တောင်ကြီးမြို့မှ အရှေ့ဘက်အရပ်သို့ ဆယ်မိုက်ကျော်ကျော်အကွာတွင် ဟိုပုံးမြို့တည်ရှိပါလေသည်။
အဆိုပါ လမ်းမပေါ်ရှိ အမှတ်ကိုး မိုင်တိုင်ရဲ့ ဘယ်ဘက်တွင် တောင်မြောက် တန်းနေသော ထုံးကျောက်
တောင်မကြီး နှစ်လုံး စဉ်လျှက်တည်ရှိရာ ပထမတောင်ကို အရပ်အခေါ် ဦးဂန်နမာတောင် လို့လည်း
ခေါ်ကြပါလေသည်။ မြောက်ဘက်ရှိသော ဒုတိယတောင်အား ဦးအုတ်တမတောင်ဟု ခေါ်ကြပါလေသည်။
ဦးဂန်နမာတောင်ရဲ့ အနောက်ဘက် မျက်နှာစာတွင် ပေ တစ်ရာ့ ငါးဆယ်ကျော်မြင့်သော ကျောက်နံရံကြီး
ပေါ်ထွန်းလျှက်ရှိပါလေသည်။ ထိုကျောက်သားမျက်နှာပြင်ရဲ့ အခြေတွင် ထမ့်ဝိုးမွန် ဘုရားကိန်းဝပ်တော်
မူပါလေသည်။ ထိုဂူကို ၀လမ်းဝိုးမွန်ဂူလို့လည်း ခေါ်ကြပါလေသည်။
ဒန်နာရီ ပုံပြင်လာအရ အဆိုပါ ထုံးကျောက်တောင် ဂူကြီးသည် ရှေးယခင်က တောင်ကြီးမြို့ အနောက်တောင်ဘက်ရှိ မုန်တ၀ဂူ ပင်းတယမြို့ရှိ ရွှေဥမင်ဂူနှင့် ပုဂံနေပြည်တော် တို့အထိ ခရီးပေါက်ရောက်သည်ဟု ဆိုစမှတ် ပြုခဲ့ကြပါလေသည်။ အဆိုပါ ထုံးကျောက်တောင်ဂူကြီးအတွင်း
ကောင်းကင်တွင် ပျံသန်းနိုင်သော နွာ့းပျံညီနောင်တို့ နေထိုင်ကြပါလေသည်။ တစ်နေ့သောအခါ
ဦးဂန်နမာတောင်ခြေတွင် မုဆိုးမကြီး တစ်ဦး စိုက်ပျိုးထားသော ယာခင်းကို အဆိုပါ နွားပျံညီနောင်တို့က
ဝင်ရောက်ဖျက်ဆီး စားသောက်ပြစ်ကြပါလေသည်။ မုဆိုးမကြီးရဲ့သားများက လိုက်လံပြစ်ခက်မောင်းထုတ် သောအခါ နွားပျံညီနောင်တို့က ထုံးကျောက်တောင်ဂူကြီး အတွင်းသို့
ဝင်ရောက်ပျောက်ကွယ်သွားပါသတဲ့ ထိုအခါမှ အဆိုပါ ကျောက်တောင်ခြေတွင် ထုံးကျောက်တောင်
ဂူကြီးတစ်ခု တည်ရှိနေမှန်း ဒေသခံများက သိရှိသွားကြပါသတဲ့
ထမ်းဝိုးမွန်ဂူဘုရား
မူရင်းရေးသားသူ ဦးဒေါနဖြစ်ပါလေသည်။ ထိုအကြောင်းအရာများအား ကိုးကားထည့်သွင်းရေးပါသည်။
@yadanar
photo-google image