Hair Health

Words
48
Reading
1 min
8y
Listen to this post
~1 min

ရှုပ်နေတဲ့ ဆံပင်တွေ ကြည့်ကောင်းစေဖို့
image
အမြဲလိုလိုရှုပ်ပွနေတတ်တဲ့ဆံသားတွေ ကြည့်ကောင်းသွားအောင်လို့ လုပ်ဆောင်နိုင်တဲ့နည်းလမ်းလေးတွေကို ပြောပြလိုက်တယ်နော်။

(၁) တစ်ရက်ခြားတစ်ခါ ဒါမှမဟုတ်နှစ်ရက်ခြားတစ်ခါခေါင်းလျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်ပြီးသွားတဲ့အခါမှာ ဆိုရင် Hair Dryer ၊ ဆူးလိပ်ပါတဲ့ဘီးကို အသုံးပြုပြီး ဆံပင်ကိုခြောက်အောင် လေမှုတ်ပေးပါ။

(၂) သဘာဝပစ္စည်းတွေနဲ့လုပ်တဲ့ဆံပင်ပျော့ဆေးအသုံးပြုပေးပါ။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း၁ဇွန်း၊ ဆားခါး ၂ဇွန်း၊ ရှားစောင်းလက်ပက်အရည် ၁ဇွန်း၊ အုန်းရေအနည်းငယ် ကိုရောစပ်ပြီး ဆံသားတွေကို ခေါင်းမလျှော်ခင် လိမ်းပေးပြီး ၁၅မိနစ်ခန့်ထားပါ။ ခေါင်းလျှော်ပြီးသွားတဲ့အခါ ဆံပင်တွေကရှုပ်ပွမနေဘဲ ပျော့စင်းနေပါလိမ့်မယ်။

(၃) ဆံသားတွေကို အဆီတစ်ခုခုလိမ်းပေးပြီးတော့ကျစ်ဆံမြီး ကျစ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သပ်သပ် ရပ်ရပ်လေး ဆံပင်ကိုစည်းထားပေးမယ်ဆိုရင် လှလှပပနဲ့ကြည့်ကောင်းစေနိုင်ပါတယ်။

ဒီလိုနည်းလမ်းလေးတွေနဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေကို ကြည့်ကောင်းအောင်လုပ်နိုင်ပါတယ်။

Written..yehtetaung@yehtetaung

Hair Health | Ecency