နွားညီနောင်သည် ကျောက်တောင်ဘက်သို့ ပြန်သွားလေသည်။
အားလုံးသည် နွားညီနောင်ကို လိုက်ဖမ်းကြလေသည်
ရွာသားများသည် ထိုထုံးကျောက်တောင်တွင် ဂူကြီးရှိမှန်းကို သိသွားကြလေသည်။ ညရောက်သောအခါတွင်
မုဆိုးမကြီးရဲ့အိပ်မက်ထဲတွင် နွားပျံညီနောင်တို့ ပေါ်လာလေသည်။ အဘားရဲ့ ယာခင်းကို ကျွန်ပ်တို့ ဖျက်
ဆီးခဲ့တာ အဘွား စိတ်ဆိုးပါသလား ဟုမေးကြပါလေသည်။ မုဆိုးမကြီးကလည်း သဘောကောင်းသူ
သဘောရိုးဖြောင့်သူ ဖြစ်သောကြောင့် စိတ်မဆိုးကြောင်းကို ပြန်ပြောလေသည်။
ကျွန်တော်တို့က အဘွားရဲ့ စိတ်ကိုစမ်းသပ်တာပါ အဘွားစိတ်မဆိုးဘူး ဆိုရင် အဘွားဆီမှာ အကူအညီ
တစ်ခုတောင်းချင်ပါတယ် ဟုပြောလေသည်။ အဘွားကလည်း ငါဘာလုပ်ပေးရမလဲ ဟုမေးလေသည် ထိုအခါ နွားညီနောင်တို့သည် သူတို့
အဖြစ်ချင် ဆုံးသော အရာကို တောင်းဆိုလေသည်။ ဒီလိုတောင်းဆိုခွင့်ရအောင်
လည်း အစီအစဉ်တကျ လုပ်ဆောင်ခဲ့ရလေသည်။
ကျွန်တော်တို့ နေထိုင်ရာဂူမှာ ဘုရားတစ်ဆူတည်ချင်ပါတယ် အဘွားတည်ပေးမယ်ဆိုရင် ကျွန်တော်တို့
ရဲ့ ဂူထဲမှာ အဘွားကိုယ်တိုင်တူးမှ ရမယ့် ရွှေအိုးတွေရှီပါတယ် ကျွန်တော်တို့ နေရာပြပါမယ် ဟု ပြော
လေသည်။
ဒီနေရာမှာ တစ်ခုတွေးမိတာကတော့ ရှေးအခါက ပရလောကနဲ့ လူတွေသည်
အလွန် နီးစပ်မှုရှိခဲ့သည်ဟု ယူဆနိုင်သည် တကယ်လည်း ဟုတ်ချင်ဟုတ်မည်
နောင်လူတို့ရဲ့ လက်ဆင့်ကမ်းစကားတွေက တဖြည်းဖြည်း ယုံတမ်းစကားတွေ
ရောပြွမ်းလာတာလည်း ဖြစ်နိုင်သည်။ ခေတ်ကာလတွေ တိုးတက်တာက နာမ်ပိုင်းဆိုင်ရာတွေ အားနည်းလာတာလည်း ဖြစ်နိုင်စရာ အချက် တစ်ခု ဖြစ်လေသည်။ ရှေးအခါက လောကတစ်ခုနဲ့တစ်ခု အတော်ကို နီးစပ်ခဲ့သည်ဟု
ပြောကြပါသည်။ လူတွေရဲ့ ဒေါသ မောဟတွေ အားကြီးလာသောအခါ နာမ်လောကသည် လူ့လေကနဲ့ တဖြည်းဖြည်း ဝေးသွားခြင်းဖြစ်နိုင်သည်။ မဆိုးမကြိးကလည်း ဘုရားတည်ပေးနိုင်ကြောင်းကို ကတိပေးလိုက်ပါလေသည်။
ဒီနေ့ရှိနေသော မုဆိုးမဘုရားဟုခေါ်တွင်နေရခြင်းသည် ထိုသမိုင်းကြောင်းကို အခြေခံသည်ဟု
ဆိုကြပါလေသည်။
ထမ့်ဝိုးမွန် ဘုရားဟုလည်း ခေါ်ပါလေသည်။ ထမ့်ဝိုးမွန် ဆိုသည်မှာ ရှမ်းဘာသာအသုံးအနှုန်းဖြစ်ပြီး
နွားဖြူတို့ရဲ့ဂူဟု ဆိုနိုင်ပါလေသည်။ ဂူဝတွင် အောက်ခြေတွင် ပေ သုံးဆယ်ခန့် ကျယ်ဝန်းပါလေသည်။
အထက်သို့ ပေငါးဆယ်ခန့် မြင့်ပါလေသည်။ အရှေ့ဘက်မှာ လက်ယာဘက်အောက်ခြေသို့ ကွေ့ဝိုက်သွားရပါလေသည်။ ယခင်က ဘုန်းကြိးအိုကြီး လက်ထက်တွင် ဂူပေါက်ဝကို ပိတ်ပစ်ခဲ့ရာ ရုပ်ပွားတော်ကြီးရဲ့ နောက်ကျော အောက်ဘက်သို့ဆယ်တောင် ခန့်သာ ဂူပေါက်ဝ ကျန်ရစ်ပါတော့လေသည်။ အနောက်ဖက်တွင် အတွင်းပိတ်ဂူ ကျန်ရှိနေမည်ဟု
ထင်ပါသည်။ ထိုဂူကို အဘယ်ကြောင့် ပိတ်ခဲရသနည်း အထဲမှာဘာတွေရှီမည်နည်း တွေးစရာတွေက ထွက်လို့လာပါသည်။
@yadanar
photo-google image