တကယ်တမ်းတော့ သူတို့လုပ်သမျှ သင်ကငုံ့လို့ ခံနေတော့တာဘဲ သူတို့သည်ကား
လက်လှန်သွားကြ လေပါဦးမည် တစ်ရံတစ်ခါ အရိပ်အယောင် ပြများဖြင့် ဆင့်ကဲလို့
လာကြပေဦးမည်။ တစ်ခါတစ်ရံတော့ လူသံများ ဆူညံလို့နေပေမည်။
တစ်ခါတစ်ရံတော့ မကောင်းသော အနံ့အသက်တို့နဲ့ ရောက်လာတက်ပေသည်။
အကြွေးမကင်းသူများ စာရင်းအရှင်း ခံကြရပါဦးမည်။ အောင်ချက်ပိုင်မည့် သူများ
အကိုင်ခံကြရပါဦးမည်။ သင့်စိတ်သို့ ရောက်လာသောအရာတွေသည် အပိုများသာ
ဖြစ်လို့နေပေမည်။
ဒီအတိုင်းသာဆိုလျှင် ဒီနေရာမှာ ငါသည် ဆက်လို့နေသင့်ပါရဲ့လား ငါ့ရဲ့ အကျင့်များ
သည် မှားယွင်းလေရော့သလား ထွေးရောနေတဲ့ ကောင်းစိတ် မကောင်းစိတ်တို့သည်
အနိုင်နှင့်အရှုံးကို လွန်ဆွဲလို့နေကြလေပြီ အတွေးများ ရိုင်လဲမည့် အချိန်ကောင်းကို
စောင့်နေကြလေပြီ
အချို့ စိတ်စိတ်ချင်းပင် ရန်ဖြစ်နေတက်ကြသေးသည်။ အချို့က စိတ်စိတ်ချင်းပင်ပြိုင်
ဆိုင်လို့နေတက်ပြန်လေသည်။
အမှတ်သညာမကင်းသော အမှတ်ကင်းသော အတွေးများက တသီတစ်တန်းကြီး တန်းစီလို့ ၀င်ရောက်လာနေကြသည်။
တော်ပါတော့ဆိုလေ ပိုကဲလေ ရပ်ပါတော့ တောင်းပန်မှ ပိုလို့ပင်သွက်နေပြန်တော့
သည်။ အချိန်တွေကြာလေသော် မျက်စိမှိတ်ရန်အတွက်တောင် ၀န်လေးလို့လာရသည်။ အခွင့်အရေးတို့က မပေးလေပြီ လှော်ရင်းနဲ့ နစ်ကြရမည့်
အခြေအနေသာတည်း။ လှော်ရင်းနဲ့ တက်ပျောက်ပြီလေ။ လှေခွက်ချည်းကျန်လည်း
အလံ မလွှင့်နိုင်တော့လေပြီ။
ဘယ်သူမှ နားလည်မပေးတက်လဲ ကိုယ့်စိတ်လေးကို နားလည် ပေးကြရတော့မည်
အချိန်တို့သည် ကုန်ဆုံးလျှက်ရှိလေသည်။ မကြာခင် နေ၀င်ပါတော့မည်။ အမှောင်ထုတို့သည် လွှမ်းခြုံလို့လာလေတော့မည်။ မည်းမည်းမြင်ရာ ရန်သူထင်ရ
တော့မည့် ညနက်အချိန်သည် တိတ်ဆိတ်ခြင်းတို့ မင်းမူလို့လာနေပြီ ကြောက်တက်
သော အတွင်းစိတ်ကို ဟန်ဆောင် မျက်နှာဖုံးလေးတစ်ချပ် ခပ်ပါးပါး တပ်ဆင်လို့ပေးထားမိလေပြီ။
@yadanar
photo-google image