လူ့လောကတွင် နယ်ကူးမည်ကြံကာတွေးနေတုန်း နယ်ခံကဒဏ်ပေးတော့ ကံကမပေးသေးပေါ့
ရဟန်းလောကမှာလည်း နယ်ကူးမယ်ကြံ နယ်ခံက ဒဏ်ပေးတော့ ကံကလည်းမပေးသေးပါလား
မမြင်နိုင်တဲ့ ထိုနယ်ခံနှင့် တောဝင်ရန်ကြံသော သင် နယ်ပန်သမားတို့လက်ထဲ လာပလေ့စေ
နေပေါ့လေ လွယ်လွယ်လေးနဲ့တော့ လက်လျှော့မယ့်သူများမဟုတ်ပါလေပေါ့။
အကောင်းလာပေးပေး အကောင်းဆုံးဘဲ လာကျွေးကျွေး ကျွေးသမျှစားမယ်လို့ လွယ်လွယ်လက်ခံ
ကြမည်လည်း မဟုတ်ပါလေ။ တောနှင့်သင် အကျွမ်းမ၀င်ခင် ဒီအ၀င် ဒီအစတွင်ပေါ့ သင်က သူတို့ရဲ့
အမွှေ ပေကျင့်နေက ပေပွင့်ကို နုတ်လွှင့်ပစ်ကြမည်သာ။ သင်ကသူတို့အပေ ပြန်တေက သင့်အတွက်
ဖျက်ပစ်ကြမည်သာပေါ့။ တစ်ခါတစ်ရံတော့ သည်နေရာက သင့်နေရာမဟုတ် ကြာကြာနေ သင့်အသက်
သေလို့သွားနိုင်တယ် အိပ်မက်ပေးကြလိမ့်မယ် တစ်ခါတစ်ရံတောပ ဒေသတွင်းမှာ သင်တရားမရသည့်
အပြင် သင့်အတွက် ဘေးပါတွေ့နိုင်တယ် အိပ်မက်ပေးကြလိမ့်မယ်ပေါ့။
ထိုအခါသင့်အတွက်ဘာမှ ပြန်မဖွင့်ပြောနိုင်ခင် အကျင့်ဖြင့်သာ စစ်လမ်းဖွင့်လို့ ပေးလိုက်ရမည်ပေါ့။
ဘာမှမတုံမပြန့် ငုံ့ခံဖို့သာ ပြင်ခဲ့ပါလေတော့လေ။ နှုတ်က ဘာမှ ပြန်မဖွင့်ပြောခင်မှာ အကျင့်ကိုတော့
သင့်သွားရာလမ်းပြမြေပုံအဖြစ်သုံးခဲ့ပေါ့။သစ်ရွက်ခြောက် ကောက်ပုံထားသလိုပါဘဲ သင့်ကို တို့ကြစကြ
လေဦးမည်ပေါ့ အလကားအချိန်ဖြုန်းပြနေတာဘဲ ဖြစ်လိမ့်မယ်လို့ သင့်ကို စနောက်ကြပေလိမ့်မည်။
တစ်ခါတစ်ရံမှေးခနဲ အသွား မကြားတကြားပြောပါ့မယ်။ ဒါပေမယ့် ဒီအခါ သင့်စိတ်ထားလေးတွေက
ဘယ်သို့ဘယ်ပုံ ရှိပါလိမ့်။ သင့်စိတ်တံခါးဖွင့်မပေးခဲ့သော် သင့်အတွက် အနှောက်အယှက် မဖြစ်လေပြီ
သင့်သီလကားအကျင့်ကြား ဖွံ့ထွားလို့လာလိမ့်မယ်နော်။ သင့်သီလက သင့်အကျင့်နှင့် အတူဖြူသထက်ဖြူ
လာနေပြီ။ အကျင့် ကျင့်နေသူရဲ့ သီလသည်။ ရပ်တန့်လို့ ကျန်မနေခဲ့သင့်ပါဘူး။ အကျင့် ကျင့်နေသူရဲ့
သမာဓိလည်းငြိမ်ကျန် မနေခဲ့တက်။ အကျင့်ကျင့် နေသူမှာ ပညာသည် လည်း ထိမ်ကျန်မနေခဲ့တက်ပါ
ဘူး။ မပြည့်သေးလို့သာ မသိသေးဖြစ်နေရဲ့။ သတိမှ ရရဲ့လား ။သတိကတော့ အမြဲဆောင်ထားအပ်
သော တရားအမှန်ဖြစ်ခဲ့လေမည်။
@yadanar
Images credit - https://pixabay.com