ခဲတံ​လေးလို

Words
176
Reading
1 min
Listen
Play
8y

စာဖတ်​သူအ​ပေါင်းကို ကျွန်​မ ဒီပို့စ်​နဲ့အတူ
ဘဝ​နေနည်း အကြံဉာဏ်​၅ချက်​ လက်​​ဆောင်​​ပေးလိုပါတယ်​။
ဒီခဲတံ​လေးလို ဘဝကို ကျင့်​ကြံ​နေထိုင်​နိုင်​ကြပါ​စေ ...

တစ်​ခါက ခဲ​တံပြုလုပ်​တဲ့လူကြီးဟာ သူ့ရဲ့ခဲတံ​လေးကို ဘူးထဲထည့်​ပြီး ပါကင်​မပိတ်​ခင်​ ဒီလိုမှာခဲ့ပါတယ်​ _
"ငါ မင်းကို ကမ္ဘာကြီးထဲမပို့ခင်​ မင်းသိထားရမဲ့ အချက်​၅ချက်​ရှိတယ်​၊ အဲ့ဒီအချက်​​တွေကို အမြဲလိုက်​နာပြီး မ​မေ့​လျော့ရင်​ မင်း အ​ကောင်းဆုံးခဲတံဖြစ်​လာလိမ့်​မယ်​"

"ပထမအချက်​ - မင်းရဲ့ဘဝကို တစ်​စုံတစ်​​ယောက်​လက်​ထဲမှာ ပိုင်​ဆိုင်​ဖို့ မင်းခွင့်​ပြုခဲ့မယ်​ဆိုရင်​ ... ကြီးကျယ်​ခမ်းနားတဲ့အရာ​တွေ အများကြီး မင်းဖန်​တီးလာနိုင်​မယ်​"

"ဒုတိယအချက်​ - ခဲတံအချွန်​ခံလိုက်​ရပြီး တိုက်​စားခံရလို့ မင်းဟာ အချိန်​တိုင်း အချိန်​တိုင်း နာကျင်​တဲ့​ဝေဒနာကို ခံစားရနိုင်​တယ်​၊ ဒါ​ပေမဲ့ မင်းအဲ့ဒါကို လိုအပ်​တယ်​၊ ပို​ကောင်းတဲ့ ခဲတံဖြစ်​လာဖို့​ပေါ့"

"တတိယအချက်​ - မင်း​ရေးခဲ့မိတဲ့ အမှား​တွေကို မင်း ကိုယ်​တိုင်​ ပြန်​ပြင်​နိုင်​ရမယ်​"

"စတုတ္ထအချက်​ - မင်းရဲ့အတွင်းမှာ ဘာရှိ​နေတယ်​ဆိုတာ မင်းကိုယ်​မင်း အမြဲသိ​နေဖို့က မင်းအတွက်​အ​ရေးအကြီးဆုံးပဲ"

"ပဉ္စမအချက်​ - မင်းကို ဘယ်​မျက်​နှာပြင်​​ပေါ်မှာ​ရေးဖို့ပဲသုံးသုံး ... မင်းရဲ့အမှတ်​အသားချန်​ခဲ့ရမယ်​၊ ဘယ်​လိုအ​ခြေအ​နေဖြစ်​​နေပါ​စေ ... ကိုယ်​​ရေးစရာရှိတာ ဆက်​​ရေး​နေရမယ်​"

ခဲတံ​လေးကလည်း သူ့ရဲဖန်​တီးရှင်​မှာကြားတဲ့အတိုင်း လိုက်​နာပါ့မယ်​ ကတိ​ပေးပြီး ဘူးထဲဝင်​သွားခဲ့တယ်​။
အဲ့ဒီအတိုင်းလည်း တကယ်​​နေခဲ့တယ်​လို့ဆိုပါတယ်​။

ခဲတံ​လေးက ခဲတံ​ကောင်းဖြစ်​ဖို့ ဒီအချက်​၅ချက်​ကို လိုက်​နာဖို့လိုအပ်​ပါတယ်​ ... ထို့အတူပဲ ကျွန်​မတို့လည်း အ​ကောင်းဆုံးလူသားဖြစ်​ဖို့ ဒီအချက်​၅ချက်​နဲ့ပဲ နှိုင်းယှဉ်​ပြကြည့်​​တဲ့အခါ _

"ပထမအချက်​ - ကျွန်​မတို့ရဲ့ဘဝ​တွေကို ဘုရားသခင်​ရဲ့ လက်​ထဲမှာ ဆုပ်​ကိုင်​ဖို့ ခွင့်​ပြုခဲ့မယ်​ဆိုရင်​​ ... ကြီးကျယ်​ခမ်းနားတဲ့အရာ​တွေ အများကြီး ကျွန်​မတို့ဖန်​တီးလာနိုင်​မယ်​"
(ဒီ​နေရာမှာ မိရိုးဖလာမဟုတ်​ပဲ တကယ့်​ကို ဘုရားအ​ပေါ် ယုံကြည်​သက်​ဝင်​ပြီး ကိုးကွယ်​လာခြင်းကို ဆိုလိုချင်​ပါတယ်​ရှင်​)

"ဒုတိယအချက်​ - ​လောကကြီးရဲ့ ပြသနာ​တွေ အခက်​အခဲဒုက္ခ​တွေ တိုက်​စားလို့ ကျွန်​မတို့ နာကျင်​တဲ့​ဝေဒနာကို အချိန်​တိုင်း အချိန်​တိုင်း ခံစားရနိုင်​တယ်​၊ ဒါ​ပေမဲ့ ကျွန်​မတို့လည်း အဲ့ဒါကို လိုအပ်​ပါ​တယ်​၊ ပို​ကောင်းတဲ့ ပိုရင့်​ကျက်​ပြည့်​စုံတဲ့လူ​တွေ ဖြစ်​လာဖို့​ပေါ့"

"တတိယအချက်​ - ကျွန်​မတို့ပြုလုပ်​ခဲ့မိတဲ့ အမှား​တွေကို ကျွန်​မတို့ကိုယ်​တိုင်​ ပြန်​ပြင်​နိုင်​ရမယ်​"

"စတုတ္ထအချက်​ - ကျွန်​မတို့ရဲ့ စိတ်​အတွင်းမှာ ဘာရှိ​နေတယ်​ဆိုတာ ကို​ယ့်​ကိုယ်​ကိုယ်​ အမြဲသိပြီး နားလည်​သ​ဘော​ပေါက်​နေဖို့က ကျွန်​မတို့အတွက်​အ​ရေးအကြီးဆုံးပဲ"
(ကိုယ့်​အ​ကြောင်းကိုယ်​သိမှ ချင့်​ချိန်​​တွေး​တောပြီး ပြုလုပ်​နိုင်ပါလိမ့်​မယ်​)

"ပဉ္စမအချက်​ - ကျွန်​မတို့ကို ဘယ်​လိုလမ်းကို​လျှောက်​ဖို့ပဲ ကံတရားက ​ရွေး​ပေးခဲ့ပါ​စေ ... ကျွန်​မတို့ရဲ့အမှတ်​အသား​ကောင်းချန်​ခဲ့ရမယ်​၊
ကောင်းတဲ့သမိုင်းအဖြစ်​ ​ကျရာ​နေရာမှာ ​ရေးထိုးနိုင်​ရမယ်​၊ ပြီး​တော့ ဘယ်​လိုအ​ခြေအ​နေဖြစ်​​နေပါ​စေ ... ကိုယ်​​လုပ်​စရာရှိတာ ဆက်​​လုပ်​​နေရမယ်​"
(ဘယ်​​နေရာပဲ​ရောက်​​ရောက်​ နာမည်​မ​သေ​စေဖို့ အမှားအယွင်းကင်းပြီး နာမည်​​ကောင်းကျန်​​အောင်​ ကြိုးစားပါ)
image
ခဲတံ​လေးလို လိုက်​နာနိုင်​ကြပါ​စေ ဆုမွန်​​ကောင်း​ချွေလျက်​ ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

ခဲတံ​လေးလို | Ecency