ဆေးနည်းကောင်တစ်ခုကို မျှဝေပေးမည်ဖြစ်ပါသည်။
ယခုလိုမိုးရာသီတွင် ၀မ်းလျှောခြင်းနဲ့ ၀မ်းပျက်ခြင်းတို့ အဖြစ်များကြပါလေသည်။
ဝမ်းလျှောဝမ်းပျက်ခြင်းအကြောင်းဖြစ်သည်။ ၀မ်းလျှောခြင်းကို လူတိုင်းနီးပါး
ဖြစ်ဖူးကြပါသည်။ များသောအားဖြင့်တော့ ကိုယ်စားသုံးသော အစားအသောက်
မှားယွင်းခြင်းများကြောင့် ဖြစ်ရတက်ပါသည်။ ဥပမာ ယင်နားထားသော အမှည့်
လွန်အသိးများ လွန်ကဲစွာ စားသုံးမိခြင်း မိုးရာသီ အချိန်အခါ မသန့်ရှင်းသော အ
သုပ်စုံများကြောင့်လည်း ၀မ်းလျှောတက်ကြပါတယ်
ဝမ်းလျှောသည့်အခါ အသက်ကြီးသူများမဆိုထားနဲ့ ငယ်ရွယ်သူများပင် ငါးကြိမ်အထက် ရောက်လာလျှင် အားအင်ကုန်ပြီး ခြေလက် မသယ်ချင် အောင်
ဖြစ်လာတက်ပါသည်။ ၀မ်းလျှော ခြင်းကို ကုသသည့် ထက်မြက် လွယ်ကူသော ဆေးနည်း ကောင်းများစွာကို စာရေးသူကိုယ်တိုင်လည်း ဖတ်မှတ်သိပြီး လက်တွေ့
လည်း သုံးစွဲဖူးပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုအရပ် ဒေသ တစ်နေရာနှင့် တစ်နေရာတော့ မတူညီ ကွဲပြား
ခြားနားသော ကုသနည်းပေါင်းများစွာ ရှိနေမည်သာဖြစ်သည်။ ထိုမတူညီသော
ကုသနည်းများထဲမှာ ကွဲပြားပြိး လူသိနည်းသော ကုထုံး တစ်ခုတင်ပြလိုပါသည်။ စာရေးသူတို့ အညာဘက်မှာတော့ အသုံးများလှပါလေသည်။ ဘာကြောင့် ဆို
သော် အညာဘက်မှာ ဒီဆေးရရန်အတွက် အလွန် လွယ်ကူလို့နေသောကြောင့်
ဖြစ်ပါလေသည်။ နည်းမှာ ချဉ်ပေါင်အစေ့ လက်တွင်း တစ်ဆုပ်ခန့် ကို သံဒယ်အိုး
ကင်းတွင် ထည့်လှော်ပါ ချဉ်ပေါင်စေ့လှော်အနံ့သင်းလာလျှင် ဖိုပေါ်မှ ချပြီး
ထိုချဉ်ပေါင်စေ့လှော်ကို သန့်စင်သော ဆုံတွင် ထောင်းပါ ချဥပေါင်စေ့လှော်ထောင်းပြီးသား အမှုန့် ဟင်းသောက်ဇွန်း တစ်ဇွန်းစာကို ရေနွေးကြမ်းဖန်ဖန် လက်ဖက်ခြောက်များများ ခက်ထားသော နှင့်ဖျော်ပြီး
သောက်ပေးရပါသည်။ တစ်ခွက်သောက်ပြီးလျှင်ပင် ၀မ်းလျှောမှု အကြိမ်ရေကို
သိသာစွာလျေ့နည်းသွား စေပြီး သုံးခွက်ထက် ပိုမသောက်ရဘဲ ၀မ်းလျှောမှုကို
လျင်မြန်စွာ ရပ်တန့်သွားစေနိုင်ပါသည်။ ဒါလေးကို မှန်သားထားမယ် ဆိုရင်တော့ ဘ၀မှာ တစ်နေရာလောက်တော့ အဆင်ပြေအသုံးဝင် ကူညီနိုင်လိမ့်မယ်ဆိုတာ သေချာပါသည်။ အားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
@yadanar
photo-google image