဲ့အချိန်ဆို အိမ်ကလူက ဒေါသထွက် ရန်ဖြစ်ကြရပြန်သည်။ ဒါဟာ ကောင်းတဲ့အချက်တော့မဟုတ်ပေ။Game
ဆော့တာဟာ အလွန်အကျွံဆော့ရင် မကောင်းပါဘူး။Game ကိုအလွန်အကျွံဆော့လာခြင်းဟာ တကယ့်ဘဝနဲ့ ဇာတ်ကောင်အနေနဲ့ မခွဲခြားနိုင်တော့ပေ။ အများအမြင်မှာတော့ ကြောင်တောင်တောင် ဖြစ်နေပေလိမ့်မည်။
Game ထဲစိတ်ရောက်သွားပါက ဘာကိုဘာမှ စိတ်မဝင်စားတော့ဘဲ gameဆော့ရန်သာဟန်ပြင်နေတတ်သည်။ Game ကိုအလွန်အကျွံဆော့ခြင်းဟာ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစေပါတယ်။ ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းမှာပါ ကျဆင်းလာပါလိမ့်မည်။ စာဖတ်သူတေအထဲမှာလည်းမြင်ဖူးရင်မြင်ဖူးပာလိမ့်မည်။
Gameဆော့လွန်တဲ့အတွက် ကြောင်တောင်တောင်တေ
ဖြစ်နေတာကို မြင်ဖူးပါလိမ့်မည်။

ကျွန်တော်နိဂုံးချူ ပ် အနေနဲ့ ပြောရရင် Gameဆော့တာဟာ လူငယ်တွေအားလပ်ချိန်မှာ အပန်းဖြေဖို့အနေနဲ့သာ
ဆော့ရန်တိုက်တွန်းအပ်ပါသည်။အလွန်အကျွံ မဆော့မိစေရန်လည်း ပြောကြားလိုပါသည်။ လူငယ်တွေဟာ ရှေ့မှာုဖြတ်သန်းရမယ့် လမ်းခရီးတွေများစွာ ကျန်ပါသေးသည်။
ကိုယ့်ဘဝကို အဆုံးရူံးမခံကြပါနဲ့။ မိဘများအနေနဲ့လည်း
ကိုယ့်သားသမီးကို ငယ်သေးလို့ဆိုပြီး အလိုမလိုက်သင့်ပေ။ သေသေချာချာ ကြပ်မက်သင့်ပေသည်။ဟုတ်ကဲ့ပါဗျာ
အခုလို အရေးအသားမကောင်းတဲ့ကြားက ဖတ်ပေးလို့
ကျေးဇူးတင်ပါသည်။

image

yelinn@yelinn
Msc-241

Game ကိုအလွန်အကျွံဆော့ခြင်း | Ecency