ဟိုစဉ်အချိန်ခါတုန်းကတော့ ဒီလောကကြီးမှာ
လူတွေ ဒီလောက်မများခဲ့ပါဘူး
အတ်တတွေ လောဘတွေလည်း ဒီလောက်
မများခဲ့နိုင်ပါဘူး အားလုံးက အေးချမ်း
တည်ငြိမ်စွာ ရှင်သန်ခဲ့ကြတာဘဲပေါ့
မတိုးတက် မထွန်းကားသေးတဲ့
ခေတ်ကာလမှာ သဘာဝတရားက
မျက်နှာသာ ပေးခဲ့မှာပေါ့
အစားအစာ နေစရာတွေ
ပေါကြွယ် ၀ခဲ့လိမ့်မယ်
တိုးတက်ထွန်းကားလာတဲ့ ဒီအချိန်ကာလမှာ
အသက်ရှင် နေထိုင်ဖို့ ခက်ခဲလာတယ်
နေရာမယူတက်သူအတွက်
နေရာမရှိဘူး နေရာရသူအတွက်
အရာရာဟာ လမ်းဖြောင့်လို့နေပြီလေ
ဘယ်အရာက အမှန်တရားလဲ
မမေးတက်တော့ပါပြီ
@yadanar
photo-google image