မိသားစုဟူသည်​ ...

Words
260
Reading
2 min
Listen
Play
8y

လူတစ်​​ယောက်​က သူ့အိမ်​ကို အမြဲ ​နောက်​ကျမှ ပြန်​​ရောက်​​လောက်​​အောင်​ အလုပ်​မှာပဲ အချိန်​ကုန်​​နေခဲ့တယ်​။
တစ်​​နေ့ သူအိမ်​ကို ပြန်​လာတဲ့အခါ အိမ်​​ပေါက်​ဝမှာ
သူ့ကို​ထိုင်​​စောင့်​​နေတဲ့ သား​လေးကို ​တွေ့သွားတယ်​။

သားငယ်​က _
"​ဖေ​ဖေ ... သား ​မေးခွန်းတစ်​ခု​လောက်​ ​မေးလို့ရမလား" ဆိုပြီး ခရီးဦးကြို ​မေးလိုက်​တယ်။

အလုပ်​မှာ ပင်​ပန်းလာတဲ့​သူက မကြည်​မလင်​နဲ့ _
"အင်း ... ဘာလဲ ​မေး" လို့ ခပ်​ပြတ်​ပြတ်​ ပြန်​​ပြော ယလိုက်​တယ်​။

"​ဖေ​ဖေ တစ်​နာရီ အလုပ်​လုပ်​ရင်​ ဘယ်​​လောက်​ရလဲဟင်​" လို့ သားငယ်​က ထပ်​​မေးတယ်။

"အဲ့ဒါ မင်းနဲ့ ဘာဆိုင်​လဲ ... ဘာလို့မဆိုင်​တာ​တွေလာ​မေး​နေတာလဲကွာ ​မောရတဲ့အထဲ" လို့ သူက ​ဒေါသသံနဲ့ ပြန်​​ငေါက်​လိုက်​တယ်​။

သားငယ်​က _
"သားသိချင်​လို့ပါ ​ဖေ​ဖေရဲ့ ... ​ဖြေ​ပေးပါ​နော်​ ... ​နော်​" ဆိုပြီး ထပ်​​တောင်းဆိုတယ်​။

"ကဲ ... ၁နာရီကို ၂​ထောင်​ရတယ်​ကွာ ... ရပြီလား" လို့ ​သူပြောပြီး အိမ်​ထဲဝင်​ဖို့ လုပ်တယ်​။

သားငယ်​က ​ခေါင်းငိုက်​ကျသွားပြီး ၂​ထောင်​​တောင်​လားလို့ သူ့ကိုယ်​သူ တီးတိုး​ပြော​နေလိုက်​တယ်​။

သားငယ်​က ဧည့်​ခန်းမှာ နား​နေတဲ့ အ​ဖေအနားကို ထပ်​သွားပြီး _
"​ဖေ​ဖေ ... ​ဖေ​ဖေ ... သားကို ပိုက်​ဆံတစ်​​ထောင်​​လောက်​​ချေးပါလားဟင်​" လို့ ​​တောင်းဆိုပြန်​တယ်​။

"ဘာကွ ...​ ​မော​မောပန်းပန်းနဲ့ အိမ်​ပြန်​​ရောက်​​ရောက်​ချင်း ငါ့လုပ်​အားခအ​ကြောင်း​မေးတာက လက်​စသတ်​​တော့ မင်း ပိုက်​ဆံ​ချေးချင်​လို့ကိုး၊ မင်းရဲ့အကျိုးမရှိအရုပ်​​တွေဝယ်​ဖို့ ပိုက်​ဆံလာ​ချေး​နေမဲ့အစား အသားမနာခင်​ အခန်းထဲဝင်​အိပ်​လိုက်​ရင်​ ​ကောင်းမယ်​ထင်​တယ်​" လို့ ​သူက ​ဒေါသတကြီး ​အော်ဆူလိုက်​တယ်​။

သားငယ်​က တိတ်​တဆိတ်​ပဲ အခန်းထဲ ဝင်​သွားလိုက်​တယ်​။
သူ့သားရဲ့ လုပ်​ရပ်​ကို ​တွေးပြီး ​ဒေါသထွက်​ပြီးရင်း ထွက်​​နေခဲ့တယ်​။
တော်​​​တော်​အတင့်​ရဲတဲ့​ကောင်​လို့ သူကြိမ်းဝါး​နေလိုက်​တယ်​။

အချိန်​တစ်​နာရီ​လောက်​ကြာသွား​တော့ သူလည်း စိတ်​​ပြေသွားပြီး ​ဖြေး​ဖြေးချင်း ​တွေးကြည့်​ရင်း သားကတကယ်​ ပိုက်​ဆံတစ်​​ထောင်​နဲ့ ဝယ်​စရာရှိ​နေတာများလား၊ တစ်​ခါမှ ဒီလို မ​တောင်းဖူးပါဘူးလို့ သူ​တွေးမိလာတယ်​။

သူက သားဖြစ်​သူ အခန်းဆီကို ​လျှောက်​သွားရင်း အခန်းတံခါးဖွင့်​ထားတာ​​တွေ့​တော့ ဝင်​သွားလိုက်​တယ်​။
"သား အိပ်​​ပျော်​နေပြီလား" လို့ သူ​မေးလိုက်​တယ်။

"မအိပ်​​ပျော်​​သေးပါဘူး ​ဖေ​ဖေ"လို့ ခြုံထားတဲ့​စောင်​ကို ဖယ်​လိုက်​ရင်း သားဖြစ်​သူက ပြန်​​ဖြေတယ်​။

"​ဖေ​ဖေ ခုနက သားအ​ပေါ် နည်းနည်းလွန်​သွားမိတယ်​ကွာ ... ​ရော့ ဒ်ီမှာ သား​တောင်းတဲ့ တစ်​​ထောင်​" ဆိုပြပီး သားငယ်​ကို သူက​ပေးလိုက်​တယ်​။

သားငယ်​က ပြုံးရင်း _
"ဝိုးး ... ​ကျေးဇူးပါ​ဖေ​ဖေ"ဆိုပြီး ထခုန်​တယ်​။
ပြီး​တော့ သူ့​ခေါင်းအုံး​အောက်​က ပိုက်​ဆံ အ​ကြွေတစ်​ချို့ကိုလည်း ထုတ်​ပြီး ​ရေတွက်​လိုက်​တယ်​။

အဲ့ဒီမြင်​ကွင်းကို မြင်​လိုက်​ရတဲ့သူက ပိုပြီး ​ဒေါသထွက်​သွားတယ်​။
ပိုက်​ဆံရှိ​နေတာ​တောင်​ ထပ်​​တောင်းတဲ့သားငယ်​ကိုလည်း အကျင့်​ပျက်​​နေပြီလို့ သူထင်​သွားတယ်​။

"မင်းမှာ ပိုက်​ဆံ​တွေရှိ​နေ​သေးတာပဲ ... ဘာလို့ ထပ်​​တောင်းတာလဲ ​ပြောစမ်း ... ​ဖေ​ဖေ မင်းကို စည်းကမ်းမဲ့တာ မကြိုက်​ဘူး​ပြောထားတယ်​မလား" လို့ သားငယ်​ကို ကိုင်​လှုပ်​ရင်း သူ​မေးလိုက်​တယ်​။

သားငယ်​က _
"သားကို ပိုက်​ဆံ တစ်​​ထောင်​​ချေးတာ ​ကျေးဇူးတင်​ပါတယ်​ ​ဖေ​ဖေ၊
သားပိုက်​ဆံမ​လောက်​​သေးလို့ ​ချေးရတာပါ၊
ခုသားမှာ နှစ်​​ထောင်​ပြည့်​သွားပြီ ... မနက်​ဖြန်​ည​နေကျရင်​ ​ဖေ​ဖေ့အချိန်​တစ်​နာရီ သားကို​ရောင်းပြီး ​စော​စောပြန်​လာ​ပေးပါ​နော်​ ... သား ​ဖေ​ဖေနဲ့အတူ ည​နေစာစားချင်​လို့ပါ" လို့​ပြောပြီး လက်​ထဲက အ​ကြွေတစ်​ချို့ရယ်​ သူ​ပေးလိုက်​တဲ့တစ်​​ထောင်​ရယ်​ကို ​မြှောက်​ပြီး ​ပြောလိုက်​တယ်​။

သူ့ရင်​ထဲစို့နစ်​သွားပြီး သားငယ်​ကို ဖက်​ထားရင်း မျက်​ရည်​ကျ​နေခဲ့တယ်​။

လူ့ဘဝ သက်​တမ်းတို​လေးမှာ အချိန်​တိုင်းက တန်​ဖိုးကြီးလွန်းလှပါတယ်​။
အဲ့ဒီတန်​ဖိုးရှိတဲ့အချိန်​​တွေကို မိသားစုအတွက်​ မျှ​ပေးဖို့ မ​မေ့​လျော့​နေကြဖို့ တိုက်​တွန်းလိုက်​ပါရ​စေ။
အလုပ်​​တွေပဲ ဖိလုပ်​ရင်း သင်​မရှိ​တော့​သော်​လည်း အလုပ်​ရှင်​အဖို့ သင့်​​နေရာမှာအစားထိုးဖို့ အချိန်​ပိုင်းသာ လိုပါတယ်​။
ဒါ​ပေမဲ့ အလုပ်​ဒဏ်​ပိပြီး ​လောကကြီးက ​ပျောက်​ကွယ်​သွားမဲ့ သင့့်အတွက်​ တစ်​သက်​လုံး နာကျင်​သတိရ​လွမ်းဆွတ်​​နေရမဲ့ "မိသားစု"ရှိ​နေ​သေးတယ်​ဆိုတာ သတိရပါ။
image
နွေး​ထွေး​သော "မိသားစု"​လေး​တွေ ကိုယ်​စီပိုင်​ဆိုင်​နိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

မိသားစုဟူသည်​ ... | Ecency