နားကပ်ပန်ဖို့ အတွက် နားတွေ ဖေါက်ရပါတယ် တစ်ချို့လည်း အခြားနေရာတွေဖေါက်ကြပါတယ်
ဘယ်နေရာကိုဖေါက်သည်ဖြစ်ပါလေစ ကိုယ်ဖေါက်ထားတဲ့နေရာသည် အဆင်ပြေပြေအသုံးပြုနိုင်ဖို့
လိုအပ်ပါလေသည်။ အဲ့ဒီလိုအသုံးပြုနိုင်ဖို့အတွက် အစကောင်းမှအနှောင်းသေချာဆိုသလိုပင်
အစပြု ဖေါက်တုန်းက သေချာ သပ်ရပ်မှု ရှိဖို့လိုပါလေသည်။ နားပေါက်ဖောက်တာနှင့် သူ့ကို ထိန်း
သိမ်း စောင့်ရှာက်တာကို ပြောပြပါမည်။ နားဖေါက်ရာတွင် အပ် ကို အသုံးပြုပြီး ဖောက်ခြင်းနှင့်
အချွန်ပါသောနားကပ်သံမှို ကိုအသုံးပြုပြီး ဖောက်ခြင်းကိုတွေ့ရမည်ဖြစ်ပါသည်။ အပ်ကို အသုံးပြု
ဖေါက်တာကတော့ နားဖေါက်သူအတော်များများအသုံးပြုကြပါတယ်နားဖေါက်ပြီးတဲ့အခါ အချို့က
အပ်ချည်ကြိုးကို ကြိုတင်ထည့်သွင်းထားပါတယ် တဖြည်းဖြည်းအနာကျက်လာသောအခါမှသာ
ထိုနေရာတွင် ၀တ်ဆင်မည့်အရာအား အစားထိုးကြသည် အချို့လည်း တစ်ခါတည်း ၀တ်ဆင်လို့
ရသော ဖေါက်တံပါသည့် နာကပ်အား ၀တ်ဆင်ကြသည်။ သနက်နှင့် ပစ်ဖေါက်သော အရာများလည်း
ခုအခါ လူအတော်များများအသုံးပြုလာကြပါသည်။ ထိုအရာသည် အလွန် စမက်ကျသောကြောင့်
အသုံးပြုသူများပြားပါသည်။ အပ်ကိုအသုံးပြုသူမရှိသလောက်ဖြစ်သွားပါပြီ ဘယ်လိုနည်းလမ်းကို
အသုံးပြုသည်ဖြစ်စေ မိမိအသုံးပြုသောအရာနှင့် အဆင်ပြေစေရန်သာအရေးကြီး ပါလေသည်။
အရေးအကြီးဆုံးကတော့ ကိုယ်ဖေါက်ထားသောနားကို သန့်ရှင်းသပ်ရပ်စွာ ထားတက်ဖို့ဘဲဖြစ်ပါသည်။
သန့်ရှင်းအောင် မထားနိုင်ရင်တော့ ပိုးဝင်မှာဘဲဖြစ်ပါလေသည်။ထိုသို့မဖြစ်အောင် ဂရုစိုက်လို့အစ
ကောင်းအောင် လုပ်ဆောင်သင့်ပါလေသည်။
@yadanar
Images credit - https://pixabay.com