Shopping

Words
50
Reading
1 min
8y
Listen to this post
~1 min

ငွေကုန်နည်းမယ့် အဝတ်အစားဝယ်နည်း
image
ကိုယ်ရတဲ့ဝင်ငွေနဲ့သေချာတိုင်းတာပြီးအဝတ်အစားတွေဝယ်ယူဖို့ကို နည်းလမ်းကောင်းလေးတွေ ပြောပြလိုက်ပါတယ်။

(၁) အဝတ်အစားဝယ်တဲ့အခါ လက်လီရောင်းတဲ့သူတွေဆီမှာ သွားရောက်ရွေးချယ်ဝယ်ယူပါ။ ဈေးသက်သက်သာသာနဲ့ ကိုယ်လိုချင်တာကိုစိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

(၂)အရည်အသွေးကောင်းတာကို ဦးစားပေးဝယ်ယူပါ။ အရည်အသွေးမကောင်းတာတွေ ဝယ်ယူမိရင်ခ ဏလေးနဲ့ပျက်ဆီးလွယ်နိုင်ပါတယ်။ ဒါမှသာကြာကြာခံနိုင်မှာပါ။

(၃)ဝယ်ထားတဲ့အဝတ်အစားတွေကိုလည်း ဂရုတစိုက်လျှော်ဖွပ်ပေးပါ။ အရောင်ရောနိုင်တဲ့ အင်္ကျီတွေဆိုရင်သပ်သပ် လျှော်ဖွပ်ပေးပါ။ ဒါမှကြာရှည်ခံပြီးနောက်ထပ် ဝယ်ဖို့အတွက်ပိုက်ဆံကုန် သက်သာစေမှာပါ။

(၄) နွေရာသီအတွက်ဝတ်ဆင်ဖို့ အဝတ်အစားတွေကို ဆောင်းရာသီမှာဝယ်ယူစုဆောင်းပြီး ဆောင်းရာသီမှာဝတ်ဆင်မယ့် အဝတ်အစားတွေကို မိုးတွင်းကာလကတည်းကဝယ်ယူ ထားမယ်ဆိုရင် ရာသီပေါ်အထည်တွေ ဈေးသက်သက်သာသာနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

(၅)အခုလက်ရှိဖြစ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားအလိုက်သာ ဝယ်ယူပါ။ နောင်ဖြစ်လာမယ့် ခန္ဓာကိုယ်အချိုးအစားအတွက်ဆိုပြီး မတော်တဲ့ အဝတ်အစားတွေကို ဝယ်ယူတတ်တဲ့အကျင့်ကို မလုပ်ပါနဲ့။

ဒီနည်းလမ်းကောင်းတွေက သင့်ကိုငွေကုန်နည်းစေပြီး ကောင်းမွန်တဲ့အဝတ်အစားတွေကို ဝယ်ယူနိုင်စေမယ့် အကြံကောင်းလေးတွေပဲဖြစ်ပါတယ်။

Written..yehtetaung@yehtetaung

Shopping | Ecency