ဒီနေရာက ဘိုးဘွားလက်ထက်ကတည်းက စည်ပင်ဝပြောလာခဲ့တယ်
ဂူပေါက်ဝ တည့်တည့်တွင် နှစ်ဆယ့်ငါးပေခန့်မြင့်သော ဥာဏ်တော်ရှိသည့် ထမ့်ဝိုးမွန် ဘုရားရုပ်ပွားတော်ကြိးအား ထုဆစ် ပူဇော်
ထားပြီး လက်ဝဲနှင့်လက်ယာဂူနရံတို့တွင် တစ်ရာသုံးဆယ့် ခုနှစ်ဆူသော ရုပ်ပွားတော်များအား ရပ်တော်မူ ထိုင်တော်မူ လျောင်းတော်
မူ စသည်ဖြင့် အထူးထူးသော မုဒြာများဖြင့် သူ့နေရာနှင်ပ သူ အချိုးကျ စွာ ထုဆစ်ပူဇော်ထားပါလေသည်။ ဂူပေါက်ဝအား ပိတ်ငုံပြီး
ဘုရားကျောင်းဆော်င အဖြစ် တည်ဆောက်ထားပါလေသည်။ ဂူကျောင်းတော် တောင်ဘက်ကပ်လျှက် ကျောက်တော်ကြီးရဲ့ မျက်နှာ
တော်တွင် နွားပျံညီနောင်ရဲ့ ရုပ်တုကို ထူဆစ်ထားပါသည်။ စပါးတောင်းနှင့် သောက်ရေခွက်များ စီစဉ်ပေးထားသည် ကို တွေ့မြင်
ရပါလေသည်။ ထိုနွားပျံညီနောင်အား ထုဆစ်သည့်အချိန်မှ စပြီး ထိုဘုရားတွင် လှူသောသူများ အလွန်များပြားလာသည် ဟု ဆို
ပါလေသည်။ ဂူပေါက်ဝအောက်ဘက်ရှိမြေထိန်းနံရံနှင့် အုတ်လှေကားရှည်ကြီး ဆွမ်းစားကျောင်းဆောင်နှင့် ပင်မဘုရားကျောင်း
ဆောင်ကြီး များကို ပြုပြင်မွမ်းမံနိုင်ခဲ့သည်ဟု ဆရာတော်က ပြောပြပါလေသည်။
နွားပျံညီနောင် ရုပ်တုရဲ့ တောင် ဘက်အရပ် ကျောက်ဆောင် ဆွယ်ပေါ်တါင် တစ်ထောင့်သုံးရာလေးဆယ့်နှစ် ခုနှစ်က တည်ထားကိုး
ကွယ်ခဲ့သော သီလငါးပါး စေတီငယ်တစ်ဆူနှင့် အရံစေတီ သုံးဆူကို ဖူးမြော်ခဲ့ရပါလေသည်။ စေတီဒကာမှာ ဦး ဘအောင် ဒေါ်မူးဖရီ
တို့ဖြစ်ကြောင်း ရေးထိုးထားပါလေသည်။ သီလငါးပါး စေတီရဲ့ တောင် ဘက် အရပ်တွင် ကျောင်းထိုင် ဆရာတော်နှင့် ကိုရင်ကြိးတို့
သီတင်းသုံးသော ကျောင်းဆောင်ငယ်နှစ်လုံးကို ကျောက်သားနံရံကြီးနှင့် ကပ်လျှက်တည်ဆောက်ထားပါလေသည်။
ကိုရင်ကြီးရဲ့ ကျောင်းမှောတင်ဘက်အရပ်သို့ မျှော်ကြည့်သော် နှစ်ောထင့်ခြောက်ခုနှစ်က ပင်းပက်သံမဏိစက်ရုံမှ ၀န်ထမ်းများ စုပေါင်းတည်ထားသော ရွှေပြည်အောင် ချမ်းသာ စေတီတော်မြတ်ကို ဖူးမြော်ရမည်ဖြစ်ပါလေသည်။ အဆိုပါရွှေပြည်အောင်ချမ်းသာ
စေတီတော်မြတ်ကို တည်ထားသော သဲတောင်ကုန်းပေါ်တွင် မူလကေ၇ှးဟောင်း စေတီအောင်ချမ်းသာ စေတီတော်ကို တည်ဆောက်ရန် မြေညှီရာတွင်ေ၇ှးဟောင်းစေတီတော်အခြေမှ ဓါတ်တော်များကို တွေ့ရှိခဲ့ရာ အဆိုပါေ၇ှးဟောင်းစေတီ
ငယ်အား အောက်တွင်ပင် ပြန်လည် ဌာပနာခဲ့ကြသည်ဟုသိရပါလေသည်။
@yadanar
photo-google image